unicode . . .
မင်္ဂလာဦးညကတည်းက အလွဲကြီးလွဲခဲ့တဲ့ သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့အဖြစ်ကို ပြောပြလာခဲ့တဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်း
မင်းသမီးချော နန္ဒာလှိုင်ကတော့ အနုပညာလောကမှာ ထိပ်ဆုံးကနေ အောင်မြင်ခဲ့ပြီး အကယ်ဒမီဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။
နန္ဒာလှိုင်က လက်ရှိမှာတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး သူမကို ဂရုစိုက်ကြင်နာတဲ့ ခင်ပွန်း၊ ချစ်စရာကောင်းပြီး သိတတ်လိမ္မာလွန်းတဲ့ သမီးသုံးယောက်နဲ့အတူတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ နန္ဒာလှိုင်ရဲ့ အမျိုးသားဖြစ်သူ ကိုဇေသီဟက မင်္ဂလာဦးညကတည်းက အလွဲကြီးလွဲခဲ့တဲ့ သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့အဖြစ်ကို အခုလိုပဲ ပြောပြလာပါတယ်။
မင်္ဂလာဦးည ကျွန်တော်က တော်ရုံဖျားတာလောက်ဆို ဆေးမသောက်ဘူး။ ရေသောက်ပြီးပဲ ကုတာ။ အဲ့ဒါကြောင့် အခုချိန်ထိ ဘာဆေးသောက်သောက် ကျွန်တော့အတွက် အရမ်းပြင်းသလို ဖြစ်နေတယ်။
နန္ဒာနဲ့ ယူပြီး ပထမဆုံးညမှာ အိပ်ခါနီး နန္ဒာက ကျွန်တော့အရှေ့မှာ ဝမ်းနှုတ်ဆေး သောက်လိုက်ရော။ ဆေးသောက်လေ့မရှိတဲ့ ကျွန်တော်က ဘာလို့လဲမေးတော့ မနက်က စားထားတာများလို့ လို့ဖြေတယ်လေ။ကျွန်တော်လဲသူနဲ့အတူ စားထားတာပဲ ဆိုပြီး ယူသောက်လိုက်ပါလေရော။
ပုံမှန်မနက်မှ သွားမဲ့ ဝမ်းက သောက်ပြီး ခဏအကြာမှာ အစွမ်းတွေ ပြလိုက်တာ အိမ်သာထဲက မထွက်နိုင်တဲ့ ဘဝ ရောက် သွားလေရောမင်္ဂလာဦးညကို အဲ့ဒီလိုသာကုန်ဆုံးသွားလေသတည်း ပေါ့ဗျာ။ ဆိုပြီး အမှတ်တရပြောပြလာတာပဲ ဖြစ်ပါတယ်။
နန္ဒာလှိုင်ခင်ပွန်း ကိုဇေသီဟကတော့ COVID ကြောင့် စိတ်ည စ်နေသူအားလုံးကို ရယ်မောစေချင်တာကြောင့် သူတို့ဇနီးမောင်နှံရဲ့ လွဲခဲ့ပုံအမှတ်တရတွေကို ပြောပြလာတာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း နန္ဒာလှိုင်တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ဖြစ်ပုံကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ပရိသတ်ကြီးအား လုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။Source: Zay Thiha’s fb