ကိုဗစ် လူနာတွေနဲ့ အလုပ်ရှုပ်နေတဲ့အပြင် အခန်းထဲရောက်နေတဲ့ မြွေတစ်ကောင်ကြောင့် ပိုလို့တောင် အလုပ်များသွားခဲ့ရတဲ့ မင်းသားကြီး ဝေဠုကျော်







unicode . . .

COVID-19 လူနာတွေနဲ့ အလုပ်ရှုပ်နေတဲ့အပြင် အခန်းထဲရော က်နေတဲ့ မြွေတစ်ကောင်ကြောင့် ပိုလို့တောင် အလုပ်များသွားခဲ့ရတဲ့ ဝေဠုကျော်

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဝေဠုကျော်ကတော့ တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါ ဝင်သရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပရဟိတအလုပ်တွေကိုသာ အချိန်ပိုပေးနေတာကြောင့် ဇာတ်ကားတွေ မရိုက်ကူးသလော က်ကို နည်းပါးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

အနုပညာအလုပ်တွေ အရင်လို မလုပ်ကိုင်ဖြစ်တော့ပေမယ့် အများအကျိုး သယ်ပိုးဆောင်ရွက်နေတဲ့ ချစ်ခင်ကြတဲ့ ပရိသတ်တွေက ပိုလို့တောင်များပြားလာခဲ့ပြီး ဝေဠုကျော်ရဲ့ ကောင်းသတင်းကလ ည်း မွှေးပျံ့လို့နေပြီပဲ ဖြစ်ပါတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ ဥက္ကဠလည်းဖြစ်တဲ့ ဝေဠုကျော်ကတော့ လက်ရှိ ကိုဗစ်ကာလမှာလည်း သူ့ရဲ့အဖွဲ့နဲ့အတူတူ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို ကူညီလုပ်ဆောင်နေလျက်ရှိပါတယ်။ နေ့ရော ညပါ အလုပ်တွေကို နားချိန်မရှိ လုပ်ကိုင်နေရတဲ့ ဝေဠုကျော်က ဒီကနေ့မှာလည်း “COVID 19 လူနာတွေလဲသယ်ရ မြွေလဲ ဖမ်းရသေးသဗျ။

သကောင့်သားက ကျွန်တော့်အခန်းထဲက PPE အပုံကြားထဲမှာ ငြိမ့်နေတာလေ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြလာပါတယ်။ဝေဠုကျော်ကတော့ အလုပ်တွေကိုလည်း ဆက်တိုက်လု ပ်နေရတဲ့အပြင် သူ့ရဲ့ အခန်းထဲရောက်နေတဲ့ မြွေလည်းဖမ်းရင်း အလုပ်ပိုရှုပ်ရတဲ့အကြောင်းကို ပြောပြလာတာပဲ ဖြစ်ပါတယ်။

စေတနာကောင်းတဲ့ ပရဟိတမင်းသားကြီး ဘေးအန္တရာယ်ကင်းရှ င်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပ ရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။Source: Wai Lu Kyaw Foundation’s fb