unicode . . .
ကမ္ဘောဇဘဏ် မှ စဝ်စံထွန်းဆေးရုံကြီးသို့ COVID-19 ရော ဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေကျပ်သိန်း(၂ဝဝ) ပေးအပ် လှူဒါန်း
ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကျန်းမာရေးဝန် ထမ်းများနှင့် စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးသို့ COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းခြင်းကို စက်တင်ဘာလ(၂၉)ရက်နံနက်ပိုင်းက တော င်ကြီးမြို့ရှိ ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီရုံးတွင် ကျင်းပခဲ့ပါသည်။
ရှေးဦးစွာကမ္ဘောဇအုပ်စုအကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က လှူဒါန်းရခြင်း အကြောင်း ရှင်းလင်းပြောကြားပြီး၊ ကျန်းမာ ရေးဝန်ထမ်းများအတွက် COVID-19 ကာလ အထွေထွေ အ သုံးပြုနိုင်ရန် အလှူငွေကျပ်သိန်း(၂၀၀)နှင့် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ကျန်းမာ ရေးဦးစီးဌာနမှူး နှင့် စဝ်စံထွန်းဆေးရုံအုပ်ကြီးတို့က လက်ခံရယူကြကာ၊ ပြည်နယ်လူမှုရေးဝန်ကြီး က ကျေးဇူးတင်စကား ပြန်လ ည်ပြောကြားခဲ့ပါသည်။
ယခုလှူဒါန်းမှုသည် ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်သွားရောက် အားဖြည့်ကြသည့် ရှမ်းပြည်နယ်(တောင်ပိုင်း ) မှ ကျန်းမာရေးဝန်ထမ်း (၇၀)ဦးအတွက် အလှူငွေကျပ်(၁၅၀) သိ န်း၊ စဝ်စံထွန်းဆေးရုံကြီးရှိ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)မှ ကျန်းမာရေးဝန်ထမ်း (၁၅)ဦးအတွက် အလှူငွေကျပ် သိန်း(၅၀)၊ စုစုပေါင်းငွေကျပ်သိန်း(၂၀၀)နှင့် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ COVID-19 ရောဂါ ကာကွယ်ရေး အ ထောက်အကူပြုပစ္စည်းများ ဖြစ်သည့် ဆေးရုံသုံး Mask အခုရေ(၁)သိန်း၊ခေါင်းစွပ်(၅၀၀၀)ခု၊မျက်နှာအကာFace Shield (၂၀၀၀)ခု၊ လက်အိတ် (၁၀၀၀၀)ခု၊ Hand Gel ဘူးကြီး (၅၀၀)ဘူး၊ မျက်မှန်(၁၀၀)ခုနှင့် PPE ဝတ်စုံ(၂၀၀)တို့ဖြစ်ကြော င်း သိရပါသည်။
ကမ္ဘောဇဘဏ်အနေဖြင့် COVID-19 ရောဂါ မဖြစ်ပွားခင်အ ချိန် ဖေဖေါ်ဝါရီလ(၂၆)ရက်မှ စတင်ပြီး COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငွေကျပ် သိန်း ၇၃,၄၆၆ (ခုနှစ်သောင်းသုံးထောင့်လေးရာခြောက်ဆယ့်ခြောက်)လှူဒါန်းထားရှိပြီး၊ နိုင်ငံတော်နှင့် ပြည်သူအတွက် လူမျိုးမရွေး၊ဘာသာမရွေး၊နေရာဒေသမရွေး၊ လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာ၊ လိုအပ်သည်များကို အချိ န်နှင့် တစ်ပြေးညီ စဉ်ဆက်မပြတ် ပေးပို့လှူဒါန်းရန် စီစဉ်ထားရှိကြောင်း သိရှိရပါသည်။source:MRTV