Stay at Home ကာလမွာ အလုပ္သမားတစ္ဦးကို လူမွုဖူလုံေရးေၾကး အနည္းဆုံးက်ပ္ငါးေသာင္းေက်ာ္ ရရွိမည္ဟုသိရ

Stay at Home ကာလအလုပ္သမားတစ္ဦးကို လူမွုဖူလုံေရးေၾကး အနည္းဆုံး က်ပ္ငါးေသာင္းေက်ာ္ ရရွိမည္

ရန္ကုန္တိုင္းေဒသႀကီးမွာ Stay at Home ႏွစ္ပတ္တာကာလအတြင္း အလုပ္သမားေတြအေနနဲ႔ လူမွုဖူလုံေရးေၾကး အနည္းဆုံးက်ပ္ငါးေသာင္း ေက်ာ္ရရွိမွာျဖစ္တယ္လို့ အလုပ္သမား၊ လူဝင္မွုႀကီးၾကပ္ေရး ႏွင့္ျပည္သူ႔ အင္အားဝန္ ႀကီး ဌာနအျမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္ကေျပာပါတယ္။

ဝန္ႀကီးဌာနအေနနဲ႔ Stay at Home ႏွစ္ပတ္တာကာလအတြင္း အလုပ္သမားေတြကို လူမွုဖူလုံေရးေၾကးေပးဖို့ က်ပ္ (၆၀) ဘီလီယံ ေက်ာ္အသုံးျပဳသြားဖို့မွန္းထားတယ္လို့ဆိုပါတယ္။

“လူမွုဖူလုံေရးေၾကးေပးမယ္ဆိုတာ တို့ဌာနကေၾကညာၿပီးၿပီ။ အလုပ္ရွင္ ေတြကေနတစ္ဆင့္ေပးသြားမွာ။ ထည့္ဝင္ေၾကး အေပၚမွာမူတည္တာ အနည္းဆုံးအခေၾကးေငြနဲ႔ထည့္ထားလား ။ဒါဆိုငါးေသာင္းေက်ာ္ ရမွာေပါ့။ ဒီထက္ပို ထည့္ရင္ပိုရမယ္။

လူမွုဖူလုံေရး ေၾကးထည့္ထားရင္ ဝန္ႀကီးဌာနကလူမွုဖူလုံေရးေၾကးရမယ္။ လူမွုဖူလုံေရး မထည့္ထားတဲ့ အလုပ္သမားေတြကို နိုင္ငံေတာ္က ရန္ကုန္တိုင္းအစိုးရအဖြဲ႕ကေပးမွာ။ တစ္မ်ိဳးပဲ ရမယ္။ ႏွစ္ပတ္စာကို လနဲ႔ျခဳံေပးမွာ။ လုပ္ခလစာရဲ့ ၄၀ ရာခိုင္ႏွုန္းေပါ့။ တို့ဝန္ႀကီးဌာနက ဘီလီယံ (၆၀) ေက်ာ္မွန္း ထားတယ္” လို့ ဦးမ်ိဳးေအာင္ကေျပာပါတယ္။

လူမွုဖူလုံေရးေၾကးထည့္ဝင္ထားတဲ့အလုပ္သမားေတြအေနနဲ႔ ဝန္ႀကီးဌာန ကအလုပ္ရွင္ေတြကေနတစ္ဆင့္ ထည့္ဝင္ေၾကးအေပၚ မူတည္ၿပီး ေပးသြားမွာျဖစ္သလိုလူမွုဖူလုံေၾကးမထည့္ထားတဲ့အလုပ္သမားေတြကိုေတာ့ နိုင္ငံေတာ္အစိုးရ (ရန္ကုန္တိုင္းအစိုးရအဖြဲ႕) ကေထာက္ပံ့ ေၾကးေပးသြားမွာျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးမွာ လူမွုဖူလုံေၾကးထည့္ဝင္ထားတဲ့လုပ္သား (၉) သိန္းေက်ာ္ရွိၿပီး Stay at homeကာလ အတြင္း ဒီလုပ္ သားေတြအတြက္ အလုပ္သမား၊ လူဝင္မွုႀကီးၾကပ္ေရးႏွင့္ျပည္သူ႔ အင္အားဝန္ႀကီးဌာနက အလုပ္ ရွင္ေတြကေနတစ္ဆင့္ လူမွုဖူလုံေရးေၾကးအနည္းဆုံးက်ပ္ ငါးေသာင္းေက်ာ္ေပးသြားမွာ ျဖစ္တယ္လို့သိရပါတယ္။ source:One News Myanmar

unicode . . .

Stay at Home ကာလအလုပ်သမားတစ်ဦးကို လူမှုဖူလုံရေးကြေး အနည်းဆုံး ကျပ်ငါးသောင်းကျော် ရရှိမည်

ရန်ကုန်တိုင်းဒေသကြီးမှာ Stay at Home နှစ်ပတ်တာကာလအတွင်း အလုပ်သမားတွေအနေနဲ့ လူမှုဖူလုံရေးကြေး အနည်းဆုံးကျပ်ငါးသောင်း ကျော်ရရှိမှာဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန် ကြီး ဌာနအမြဲတမ်းအတွင်း ဝန် ဦးမျိုးအောင်ကပြောပါတယ်။

ဝန်ကြီးဌာနအနေနဲ့ Stay at Home နှစ်ပတ်တာ ကာလအ တွင်း အလုပ်သမားတွေကို လူမှုဖူလုံရေးကြေးပေးဖို့ ကျပ် (၆၀) ဘီလီယံ ကျော်အသုံးပြုသွားဖို့မှန်းထားတယ်လို့ဆိုပါတယ်။

“လူမှုဖူလုံရေးကြေးပေးမယ်ဆိုတာ တို့ဌာနကကြေညာပြီးပြီ။ အ လုပ်ရှင် တွေကနေတစ်ဆင့်ပေးသွားမှာ။ ထည့်ဝင်ကြေး အပေါ်မှာမူတည်တာ အနည်းဆုံး အခကြေးငွေနဲ့ ထည့်ထားလား ။ဒါဆိုငါးသောင်းကျော် ရမှာပေါ့။ ဒီထက်ပို ထည့်ရင်ပိုရမယ်။

လူမှုဖူလုံရေး ကြေးထည့်ထားရင် ဝန်ကြီးဌာနက လူမှုဖူလုံရေးကြေးရမယ်။ လူမှုဖူလုံရေး မထည့်ထားတဲ့ အလုပ်သမားတွေကို နိုင်ငံတော်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ကပေးမှာ။ တစ်မျိုးပဲ ရမ ယ်။ နှစ်ပတ်စာကို လနဲ့ခြုံပေးမှာ။ လုပ်ခလစာရဲ့ ၄၀ ရာခိုင်နှုန်းပေါ့။ တို့ဝန်ကြီးဌာနက ဘီလီယံ (၆၀) ကျော်မှန်း ထားတယ်”လို့ ဦးမျိုးအောင်ကပြောပါတယ်။

လူမှုဖူလုံရေးကြေး ထည့်ဝင်ထားတဲ့ အလုပ်သမားတွေအနေနဲ့ ဝန် ကြီးဌာန ကအလုပ်ရှင်တွေကနေတစ်ဆင့် ထည့်ဝင်ကြေးအပေါ် မူ တည်ပြီး ပေးသွားမှာဖြစ်သလိုလူမှုဖူလုံကြေးမထည့်ထားတဲ့အလု ပ်သမားတွေကိုတော့ နိုင်ငံတော်အစိုးရ (ရန်ကုန်တိုင်းအစိုးရအဖွဲ့) ကထောက်ပံ့ ကြေးပေးသွားမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ လူမှုဖူလုံကြေးထည့်ဝင်ထားတဲ့လုပ်သား (၉) သိန်းကျော်ရှိပြီး Stay at homeကာလ အတွင်း ဒီလုပ် သားတွေအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနက အလုပ် ရှင်တွေကနေတစ်ဆင့် လူမှုဖူလုံ ရေးကြေးအနည်းဆုံးကျပ် ငါးသောင်းကျော်ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ source:One News Myanmar

Tags: