ဆင္းရဲေသာႏိုင္ငံမ်ား ကိုဗစ္စစ္ေဆးကိရိယာတစ္ခု ၅ ေဒၚလာျဖင့္ အခုေရ သန္း ၁၂၀ ရရွိမည္

ဆင္းရဲေသာႏိုင္ငံမ်ား ကိုဗစ္စစ္ေဆးကိရိယာတစ္ခု ၅ ေဒၚလာျဖင့္ အခုေရ သန္း ၁၂၀ ရရွိမည္

ဝင္ေငြနည္းနဲ႔ ဝင္ေငြ အလယ္အလတ္ရွိ ႏိုင္ငံေတြအတြက္ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါ အလ်င္အျမန္ စစ္ေဆးစမ္းသပ္ႏိုင္တဲ့ ကိရိယာေတြ တစ္ခုကို အျမင့္ဆုံး ကန္ေဒၚလာ ၅ ေဒၚလာႏႈန္းနဲ႔ အခုေရ သန္း ၁၅၀ ရရွိေရး ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က တနလၤာေန႔မွာ ေျပာဆိုလိုက္တယ္လို႔ သိရပါတယ္။

သယ္ေဆာင္ရ အလြန္လြယ္ကူကာ၊ COVID-19 ေရာဂါကို လြယ္ကူလ်င္ျမန္စြာ စစ္ေဆးေဖာ္ထုတ္ႏိုင္မယ့္ ယင္းကိရိယာသစ္ ၁၂၀ သန္းကို ေျခာက္လအတြင္း ထုတ္လုပ္ေပးဖို႔ ထုတ္လုပ္ေရး ကုမၸဏီ Abbott & SD Bioensor က Bill & Melinda Gate ေဖာင္ေဒးရွင္းနဲ႔ သေဘာတူညီခ်က္ရထားခဲ့ေၾကာင္း WHO အေထြေထြအတြင္းေရးမႉး တက္ဒ႐ို႕စ္ အက္ဟာႏြန္ ဂီဘရီယာဆပ္က ေျပာဆိုပါတယ္။ လက္ရွိမွာ စမ္းသပ္စစ္ေဆး ကိရိယာတစ္ခုရဲ႕ ေစ်းႏႈန္းက ၅ ေဒၚလာျဖစ္ေပမယ့္ ဒီထက္ အဖိုးအခ်ခ်ိဳသာဖို႔ ေမွ်ာ္လင့္ထားေၾကာင္းလည္း ဂ်ီနီဗာမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ၎က ေျပာဆိုပါတယ္။

ယင္း antigen test စနစ္ဟာ ဓါတ္ခြဲခန္းေတြ မလိုအပ္သလို နာရီမ်ားစြာ သို႔မဟုတ္ ရက္မ်ားစြာ အခ်ိန္မေစာင့္ရဘဲ ၁၅ မိနစ္အတြင္း ရလဒ္ထြက္ရွိမွာျဖစ္ကာ စမ္းသပ္စစ္ေဆးမႈေတြ က်ယ္က်ယ္ျပန႔္ျပန႔္လုပ္ေဆာင္ႏိုင္ဖို႔အကူအညီျဖစ္ေစေၾကာင္းနဲ႔ ကိုယ္ဝန္ရွိ မရွိ စစ္သလိုပဲ ႐ိုးရွင္းလြယ္ကူေၾကာင္း သိရပါတယ္။ crd-အကုန္သိ

unicode . . .

 

ဆင်းရဲသောနိုင်ငံများ ကိုဗစ်စစ်ဆေးကိရိယာတစ်ခု ၅ ဒေါ်လာဖြင့် အခုရေ သန်း ၁၂၀ ရရှိမည်

ဝင်ငွေနည်းနဲ့ ဝင်ငွေ အလယ်အလတ်ရှိ နိုင်ငံတွေအတွက် ကိုရိုနာဗိုင်းရပ်စ် ရောဂါ အလျင်အမြန် စစ်ဆေးစမ်းသပ်နိုင်တဲ့ ကိရိယာတွေ တစ်ခုကို အမြင့်ဆုံး ကန်ဒေါ်လာ ၅ ဒေါ်လာနှုန်းနဲ့ အခုရေ သန်း ၁၅၀ ရရှိရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO) က တနင်္လာနေ့မှာ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

သယ်ဆောင်ရ အလွန်လွယ်ကူကာ၊ COVID-19 ရောဂါကို လွ ယ်ကူလျင်မြန်စွာ စစ်ဆေးဖော်ထုတ်နိုင်မယ့် ယင်းကိရိယာသစ် ၁၂၀ သန်းကို ခြောက်လအတွင်း ထုတ်လုပ်ပေးဖို့ ထုတ်လုပ်ရေး ကုမ္ပဏီ Abbott & SD Bioensor က Bill & Melinda Gate ဖောင်ဒေးရှင်းနဲ့ သဘောတူညီချက်ရထားခဲ့ကြောင်း WHO အထွေထွေအတွင်းရေးမှူး တက်ဒရို့စ် အက်ဟာနွန် ဂီဘရီယာဆပ်ကပြောဆိုပါတယ်။လက်ရှိမှာ စမ်းသပ်စစ် ဆေး ကိရိယာတစ်ခုရဲ့ ဈေးနှုန်းက ၅ ဒေါ်လာဖြစ်ပေမယ့် ဒီထက် အဖိုးအချချိုသာဖို့ မျှော်လင့်ထားကြောင်းလည်း ဂျီနီဗာမှာ ပြုလု ပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၎င်းက ပြောဆိုပါတယ်။

ယင်း antigen test စနစ်ဟာ ဓါတ်ခွဲခန်းတွေ မလိုအပ်သလို နာရီများစွာ သို့မဟုတ် ရက်များစွာ အချိန်မစောင့်ရဘဲ ၁၅ မိနစ်အတွင်း ရလဒ် ထွက်ရှိမှာဖြစ်ကာ စမ်းသပ်စစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့ အကူအညီဖြစ်စေကြောင်းနဲ့ ကိုယ် ဝန်ရှိ မရှိ စစ်သလိုပဲ ရိုးရှင်းလွယ်ကူကြောင်း သိရပါတယ် ။ crd-အကုန်သိ

Tags: