




Unicode . . .

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတစ်လုံးကို မြန်မာငွေကျပ် ၁၂၀,၀၀၀ ဝန်းကျင်ခန့်ကုန်ကျမယ်

တရုတ် National Biotech Group ရဲ့ဥက္ကဋ္ဌ ဇောင်ယန်တောင်က သူတို့နိုင်ငံကနေပြီး ထုတ်လုပ်ရောင်းချမယ့် ကိုဗစ်ဆေးနှစ်မျိုးဟာ သတင်းတွေထွက်ပေါ်နေသလို ဆေးတစ်လုံးကို ယွမ် ၁၀၀၀(မြန်မာငွေ ကျပ်နှစ်သိန်းဝန်းကျင်) ကျသင့်မယ်ဆိုတာမဟု တ်မှန်ဘဲ တစ်လုံးကိုယွမ် ၆၀၀(မြန်မာငွေ ကျပ် ၁၂၀,၀၀၀ ဝန်းကျ င်) လောက်နဲ့ဝယ်ယူလို့ ရနိုင်အောင် သူတို့အနေနဲ့ စီမံနေတယ်လို့ South China Morning Post သတင်းဌာနကို ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလမှာဈေးကွက်ကို စတင်တင်ပို့ နိုင်မှာဖြစ်ပြီး လက်ရှိမှာ ကိုဗစ်ထိုးဆေး ထွက်လာခဲ့ရင်တောင် ဖွံ့ဖြိုးပြီး နိုင်ငံတွေက အလုံးရေပေါင်း သန်းချီဝယ်ယူထားပြီးဖြစ်လို့နိုင်ငံငယ်တစ်ချို့ဟာ ဆေးရဖို့အတွက် အချိန်ကာလတစ်ခုကြာ စောင့်ဆိုင်းရမယ့်သဘောမျိုး ရှိနေပါတယ်။

စထုတ်လုပ်ခြင်းမှာ တစ်နှစ်ကို သန်း ၆၀၀ သာထုတ်လုပ်နိုင်မှာဖြ စ်ပြီး ၂၀၂၁ကုန်ရင်တော့ တစ်နှစ်ကို 1Billion ထုတ်လုပ်နိုင်မ ယ်လို့သိရပါတယ်။ ဆေးရရှိဖို့ကတော့ မြန်မာအစိုးရရဲ့ ကြိုးပမ်းချက်နဲ့ တရုတ်ရဲ့အိမ်နီးချင်းကောင်းပီသမှုပေါ်မှာ မူတည်နေတယ်လို့လည်း သိရပါတယ်။crd-South China Morning Post via-Zaw Myo Thein

Tags: