ကိုဗစ္-၁၉ ေရာဂါကုသေရးဌာန ဧရာဝတီစင္တာကိုကိုယ္တိုင္သြားေရာက္ၿပီး အလွူေငြေတြ လွူဒါန္း‌ခဲ့ၾကတဲ့ မင္းသား ေျပတီဦးတို့ဇနီးေမာင္ႏွံ

COVID-19 ေရာဂါကုသေရးဌာန ဧရာဝတီစင္တာကိုကိုယ္တိုင္သြားေရာက္ၿပီး အလွူေငြေတြလွူဒါန္း‌ခဲ့ၾကတဲ့ ေျပတီဦးတို့ဇနီးေမာင္ႏွံ

မင္းသားေခ်ာ ေျပတီဦးနဲ႔ မင္းသမီးေခ်ာ အိျႏၵာေက်ာ္ဇင္တို့ စုံတြဲေလးကေတာ့ အႏုပညာေလာကမွာ လၽွမ္းလၽွမ္းေတာက္ေအာင္ျမင္ေနတဲ့ ဒိတ္ဒိတ္ၾကဲအႏုပညာရွင္ေတြပဲ ျဖစ္ၾကပါတယ္။ အကယ္ဒမီဆုေတြကို ဆြတ္ခူးရယူနိုင္ခဲ့တဲ့ သူတို့ဇနီးေမာင္ႏွံက ပရိသတ္ေတြရဲ့ ခ်စ္ျခင္းေမတၱာေတြကိုလည္း အျပည့္အဝရရွိထားပါေသးတယ္။

ဒါ့အျပင္ သားတစ္ေယာက္၊သမီးတစ္ေယာက္ ပိုင္ဆိုင္ထားတဲ့ ေျပတီဦးတို့ဇနီးေမာင္ႏွံက သာယာခ်မ္းေျမ့တဲ့ အိမ္ေထာင္သည္ ဘဝေလးကို အတူတည္ေဆာက္ထားၾကတာလည္း ျဖစ္ပါတယ္ ။ေျပတီဦးတို့စုံတြဲေလးက ေရွ႕သြားေနာက္လိုက္ညီၿပီး အရမ္းလိုက္ဖက္သလို စိတ္တူကိုယ္တူရွိၾကတာလည္း ျဖစ္ပါတယ္။

အထူးသျဖင့္ အလွူအတန္းရက္ေရာတဲ့ သူတို့စုံတြဲေလးက လိုအပ္ေနတဲ့ေနရာေတြမွာ အျမဲတမ္းပါဝင္လွူဒါန္းေလ့ရွိတာ ျဖစ္ပါတယ္။ အခုလို Covid -19 ေရာဂါျဖစ္ပြားေနတဲ့အခ်ိန္မွာလည္း ေျပတီဦးတို့ဇနီးေမာင္ႏွံက အလွူေငြေတြကို ရက္ရက္ေရာေရာ ပါဝင္လွူဒါန္းေပးခဲ့ၾကတာ ျဖစ္ပါတယ္။

ေျပတီဦးတို့က မိသားစုအလွူအျဖစ္ သိန္း(၂၀) လွူဒါန္းခဲ့သလို ေျပတီဦးေဖာင္ေဒးရွင္းအေနနဲ႔လည္း အလွူေငြ (၁၀)သိန္း ပါဝင္ကူညီခဲ့တာပဲ ျဖစ္ပါတယ္ ။ဒီအေၾကာင္းကို အိျႏၵာေက်ာ္ဇင္က “COVID-19 ေရာဂါကုသေရးဌာန ဧရာဝတီ စင္တာသို့ ေျပတီဦး-အိ​ျႏၵာေက်ာ္ဇင္ မိသားစုမွ အလွူေငြ သိန္း(၂၀) ၊ ေျပတီဦး ပညာေရးေဖာင္ေဒးရွင္းမွ အလွူေငြ (၁၀) သိန္း ပါဝင္လွူဒါန္းခဲ့ပါတယ္”ဆိုၿပီး တင္ထားတာပဲ ျဖစ္ပါတယ္။

ေျပတီဦးတို့ဇနီးေမာင္ႏွံကေတာ့ ဧရာဝတီစင္တာကို ကိုယ္တိုင္သြားေရာက္ၿပီး အလွူေငြေတြကိုေပးအပ္ခဲ့ၾကတာ ျဖစ္ပါတယ္ ။ ကဲ သာဓုေခၚခ်င္စရာေကာင္းတဲ့ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို့ဇနီးေမာင္ႏွံရဲ့အလွူပုံရိပ္ေလးေတြကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္ေနာ္ ။Source & Photo Credit-Eaindra Kyaw Zin’s FB Page

unicode . . .

COVID-19 ရောဂါကုသရေးဌာန ဧရာဝတီစင်တာကိုကိုယ်တိုင်သွားရောက်ပြီး အလှူငွေတွေ လှူဒါန်း‌ခဲ့ကြတဲ့ ပြေတီဦးတို့ ဇနီးမောင်နှံ

မင်းသားချော ပြေတီဦးနဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်တို့ စုံတွဲလေးကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင် မြင်နေတဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေပဲ ဖြစ်ကြပါတယ်။ အက ယ်ဒမီဆုတွေကို ဆွတ်ခူးရယူနိုင်ခဲ့တဲ့ သူတို့ဇနီးမောင်နှံက ပရိသ တ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း အပြည့်အဝ ရရှိထားပါသေးတယ်။

ဒါ့အပြင် သားတစ်ယောက်၊သမီးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ပြေတီဦးတို့ဇနီးမောင်နှံက သာယာချမ်းမြေ့တဲ့ အိမ်ထောင်သည် ဘဝလေးကို အတူတည်ဆောက်ထားကြတာလည်း ဖြစ်ပါတယ် ။ပြေတီဦးတို့စုံတွဲလေးက ရှေ့သွားနောက်လိုက်ညီပြီး အရမ်းလိုက်ဖက်သလို စိတ်တူကိုယ်တူရှိကြတာလည်း ဖြစ်ပါတယ်။

အထူးသဖြင့် အလှူအတန်းရက်ရောတဲ့ သူတို့စုံတွဲလေးက လိုအပ်နေတဲ့နေရာတွေမှာ အမြဲတမ်းပါဝင်လှူဒါန်းလေ့ရှိတာ ဖြစ်ပါတယ်။ အခုလို Covid -19 ရောဂါဖြစ်ပွားနေတဲ့အချိန်မှာလည်း ပြေတီဦးတို့ဇနီးမောင်နှံက အလှူငွေတွေကို ရက်ရက်ရောရော ပါဝင်လှူဒါန်းပေးခဲ့ကြတာ ဖြစ်ပါတယ်။

ပြေတီဦးတို့က မိသားစုအလှူအဖြစ် သိန်း(၂၀) လှူဒါန်းခဲ့သလို ပြေတီဦးဖောင်ဒေးရှင်းအနေနဲ့လည်း အလှူငွေ (၁၀)သိန်း ပါဝင်ကူညီခဲ့တာပဲ ဖြစ်ပါတယ် ။ဒီအကြောင်းကို အိန္ဒြာကျော်ဇင်က “COVID-19 ရောဂါကုသရေးဌာန ဧရာဝတီ စင်တာသို့ ပြေတီဦး-အိန္ဒြာကျော်ဇင် မိသားစုမှ အလှူငွေ သိန်း(၂၀) ၊ ပြေတီဦး ပညာရေးဖောင်ဒေးရှင်းမှ အလှူငွေ (၁၀) သိန်း ပါဝင်လှူဒါန်းခဲ့ပါတယ်”ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။

ပြေတီဦးတို့ ဇနီးမောင်နှံကတော့ ဧရာဝတီစင်တာကို ကိုယ်တိုင်သွားရောက်ပြီး အလှူငွေတွေကို ပေးအပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ ကဲ သာဓုခေါ်ချင်စရာ ကောင်းတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံရဲ့အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။Source & Photo Credit-Eaindra Kyaw Zin’s FB Page

Add a Comment

Your email address will not be published. Required fields are marked *