ဂ်က္ခ္မာကို ေက်ာ္တက္ကာ ေရသန႔္ဘူးထုတ္လုပ္သူက တ႐ုတ္တြင္ အခ်မ္းသာဆုံးပုဂၢိဳလ္ ျဖစ္လာ

ေရသန႔္ဘူးထုတ္လုပ္သူက ဂ်က္ခ္မာကို ေက်ာ္တက္ကာ တ႐ုတ္တြင္အခ်မ္းသာဆုံးပုဂၢိဳလ္ ျဖစ္လာ

ေရသန႔္ဘူး ထုတ္လုပ္သည့္ လုပ္ငန္းရွင္က အလီဘာဘာတည္ေထာင္သူ ဂ်က္ခ္မာကိုေက်ာ္တက္ၿပီး တ႐ုတ္တြင္ အခ်မ္းသာဆုံး ပုဂၢိဳလ္ ျဖစ္လာေၾကာင္း သိရသည္။ ေဇာင္ရွန္ရွန္သည္ ႏြန္ဖူေရသန႔္လုပ္ငန္းကို ၁၉၉၆ ခုႏွစ္တြင္ တည္ေထာင္ခဲ့ၿပီး ယခုအခါ မစၥတာ ရွန္ရွန္၏ပိုင္ဆိုင္မွုမွာေဒၚလာ ၅၈ ဒသမ ၇ ဘီလ်ံ ျဖစ္လာကာတ႐ုတ္တြင္ ထိပ္တန္းသူေဌးျဖစ္ေနေၾကာင္း ဘလြန္းဘာ့ဂ္ဘီလ်ံနာညႊန္းကိန္းက ဆိုသည္။

အဆိုပါေရသန႔္ကုမၸဏီသည္ ေဟာင္ေကာင္ စေတာ့အိတ္ခ်ိန္းစာရင္းထဲယခုလဆန္းပိုင္းတြင္ ဝင္သြားၿပီးေနာက္ ရွယ္ယာတန္ဖိုး ခုန္တက္သြားသည့့္အျပင္ ယင္းသူေဌးႀကီးမွာေဆးဝါးထုတ္လုပ္ေရးကုမၸဏီကိုလည္း ပိုင္ထားေၾကာင္း ၊ ယင္းတြင္ ၎၏အစုရွယ္ယာတန္ဖိုးသည္ၾသဂုတ္လတြင္ ေဒၚလာဘီလ်ံ ၂၀အထိ ခုန္တက္သြား ေသးေၾကာင္း သိရသည္။

ထိုကုမၸဏီက တကၠသိုလ္ႏွစ္ခုႏွင့္ပူးေပါင္း၍ကိုဗစ္ ၁၉ ကာကြယ္ေဆး တီထြင္ထုတ္လုပ္မည္ဟု ေျပာထားေသာေၾကာင့္၎မွာတ႐ုတ္တြင္ အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္လာၿပီး အာရွတြင္လည္း အိႏၵိယသူေဌးႀကီး မူကက္ရွ္အမ္ဘာနီၿပီးလၽွင္ ဒုတိယအခ်မ္းသာဆုံး ျဖစ္လာခဲ့ျခင္း ျဖစ္သည္။

ကမၻာ့ထိပ္တတန္းအခ်မ္းသာဆုံး သူေဌးသူႂကြယ္၅၀၀ စာရင္းတြင္ ၎သည္ နံပါတ္ ၁၇ တြင္ ရွိေနေၾကာင္းလည္း သိရသည္။source: Pyi Myanmar

unicode . . .

ရေသန့်ဘူးထုတ်လုပ်သူက ဂျက်ခ်မာကို ကျော်တက်ကာ တရုတ်တွင်အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာ

ရေသန့်ဘူး ထုတ်လုပ်သည့် လုပ်ငန်းရှင်က အလီဘာဘာ တည် ထောင်သူ ဂျက်ခ်မာကိုကျော်တက်ပြီး တရုတ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာကြောင်း သိရသည်။ ဇောင်ရှန်ရှန်သည် နွန်ဖူရေသ န့်လုပ်ငန်းကို ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ယခုအခါ မစ္စတာ ရှန်ရှန်၏ပိုင်ဆိုင်မှုမှာဒေါ်လာ ၅၈ ဒသမ ၇ ဘီလျံ ဖြစ်လာကာ တ ရုတ်တွင် ထိပ်တန်းသူဌေးဖြစ်နေကြောင်း ဘလွန်းဘာ့ဂ်ဘီလျံနာညွှန်းကိန်းက ဆိုသည်။

အဆိုပါ ရေသန့်ကုမ္ပဏီသည် ဟောင်ကောင် စတော့အိတ်ချိန်းစာ ရင်းထဲယခုလဆန်းပိုင်းတွင် ဝင်သွားပြီးနောက် ရှယ်ယာတန်ဖိုး ခုန်တက်သွားသည့်အပြင် ယင်းသူဌေးကြီးမှာဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကိုလည်း ပိုင်ထားကြောင်း ၊ ယင်းတွင် ၎င်း၏အစုရှယ်ယာတန်ဖိုးသည်သြဂုတ်လတွင် ဒေါ်လာဘီလျံ ၂၀အထိ ခုန်တက်သွား သေးကြောင်း သိရသည်။

ထိုကုမ္ပဏီက တက္ကသိုလ်နှစ်ခုနှင့် ပူးပေါင်း၍ ကိုဗစ် ၁၉ ကာကွ ယ်ဆေး တီထွင်ထုတ်လုပ်မည်ဟု ပြောထားသောကြောင့်၎င်းမှာတရုတ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပြီး အာရှတွင်လည်း အိန္ဒိယသူဌေးကြီး မူကက်ရှ်အမ်ဘာနီပြီးလျှင် ဒုတိယအချမ်းသာဆုံး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ထိပ်တတန်းအချမ်းသာဆုံး သူဌေးသူကြွယ်၅၀၀ စာရင်းတွင် ၎င်းသည် နံပါတ် ၁၇ တွင် ရှိနေကြောင်းလည်း သိရသည်။source: Pyi Myanmar

Tags:

Add a Comment

Your email address will not be published. Required fields are marked *