ပန္းၿခံကို အလည္အပတ္ သြားရင္းနဲ႕ကေန (၉) ကာရက္ ရွိတဲ့ စိန္တုံးႀကီးကို ရရွိခဲ့တဲ့ အမ်ိဳးသား

ပန္းၿခံကို အလည္အပတ္ သြားရင္းနဲ႕ ကေန (၉) ကာရက္ ရွိတဲ့ စိန္တုံးႀကီးကို ရရွိခဲ့တဲ့ အမ်ိဳးသား

ပန္းၿခံကို အလည္အပတ္ သြားရင္းနဲ႕ ကေန (၉) ကာရက္ ရွိတဲ့ စိန္တုံးႀကီးကို ရရွိခဲ့တဲ့ အမ်ိဳးသားပန္းၿခံ သြားလည္ ရင္းနဲ႕ တန္ဖိုးႀကီး အရာတစ္ခုခုကို ေတြ႕ရွိခဲ့မယ္ဆိုရင္ စာဖတ္ ပရိတ္သတ္ႀကီးေတြ ဘယ္လိုျဖစ္သြားမလဲ။ အာကင္ေဆာ ျပည္ နယ္က အသက္ (၃၃) ႏွစ္အ႐ြယ္ ကယ္ဗင္ကင္နက္တ္ (Kevin Kinard) ဆိုတဲ့ အမ်ိဳးသားတစ္ဦးကေတာ့ Arkansas State Park မွာ (၉) ကာရက္ ေလာက္ရွိတဲ့ စိန္တုံးႀကီးကို ေတြ႕ရွိခဲလို႔ အ ေပ်ာ္ႀကီး ေပ်ာ္ေနရွာပါတယ္

အဲဒီပန္းၿခံမွာ ဘယ္ လိုအ႐ြယ္ အစား စိန္တုံးပဲ ျဖစ္ျဖစ္ ေတြ႕တဲ့သူက ယူလို႔ ရပါတယ္။ ကယ္ဗင္နဲ႕ သူ႕သူငယ္ခ်င္း ေတြက အလုပ္သမားေန႕မွာ Crater of Diamonds State Park ကို အလည္အပတ္ လာေရာက္ခဲ့တာပါ။ အဲဒီပန္းၿခံက စိန္တုံးတူးဖို႔အတြက္ ေျမ ဧက (၃၇.၅) ေလာက္ေပးထားၿပီး ပန္းၿခံကိုလာေရာက္ လည္ပတ္သူေတြက ေျမႀကီးထဲကေန ကမာၻ႔အႀကီးဆုံး စိန္တုံးေတြ ကိုေတာင္မွ ရွာေတြ႕နိုင္ပါတယ္။

ပန္းၿခံမွာ ေန႕တိုင္းလိုလို စိန္တုံး (၁) တုံး (၂) တုံးေလာက္ ေတြ႕ရွိရတယ္လို႔ ပန္းၿခံရဲ႕ စကား ျပန္က ဆိုပါတယ္။ ပန္းၿခံမွာ အလည္လာ တဲ့သူက စိန္တုံးတစ္တုံးကို ရွာေတြ႕ရင္ အဲဒီစိန္တုံးကိုရွာေတြ႕တဲ့သူ ပိုင္ဆိုင္တယ္ဆိုတဲ့ စည္းမ်ဥ္း ရွိပါတယ္။ ကယ္ဗင္က (၂) တန္းႏွစ္ တုန္းကေတာ့ Crater of Diamonds State Park ကို ပထမဆုံးအႀကိမ္အျဖစ္ အလည္လာခဲ့ဖူးပါတယ္။

အဲဒီကတည္းကေန စိန္တုံးရွာဖို႔ အတြက္ တစ္ႏွစ္ကို(၁)ႀကိမ္(သို႔) (၂) ႀကိမ္ေလာက္ပဲ အလည္အပတ္ လာျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ တစ္ခါမွ စိန္တုံးရွာမေတြ႕ခဲ့ပါဘူး။ ကပ္ေရာဂါေၾကာင့္ သူနဲ႕သူ႕ သူငယ္ ခ်င္းေတြက ပန္းၿခံထဲမွာပဲ အခ်ိန္ကုန္ဆုံးျဖစ္ေနတယ္လို႔ ဆိုပါတယ္။ “တကယ္ေတာ့ ကြၽန္ေတာ္ေမလက ပန္းၿခံကို သြားခဲ့ၿပီးပါၿပီ။

ဒါေပမဲ့ အာကင္ေဆာ ျပည္နယ္ ပန္းၿခံေတြက ပန္းၿခံသြားတဲ့အခါတိုင္း ျပည္နယ္ပန္းၿခံတံဆိပ္တုံးႏွိပ္ေပးပါတယ္။ ဒါေၾကာင့္ တံဆိပ္တုံးလိုခ်င္တဲ့အတြက္ ျပန္သြားခဲ့တာပါ”လို႔ ကယ္ဗင္က ေျပာပါတယ္။စိန္တူးမယ့္သူက စိန္တူးတဲ့အခါ တူးေနရင္း ေတြ႕တာေတြကို အိတ္တစ္လုံးထဲကို ထည့္ရၿပီး အဲဒီေနာက္မွာ စိန္တုံး ရွာေတြ႕လား မရွာေတြ႕ဘူးလားဆိုတာကို ဥယ်ာဥ္ဝန္ထမ္းေတြ စစ္ေဆးေပးဖို႔ အိတ္ကို ေပးရပါတယ္။

ကယ္ဗင္ကေတာ့ (၄)နာရီေလာက္တူးၿပီး တံဆိပ္တုံး သြားႏွိပ္ခဲ့ ပါတယ္။ သူ စိန္တုံး ရွာေတြ႕မွာ မဟုတ္ဘူးလို႔ ထင္တဲ့အ တြက္ အိတ္ကို မစစ္ေဆးေတာ့ဘဲ ကားဆီကို ျပန္လာခဲ့ပါတယ္။ သူ႕သူငယ္ခ်င္းက အိတ္စစ္ခ်င္ေသးတယ္ဆိုလို႔ သူနဲ႕အတူ စစ္ဖို႔ ေနာက္ထပ္တစ္ေခါက္ ျပန္သြားခဲ့ ပါတယ္။ ကယ္ဗင္ကို ဥ ယ်ာဥ္ဝန္ထမ္း တစ္ဦးက သီးသန႔္အခန္း တစ္ခုထဲေခၚၿပီး သူ႕အိတ္ထဲမွာ (၉) ကာရက္ရွိတဲ့ စိန္တုံးကို ေတြ့တယ္လို႔ ေျပာခဲ့ပါတယ္။

ကယ္ဗင္လည္း ေပ်ာ္လြန္းလို႔ ဝမ္းသာ မ်က္ရည္ေတာင္က်ခဲ့တယ္။ ကယ္ဗင္ ေတြ႕တဲ့စိန္တုံးက ပန္းၿခံမွာ ေတြ႕ ခဲ့ဖူးတဲ့ စိန္တုံးေတြထဲမွာ ၁၉၇၅ခုႏွစ္က (၁၆) ကာရက္ စိန္တုံးၿပီးရင္ ဒုတိယ အႀကီးဆုံးစိန္တုံးပါပဲ။ ကယ္ဗင္လည္း ခ်က္ခ်င္းပဲ သူ႕အ လုပ္လုပ္တဲ့ ဘဏ္ကို စိန္တုံးယူသြား ၿပီးေတာ့မီးခံ ေသတၱာထဲ ထည့္ထားလိုက္ တယ္။

သူစိန္တုံးရဲ႕ တန္ဖိုးက ဘယ္ေလာက္ ရွိလဲဆိုတာကို အ ဆုံးအျဖတ္လုပ္ဖို႔ မေမ့ေပမဲ့ အခုေတာ့ ဒီအခိုက္ အတန႔္ေလးကို ေပ်ာ္ခ်င္တယ္လို႔ ဆိုပါတယ္ “ဒါ ဘယ္ေလာက္တန္လဲေတာ့ ကြၽန္ေတာ္မသိဘူး။ဒါေပမဲ့ (၉) ကာရက္ စိန္တုံးနဲ႕ ဘာမွမလုပ္ ေသးဘူး။

ကြၽန္ေတာ္ မီလ်ံနာျဖစ္နိုင္တယ္။ အလုပ္ကေန ထြက္ေတာ့မွာလားလို႔ ကြၽန္ေတာ့္ သူေဌးက ေျပာတယ္။ ကြၽန္ေတာ္ အလုပ္က မထြက္ပါဘူး။ ကြၽန္ေတာ္ အလုပ္နားဖို႔ အရမ္းငယ္ ေသးတယ္။အလုပ္လုပ္ ေနဦးမွာပါ”လို႔ ကယ္ဗင္က စိန္တုံးေၾကာင့္ ခ်မ္းသာသြားရင္လည္း အလုပ္မထြက္ဘဲ ဆက္လုပ္ဦးမယ္လို႔ ဆိုပါတယ္။ Ref: ABC News / Source – ရိိုးရာေလး

unicode . . .

ပန်းခြံကို အလည်အပတ် သွားရင်းနဲ့ ကနေ (၉) ကာရက် ရှိတဲ့ စိန်တုံးကြီးကို ရရှိခဲ့တဲ့ အမျိုးသား

ပန်းခြံကို အလည်အပတ် သွားရင်းနဲ့ ကနေ (၉) ကာရက် ရှိတဲ့ စိန်တုံးကြီးကို ရရှိခဲ့တဲ့ အမျိုးသားပန်းခြံ သွားလည် ရင်းနဲ့ တန်ဖိုးကြီး အရာတစ်ခုခုကို တွေ့ရှိခဲ့မယ်ဆိုရင် စာဖတ် ပရိတ်သတ်ကြီးတွေ ဘယ်လိုဖြစ်သွားမလဲ။ အာကင်ဆော ပြည် နယ်က အသက် (၃၃) နှစ်အရွယ် ကယ်ဗင်ကင်နက်တ် (Kevin Kinard) ဆိုတဲ့ အ မျိုးသားတစ်ဦးကတော့ Arkansas State Park မှာ (၉) ကာရက် လောက်ရှိတဲ့ စိန်တုံးကြီးကို တွေ့ရှိခဲလို့ အပျော်ကြီး ပျော်နေရှာပါတယ်။

အဲဒီပန်းခြံမှာ ဘယ် လိုအရွယ် အစား စိန်တုံးပဲ ဖြစ်ဖြစ် တွေ့တဲ့သူက ယူလို့ ရပါတယ်။ ကယ်ဗင်နဲ့ သူ့သူငယ်ချင်းတွေက အလုပ်သ မားနေ့မှာ Crater of Diamonds State Park ကို အ လည်အပတ် လာရောက်ခဲ့တာပါ။ အဲဒီပန်းခြံက စိန်တုံးတူးဖို့အတွ က် မြေဧက (၃၇.၅)လောက်ပေးထားပြီး ပန်းခြံကိုလာရောက် လ ည်ပတ်သူတွေက မြေကြီးထဲကနေ ကမ္ဘာ့ အကြီးဆုံး စိန်တုံးတွေ ကိုတောင်မှ ရှာတွေ့နိုင်ပါတယ်။

ပန်းခြံမှာ နေ့တိုင်းလိုလို စိန်တုံး (၁) တုံး (၂) တုံးလောက် တွေ့ရှိရတယ်လို့ ပန်းခြံရဲ့ စကား ပြန်က ဆိုပါတယ်။ ပန်းခြံမှာ အလည်လာ တဲ့သူက စိန်တုံးတစ်တုံးကို ရှာတွေ့ရင် အဲဒီစိန်တုံးကိုရှာတွေ့တဲ့သူ ပိုင်ဆိုင်တယ်ဆိုတဲ့ စည်းမျဉ်း ရှိပါတယ်။ ကယ်ဗင်က (၂) တန်းနှစ် တုန်းကတော့ Crater of Diamonds State Park ကို ပထမဆုံးအကြိမ်အဖြစ် အလည်လာခဲ့ဖူးပါတယ်။

အဲဒီကတည်းကနေ စိန်တုံးရှာဖို့ အတွက် တစ်နှစ်ကို(၁)ကြိမ်(သို့) (၂) ကြိမ်လောက်ပဲ အလည်အပတ် လာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခါမှ စိန်တုံးရှာမတွေ့ခဲ့ပါဘူး။ ကပ်ရောဂါကြောင့် သူနဲ့သူ့ သူ ငယ်ချင်းတွေက ပန်းခြံထဲမှာပဲ အချိန်ကုန်ဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။ “တကယ်တော့ ကျွန်တော်မေလက ပန်းခြံကို သွားခဲ့ပြီးပါပြီ။

ဒါပေမဲ့ အာကင်ဆော ပြည်နယ် ပန်းခြံတွေက ပန်းခြံသွားတဲ့အခါ တိုင်း ပြည်နယ်ပန်းခြံတံဆိပ်တုံးနှိပ်ပေးပါတယ်။ ဒါကြောင့် တံဆိ ပ်တုံးလိုချင်တဲ့အတွက် ပြန်သွားခဲ့တာပါ”လို့ ကယ်ဗင်က ပြောပါတယ်။စိန်တူးမယ့်သူက စိန်တူးတဲ့အခါ တူးနေရင်း တွေ့တာတွေကို အိတ်တစ်လုံးထဲကို ထည့်ရပြီး အဲဒီနောက်မှာ စိန်တုံး ရှာတွေ့လား မရှာတွေ့ဘူးလားဆိုတာကို ဥယျာဉ်ဝန်ထမ်းတွေ စစ်ဆေးပေးဖို့ အိတ်ကို ပေးရပါတယ်။

ကယ်ဗင်ကတော့ (၄)နာရီလောက်တူးပြီး တံဆိပ်တုံး သွားနှိပ်ခဲ့ ပါတယ်။ သူ စိန်တုံး ရှာတွေ့မှာ မဟုတ်ဘူးလို့ ထင်တဲ့အ တွက် အိတ်ကို မစစ်ဆေးတော့ဘဲ ကားဆီကို ပြန်လာခဲ့ပါတယ်။ သူ့သူငယ်ချ င်းက အိတ်စစ်ချင်သေးတယ်ဆိုလို့ သူနဲ့အတူစစ်ဖို့ နောက်ထပ်တ စ်ခေါက် ပြန်သွားခဲ့ ပါတယ်။ ကယ်ဗင်ကို ဥ ယျာဉ်ဝန်ထမ်း တစ်ဦးက သီးသန့်အခန်း တစ်ခုထဲခေါ်ပြီး သူ့အိတ်ထဲမှာ (၉) ကာရက်ရှိတဲ့ စိန်တုံးကို တွေ့တယ်လို့ ပြောခဲ့ပါတယ်။

ကယ်ဗင်လည်း ပျော်လွန်းလို့ ဝမ်းသာ မျက်ရည်တောင် ကျခဲ့တ ယ်။ ကယ်ဗင် တွေ့တဲ့စိန်တုံးက ပန်းခြံမှာ တွေ့ ခဲ့ဖူးတဲ့ စိန်တုံးတွေထဲမှာ ၁၉၇၅ခုနှစ်က (၁၆) ကာရက် စိန်တုံးပြီးရင် ဒုတိယ အကြီးဆုံးစိန်တုံးပါပဲ။ ကယ်ဗင်လည်း ချက်ချင်းပဲ သူ့အ လုပ်လုပ်တဲ့ ဘ ဏ်ကို စိန်တုံးယူသွား ပြီးတော့မီးခံ သေတ္တာထဲ ထည့်ထားလိုက် တယ်။

သူစိန်တုံးရဲ့ တန်ဖိုးက ဘယ်လောက် ရှိလဲဆိုတာကို အ ဆုံးအဖြတ်လုပ်ဖို့ မမေ့ပေမဲ့ အခုတော့ ဒီအခိုက် အတန့်လေးကို ပျော်ချင်တယ်လို့ ဆိုပါတယ် “ဒါ ဘယ်လောက်တန်လဲတော့ ကျွန် တော်မသိဘူး။ဒါပေမဲ့ (၉) ကာရက် စိန်တုံးနဲ့ ဘာမှမလုပ် သေးဘူး။

ကျွန်တော် မီလျံနာဖြစ်နိုင်တယ်။ အလုပ်ကနေ ထွက်တော့မှာလားလို့ ကျွန်တော့် သူဌေးက ပြောတယ်။ ကျွန်တော် အလုပ်က မထွက်ပါဘူး။ ကျွန်တော် အလုပ်နားဖို့ အရမ်းငယ် သေးတယ်။အလုပ်လု ပ် နေဦးမှာပါ”လို့ ကယ်ဗင်က စိန်တုံးကြောင့် ချမ်းသာသွားရင်လ ည်း အလုပ်မထွက်ဘဲ ဆက်လုပ်ဦးမယ်လို့ ဆိုပါတယ်။ Ref: ABC News / Source – ရိုးရာလေး

Tags: