ဗီတာမင္ ဒီ လုံေလာက္စြာရွိျခင္းက ကိုဗစ္-၁၉ ကူးစက္ခံရသျဖင့္ ေသဆုံးမွုကို ထက္ဝက္မၽွ ေလ်ာ့က်ေစေၾကာင္း သုေတသီတို့ ေလ့လာေတြ႕ရွိ

ဗီတာမင္ ဒီ လုံေလာက္စြာရွိျခင္းက COVID-19 ကူးစက္ခံရသျဖင့္ ေသဆုံးမွုကို ထက္ဝက္မၽွ ေလ်ာ့က်ေစေၾကာင္း သုေတသီတို့ ေလ့လာေတြ႕ရွိ

ခႏၶာကိုယ္တြင္ ဗီတာမင္ ဒီ လုံေလာက္စြာရွိေနျခင္းသည္ COVID-19 ကူးစက္ခံရသူမ်ားအတြက္ သိသာထင္ရွားေသာ ေထာက္ပံ့မွုကိုျဖစ္ေစေၾကာင္း ေလ့လာေတြ႕ရွိမွုအသစ္မ်ားအရ သိရသည္။

အေမရိကန္ျပည္ေထာင္စု၊ ေဘာ့စတြန္ ေဆးတကၠသိုလ္မွ သုေတသီမ်ားသည္ COVID-19 ကူးစက္ခံရသျဖင့္ ေဆး႐ုံတက္ကုသရသူ လူနာ ၂၃၅ ဦးကို ေလ့လာသုေတသနျပဳရာမွ ထိုအခ်က္ကို သိရွိလာရျခင္းျဖစ္သည္။

ယင္းသုေတသနျပဳခ်က္အရ အသက္ ၄၀ ေက်ာ္ COVID-19 လူနာမ်ားအနက္ ဗီတာမင္ ဒီ ဓာတ္ အနည္းဆုံး 30ng/mL ရွိခဲ့လၽွင္ ေသဆုံးမွု ၅၁ ဒသမ ၅ ရာခိုင္ႏွုန္းေလ်ာ့က်ေၾကာင္း သိၾကရသည္။

“ကၽြန္ေတာ္တို့အေနနဲ႔ တိုက္ရိုက္အေထာက္အထားရလိုက္တာကေတာ့ ဗီတာမင္ ဒီ လုံလုံေလာက္ေလာက္ရွိေနသူတစ္ဦးဟာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရရင္ေတာင္ ခံနိုင္ရည္ပိုရွိၿပီး Cytokine မုန္တိုင္းလို့ေခၚၾကတဲ့ ေသြးထဲကို ပရိုတိန္းဓာတ္ေတြ အမ်ားႀကီးလၽွင္ျမန္စြာေရာက္ကုန္တာမ်ိဳးအပါအဝင္ ဆိုးဆိုးရြားရြားျဖစ္တာေတြ ျဖစ္မလာေတာ့တာပါပဲ။ ေသဆုံးမွုႏွုန္းလဲနည္းသြားပါတယ္”ဟု သုေတသနအဖြဲ႕ေခါင္းေဆာင္ျဖစ္သူ ေဘာ့စတြန္ေဆးတကၠသိုလ္မွ ပါေမာကၡ ေဒါက္တာ မိုက္ကယ္ အက္ဖ္ ဟိုလစ္ကေျပာသည္။

ထို့အျပင္ ဗီတာမင္ ဒီ ဓာတ္ ႂကြယ္ဝစြာရွိေနျခင္းသည္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရမွုကိုလည္း ၅၄ ရာခိုင္ႏွုန္းအထိ ေလ်ာ့က်ေစနိုင္ေၾကာင္း အဆိုပါ သုေတသန စာတန္းတြင္ ေဖာ္ျပထားသည္။ ဗီတာမင္ ဒီ သည္ ရာသီတုပ္ေကြးကဲ့သို့ေသာ အသက္ရွုလမ္းေၾကာင္းအေပၚပိုင္း ေရာဂါမ်ားျဖစ္ေစတတ္သည့္ ဗိုင္းရပ္စ္မ်ားကိုလည္း ကာကြယ္ေပးသည္ဟု ယုံၾကည္ေၾကာင္း ေဒါက္တာ ဟိုလစ္ကေျပာသည္။

“ဘာေၾကာင့္လဲဆိုေတာ့ကာ အေမရိကန္အပါအဝင္ ကမ႓ာတစ္ဝန္းက ကေလး လူႀကီးေတြအေတာ္မ်ားမ်ားဟာ ဗီတာမင္ ဒီ ခ်ိဳ့တဲ့ေနၾကတာေၾကာင့္ျဖစ္ပါတယ္။ အထူးသျဖင့္ ေဆာင္းရာသီလေတြမွာဆိုရင္ လူတိုင္းဟာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မွုေၾကာင့္ ဆိုးဆိုးရြားျဖစ္မွုကို ေလ်ာ့က်ေစဖို့အတြက္ ျဖည့္စြက္ ဗီတာမင္ ဒီ အေထာက္အပံ့ေတြကို စားသုံးေပးရပါမယ္”ဟုလည္း ေဒါက္တာဟိုလစ္က ေျပာၾကားသည္။source:Popular News Journal

unicide . . .

ဗီတာမင် ဒီ လုံလောက်စွာရှိခြင်းက COVID-19 ကူးစက်ခံရသဖြင့် သေဆုံးမှုကို ထက်ဝက်မျှ လျော့ကျစေကြောင်း သုတေသီတို့ လေ့လာတွေ့ရှိ

ခန္ဓာကိုယ်တွင်ဗီတာမင် ဒီ လုံလောက်စွာရှိနေခြင်းသည် COVID -19 ကူးစက်ခံရသူများအတွက် သိသာထင်ရှားသော ထောက်ပံ့မှုကိုဖြစ်စေကြောင်း လေ့လာတွေ့ရှိမှုအသစ်များအရ သိရသည်။

အမေရိကန်ပြည်ထောင်စု၊ ဘော့စတွန် ဆေးတက္ကသိုလ်မှ သုတေ သီများသည် COVID-19 ကူးစက်ခံရသဖြင့် ဆေးရုံတက်ကုသရသူ လူနာ ၂၃၅ ဦးကို လေ့လာသုတေသနပြုရာမှ ထိုအချက်ကို သိရှိလာရခြင်းဖြစ်သည်။

ယင်းသုတေသနပြုချက်အရ အသက် ၄၀ ကျော် COVID-19 လူနာများအနက် ဗီတာမင် ဒီ ဓာတ် အနည်းဆုံး 30ng/mL ရှိခဲ့လျှင် သေဆုံးမှု ၅၁ ဒသမ ၅ ရာခိုင်နှုန်းလျော့ကျကြောင်း သိကြရသည်။

“ကျွန်တော်တို့အနေနဲ့ တိုက်ရိုက် အထောက်အထား ရလိုက်တာကတော့ ဗီတာမင် ဒီ လုံလုံလောက်လောက်ရှိနေသူတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရရင်တောင် ခံနိုင်ရည်ပိုရှိပြီး Cytokine မုန်တိုင်းလို့ခေါ်ကြတဲ့ သွေးထဲကို ပရိုတိန်းဓာတ်တွေ အများကြီးလျှင်မြန်စွာရောက်ကုန်တာမျိုးအပါအဝင် ဆိုးဆိုးရွားရွားဖြစ်တာတွေ ဖြစ်မလာတော့တာပါပဲ။ သေဆုံးမှုနှုန်းလဲနည်းသွားပါတယ် ဟု သုတေသနအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဘော့စတွန်ဆေးတက္ကသို လ်မှ ပါမောက္ခ ဒေါက်တာ မိုက်ကယ် အက်ဖ် ဟိုလစ်ကပြော သ ည်။

ထို့အပြင် ဗီတာမင် ဒီ ဓာတ် ကြွယ်ဝစွာရှိနေခြင်းသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကိုလည်း ၅၄ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ကြောင်း အဆိုပါသုတေသနစာတန်းတွင် ဖော်ပြထားသည်။ဗီတာ မင် ဒီ သည် ရာသီတုပ်ကွေးကဲ့သို့သော အသက်ရှုလမ်း ကြောင်းအပေါ်ပိုင်း ရောဂါများဖြစ်စေတတ်သည့် ဗိုင်းရပ်စ်များကိုလည်း ကာကွယ်ပေးသည်ဟု ယုံကြည်ကြောင်း ဒေါက်တာ ဟိုလစ်ကပြောသည်။

ဘာကြောင့်လဲဆိုတော့ကာ အမေရိကန်အပါအဝင် ကမ္ဘာတစ်ဝန်းက ကလေး လူကြီးတွေအတော်များများဟာ ဗီတာမင် ဒီ ချို့တဲ့နေကြတာကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် ဆောင်းရာသီလတွေမှာဆိုရင် လူတိုင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဆိုးဆိုးရွားဖြစ်မှုကို လျော့ကျစေဖို့အတွက် ဖြည့်စွက် ဗီတာမင် ဒီ အထောက်အပံ့တွေကို စားသုံးပေးရပါမယ် ဟုလည်း ဒေါက်တာဟိုလစ်က ပြောကြားသည်။source:Popular News Journal

Tags: