unicode . . .
မွေးနေ့အလှူလေးအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတဲ့ ဝေလာရီ
နှင်းဆီ ရုပ်သံဇာတ်လမ်းတွဲထဲက”မော်” အဖြစ်နဲ့ ပရိသတ်အချစ်ကို သိမ်းပိုက်ခဲ့သူ မင်းသမီးချောလေးဝေလာရီကတော့ မကြာခင်မှာရောက်ရှိတော့မယ့် သူ့ရဲ့မွေးနေ့လေးအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေပြီဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။
လာမယ့် အောက်တိုဘာလ(၁) ရက်နေ့ကတော့ ဝေလာရီရဲ့မွေးနေ့ကျရောက်တဲ့နေ့လေးပါ။ သူ့ရဲ့မွေးနေ့မှာ လှူဒါန်းသွားမယ့်ပစ္စည်းတွေကတော့ ဆန်(၁၀) အိတ်၊ ဆီဘူ း(၁၀၀) ၊ Cootle မုန့် Packing (၂၀၀) ကျော်၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ Cook နေကြာဆီ (၃) ပိဿာ ငါးဘူး၊ Gold Roast Coffee X-Tra Creamy Packing(၃၀၀) ကျော်၊ Jasmine သောက်ရေသန့်ဘူး(၆၀၀) ကျော်၊ Kami မုန့် Packing (၁၀၀) ကျော်၊ Ve Ve အချိုရည်ဘူးပေါင်း(၅၀၀) ကျော်၊ Pep နို့ဘူး(၃၀၀) ကျော်၊ Hand Gel နဲ့ Alcohol Spray Size စုံဘူး(၅၀၀) ကျော်နဲ့ အလှူငွေတွေ ပါဝင်မယ်လို့ သိရပါတယ်။
မွေးနေ့အလှူလေးအနေနဲ့ စည်ပင်ဝန်ထမ်းများ၊ အနှေးယာဉ်မောင်းများ၊ လမ်းပေါ်မှာတွေ့တဲ့သက်ကြီးရွယ်အိုများ၊ ကလေးငယ်များကို လှူဒါန်းပေးဖို့အတွက် လူအယောက်(၂၀၀) စာပြင်ဆင်ထုတ်ပိုးမှုတွေ လုပ်နေပြီဖြစ်ပြီး ကျန်တဲ့အလှူပစ္စည်းတွေကိုတော့ ဖောင်ကြီး Covid-19 ကုသရေးဌာနနဲ့ ရီမာ ပရဟိတကျောင်းတို့ကို လှူဒါန်းပေးသွားမှာပါတဲ့ ပရိသတ်ကြီးရေ မွေးနေ့မှာ အလှူပစ္စည်းတွေ အများကြီးလှူဒါန်းပေးသွားမယ့် ဝေလာရီရဲ့မွေးနေ့အလှူလေးကတော့ တကယ်ကိုအားရစရာပါပဲနော်။Source – Wai Lar Ri