သူများစုံတွဲတွေထက် ပိုဆန်းချင်တဲ့စုံတွဲ ကိစ္စပြီးခါမှရဲစခန်းကို ဖုန်းဆက်အကူအညီတောင်းလိုက်ရတဲ့ အဖြစ်
unicode . . .
သူများထက်ပိုဆန်းချင်တဲ့စုံတွဲ ကိစ္စပြီးခါမှရဲစခန်း ဖုန်းဆက်အကူအညီတောင်းလိုက်ရတဲ့ အဖြစ်
ချစ်သူတေကြားမှာ အချစ်ရေးကိစ္စတေကို ပိုပြီးတော့ ခံစားလိုကြတာ သဘာဝပါဘဲနော်။ချစ်သူ စုံတွဲတွေ အနေနဲ့ အချစ်ရေးကိစ္စဟာ စိတ်လှုပ်ရှားမှုတွေကို ပိုမိုခံစားလိုကြတာဘဲ ဖြစ်ပါတယ်။အ ထူးအဆန်းတွေ ကြိုက်နှစ်သက်သော ချစ်သူစုံတွဲများ စိတ်လှုပ် ရှားလွန်ပြီးတော့ နောက်ဆုံး အခက်မတွေ့အောင် သေချာလည်းသ တိထားလုပ်ကြည့် စေချင်ပါတယ်နော်။ယခု ခါမှာလည်း အင်္ဂလန်က စုံတွဲ တစ်တွဲဟာ မမျော်လင့်ထားတဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ခဲ့ပါတယ်။
ထို ဖြစ်ရပ်ကတော့ အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့က ချစ်သူစုံတွဲက ဖြစ်ပွားခဲ့တာပါ။ တစ်နေ့၌ သူတို့နှစ်ဦးရဲ့ ကုတင်ပေါ်ကိစ္စမှာ စိတ်လှုပ်ရှားမှု ပိုမိုခံစားဖို့အတွက် ဆိုပြီးတော့ လက်ထိတ်ခတ်ပြီး ချစ်တင်းနှောခဲ့ကြတာဘဲ ဖြစ်ပါတယ်။ ကုတင်ပေါ်ကိစ္စပြီးဆုံးသွားပြီးနောက်မှာတော့ သူတို့ကို ပိုပြီး စိတ်လှုပ်ရှားသွားစေတာကတော့ သူတို့ လက်ထိပ်ခပ်ထားတဲ့ သော့ဟာ ပျောက်သွားနေလို့ပါဘဲ။
သူတို့ဟာ နောက်ဆုံမှာ ရှာလို့မတွေ့တဲ့ အခါ အမျိုးသားဖြစ်သူက လက်ထိတ်ဖွင့်ရန် ရဲများကိုဖုံးဆက်အကူအညီတောင်းလိုက်ရပါတယ်နော်။ရဲများ၏ပြောကြားချက်အရ ထိုအမျိုးသားဟာ ဘာ့ကြောင့် ရဲတွေကို အကူအညီ လှမ်းတောင်းရမလဲ ဆိုတာကတော့ အကယ်လို့များ မီးသတ်ဖွဲ့များကိုခေါ်ခဲ့လျှင် မီးသတ်သမားများက လက်ထိတ်ခတ် ကိုဖြတ်ပစ်မှာ ဆိုးလို့ပါဘဲတဲ့။
လက်ထိပ်ဖြတ်မှာ အရမ်းနှမြောတဲ့ အကြောင်းကတော့ ဘာလို့လဲဆိုတော့ သူတို့က လက်ထိပ်ကို ဈေးကြီးနဲ့ဝယ်ထားရလို့ဆိုပြီးတော့ ပြောသွားခဲ့တာဘဲ ဖြစ်ပါတယ်။source:popolay