အိႏၵိယရဲ႕ ကုိဗစ္ ကာကြယ္ေဆး တစ္ကမာၻလုံးအတြက္ အလုံအေလာက္ရမည္ဟု ဝန္ႀကီးခ်ဳပ္ မုိဒီ ေျပာဆုိ

အိႏၵိယရဲ႕ ကုိဗစ္ ကာကြယ္ေဆး တစ္ကမာၻလုံးအတြက္ အလုံအေလာက္ရမည္ဟု ဝန္ႀကီးခ်ဳပ္ မုိဒီ ေျပာဆုိ

COVID-19 ကပ္ေရာဂါ တုိက္ဖ်က္ေရးမွာ အိႏၵိယဟာ တစ္ကမာၻလုံးအတုိင္းအတာအတြက္ ကာကြယ္ေဆး ထုတ္လုပ္ေပးႏုိင္စြမ္းရွိေၾကာင္း အိႏၵိယ ဝန္ႀကီးခ်ဳပ္ နာရင္ျဒာမုိဒီက စေနေန႕(စက္တင္ဘာ ၂၆) ကုလသမဂၢ မိန္ ့ခြန္းမွာ အာမခံ ေျပာဆုိခဲ့ပါတယ္။

ကမာၻ႕ အႀကီးဆုံး ကာကြယ္ေဆး ထုတ္လုပ္ႏုိင္ငံအေနျဖင့္၊ ဒီေန႔ မွာ ကမာၻ႕လူ႕အဖြဲ႕အစည္းကုိ ကၽြန္ေတာ္ ေနာက္ထပ္ အာမခံခ်က္ ေပးလုိပါတယ္လုိ ့ မုိဒီက ကုလသမဂၢအေထြေထြညီလာခံသုိ ့ ေပးပုိ ့တဲ့ ႀကိဳတင္အသံသြင္း ဗီဒီယုိမိန္ ့ခြန္းမွာ ေျပာဆုိပါတယ္။ဒီ အၾကပ္အတည္းကုိ တုိက္ပြဲဝင္ေနရတဲ့ လူသားအားလုံးကုိ ကူညီဖုိ ့ရာ အိႏၵိယရဲ႕ ကာကြယ္ေဆး ထုတ္လုပ္မႈနဲ႕ ျဖန္ ့ေဝေပးႏုိင္စြမ္းကုိ အသုံးခ်သြားပါမယ္လုိ ့ ၄င္းက ေျပာဆုိပါတယ္။ ဒါ့အျပင္ ကာကြယ္ေဆး ျဖန္ ့ျဖဴးမႈေတြအတြက္ သုိေလွာင္မႈနဲ႕ အေအးခန္းစနစ္ေတြ ျမွင့္တင္မႈမွာ အိႏၵိယက ႏုိင္ငံအားလုံးကုိ ကူညီသြားမွာျဖစ္ေၾကာင္း ၄င္းက ဆက္လက္ ေျပာဆုိခဲ့ပါတယ္။

အိႏၵိယဟာ ကာကြယ္ေဆး တတိယအဆင့္ လက္ေတြ႕စမ္းသပ္မႈေတြ လုပ္ေနၿပီျဖစ္ေၾကာင္း မုိဒီက ေျပာဆုိၿပီး ေဆးရဲ႕ ထိေရာက္မႈနဲ႕ ေဘးကင္းမႈကုိ အဆုံးအျဖတ္ေပးတဲ့ စံမီေဆးတစ္ခုအျဖစ္သက္ေသျပႏုိင္မယ့္ လူမ်ားစြာပါဝင္ေသာ စမ္းသပ္မႈအဆင့္ျဖစ္တယ္လုိ ့ဆုိပါတယ္။

သိပၸံပညာရွင္ေတြရဲ႕ ေထာက္ခံအတည္ျပဳခ်က္ရခ်ိန္မွာ ကုိဗစ္ ကာကြယ္ေဆး အေျမာက္အျမား ထုတ္လုပ္သြားဖုိ ့ အိႏၵိယက အသင့္ျဖစ္ေနေၾကာင္း မုိဒီက ၿပီးခဲ့တဲ့ ၾသဂုတ္လမွာ ေျပာဆုိထားခဲ့ပါတယ္။

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ အန္တုိနီယုိ ဂူတာရက္စ္ကလည္း လူေတြ လက္လွမ္းမီၿပီး ေနရာတုိင္းမွာ ဝယ္လုိ ့ရႏုိင္မယ့္ ျပည္သူ႕ကာကြယ္ေဆးတစ္ခုရရွိေရး တြန္းအားေပးေနခဲ့ပါတယ္။ သုိ ့ေပမယ့္ အခ်ဳိ႕ႏုိင္ငံေတြဟာ ၄င္းတုိ ့ႏုိင္ငံသားေတြအတြက္ပဲ သီးသန္ ့ရည္ရြယ္ေနၾကတဲ့အတြက္ စိတ္ပ်က္ရေၾကာင္း အဂၤါေန ့မွာ ေျပာဆုိခဲ့ပါတယ္။

ဒါ့အျပင္ ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ စေကာ့ေမာ္ရစ္ဆင္က ကာကြယ္ေဆးေတြ႕ရွိတဲ့ ဘယ္သူမဆုိ ဒါကုိ မွ်ေဝၾကရမွာ ျဖစ္တယ္လုိ ့ေသာၾကာေန ့က ကုလအေထြေထြညီလာခံ မိန္ ့ခြန္းမွာ ေျပာဆုိသြားခဲ့ပါတယ္။ source :A Kon Thi

unicode . . .

အိန္ဒိယရဲ့ ကိုဗစ် ကာကွယ်ဆေး တစ်ကမ္ဘာလုံးအတွက် အလုံအ လောက်ရမည်ဟု ဝန်ကြီးချုပ် မိုဒီ ပြောဆို

COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးမှာ အိန္ဒိယဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအတွက် ကာကွယ်ဆေး ထုတ်လုပ်ပေးနိုင်စွမ်းရှိကြောင်း အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက စနေနေ့ (စက်တင်ဘာ ၂၆) ကုလသမဂ္ဂ မိန့်ခွန်းမှာ အာမခံ ပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့ အကြီးဆုံး ကာကွယ်ဆေး ထုတ်လုပ်နိုင်ငံအနေဖြင့်၊ ဒီနေ့ မှာ ကမ္ဘာ့လူ့အဖွဲ့အစည်းကို ကျွန်တော် နောက်ထပ် အာမခံချက် ပေးလိုပါတယ်လို့ မိုဒီက ကုလသမဂ္ဂအထွေထွေညီလာခံသို့ ပေးပို့တဲ့ ကြိုတင်အသံသွင်း ဗီဒီယိုမိန့်ခွန်းမှာ ပြောဆိုပါတယ်။ဒီ အကြ ပ်အတည်းကို တိုက်ပွဲဝင်နေရတဲ့ လူသားအားလုံးကို ကူညီဖို့ရာ အိ န္ဒိယရဲ့ ကာကွယ်ဆေး ထုတ်လုပ်မှုနဲ့ ဖြန့်ဝေပေးနိုင်စွမ်းကို အသုံး ချသွားပါမယ်လို့ ၎င်းက ပြောဆိုပါတယ်။ ဒါ့အပြင် ကာကွယ်ဆး ဖြန့်ဖြူးမှုတွေအတွက် သိုလှောင်မှုနဲ့ အအေးခန်းစနစ်တွေ မြှင့်တင်မှုမှာ အိန္ဒိယက နိုင်ငံအားလုံးကို ကူညီသွားမှာဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။

အိန္ဒိယဟာ ကာကွယ်ဆေး တတိယအဆင့် လက်တွေ့စမ်းသပ်မှုတွေ လုပ်နေပြီဖြစ်ကြောင်း မိုဒီက ပြောဆိုပြီး ဆေးရဲ့ ထိရောက်မှုနဲ့ ဘေးကင်းမှုကို အဆုံးအဖြတ်ပေးတဲ့ စံမီဆေးတစ်ခုအဖြစ်သ က်သေပြနိုင်မယ့် လူများစွာပါဝင်သော စမ်းသပ်မှုအဆင့်ဖြစ်တယ်လို့ဆိုပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ထောက်ခံအတည်ပြုချက်ရချိန်မှာ ကိုဗစ်ကာ ကွယ်ဆေး အမြောက်အမြား ထုတ်လုပ်သွားဖို့ အိန္ဒိယက အသင့်ဖြစ်နေကြောင်း မိုဒီက ပြီးခဲ့တဲ့ သြဂုတ်လမှာ ပြောဆိုထားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း လူတွေ လက်လှမ်းမီပြီး နေရာတိုင်းမှာ ဝယ်လို့ရနိုင်မယ့် ပြည်သူ့ကာကွယ်ဆေးတစ်ခုရရှိရေး တွန်းအားပေးနေခဲ့ပါတယ်။ သို့ပေမ ယ့် အချို့နိုင်ငံတွေဟာ ၎င်းတို့နိုင်ငံသားတွေအတွက်ပဲ သီးသန့်ရ ည်ရွယ်နေကြတဲ့အတွက် စိတ်ပျက်ရကြောင်း အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သြစတြေးလျ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ကာကွယ်ဆေးတွေ့ရှိတဲ့ ဘယ်သူမဆို ဒါကို မျှဝေကြရမှာ ဖြစ်တယ်လို့သောကြာနေ့က ကုလအထွေထွေညီလာခံ မိန့်ခွန်းမှာ ပြောဆိုသွားခဲ့ပါတယ်။source :A Kon Thi