က်န္းမာေရးအတြက္ အေထာက္ကူျပဳသည့္ ပူစီနံ ႐ြက္အေၾကာင္း သိေကာင္းစရာမ်ား

က်န္းမာေရးအတြက္ အေထာက္ကူျပဳသည့္ ပူစီနံ ႐ြက္အေၾကာင္း သိေကာင္းစရာမ်ား

၁။ ဘက္တီးရီးယား တိုက္ဖ်က္ပူဒီနာကမ်ားေသာအားျဖင့္ေတာ့ ခံတြင္းနံ႔ကို ၾကည္လင္လန္းဆန္းေစတာျဖစ္ ပါတယ္။ ခံတြင္းသန႔္စင္ေဆးရည္ေတြနဲ႔ သြားတိုက္ေဆးေတြမွာ ပူဒီနာထည့္ သြင္းအသုံးျပဳရျခင္းရဲ႕ရည္႐ြယ္ခ်က္က ခံတြင္းနံ႔သင္းပ်ံ႕ေစဖို႔ပဲမဟုတ္ပါဘူး။

ပူဒီနာမွာပိုးမႊားေတြကို ေသေစႏိုင္တဲ့အစြမ္းသတၱိေတြနဲ႔ ခံတြင္းနဲ႔လည္ေခ်ာင္း ကူးစက္ေရာဂါေတြ၊ သြားနဲ႔သြားဖုံးဆိုင္ရာ ေရာဂါေတြကို ကာကြယ္ရာမွာအ ေထာက္အကူေပးႏိုင္တဲ့အျခား ေအာ္ဂဲနစ္ျဒပ္ေပါင္းေတြပါဝင္ေန တာေၾကာင့္ ျဖစ္ပါတယ္။ပူဒီနာ႐ြက္ရဲ႕အဆီအႏွစ္က ပိုးမႊားေတြကိုေသေစႏိုင္သလို ကိုယ္ခံအားစနစ္ကို လည္း အားျဖည့္ေပးပါတယ္။

၂။ အသက္ရွဴလမ္းေၾကာင္းက်န္းမာေရးကို တိုးျမႇင့္ေပးျခင္းပူဒီနာမွာ ေရာင္ရမ္းတာကိုေလ်ာ့ပါးသက္သာေစႏိုင္တဲ့ သဘာဝအစြမ္းသတၱိရွိပါတယ္။ ပူဒီနာကအသက္ရွဴလမ္းေၾကာင္းစနစ္မွာ ခံစားရတဲ့ေဝဒနာေတြအေပၚမွာ ထိထိေရာက္ေရာက္အက်ိဳးသက္ေရာက္မႈရွိ တာကိုေတြ႕ရပါတယ္။

လည္ေခ်ာင္းနာတာ၊ ရင္ဘတ္ထဲက တင္းက်ပ္သလိုခံ စားရတာ၊ အစာမေက်တာနဲ႔ ေလပြတဲ့ေဝဒနာေတြကို ခံစားရတဲ့အခါပူဒီနာ႐ြက္ကို စားသုံးေပးပါက သက္သာေစမွာျဖစ္ပါတယ္။ ပူဒီနာ႐ြက္ရဲ႕ရနံ႔က စိတ္ၾကည္လင္ လန္းဆန္းေအာင္ အေထာက္အကူျပဳပါတယ္။

၃။ အစာေခ်စနစ္ ေကာင္းမြန္ေစပူဒီနာ႐ြက္ကို အစာအိမ္နာတာကို သက္သာေစဖို႔အတြက္အသုံးျပဳေပးလို႔ရပါတယ္။ ပူဒီနာ႐ြက္က အစာအိမ္အူလမ္းေၾကာင္းေဝဒနာေတြကိုလည္း သိသိသာသာ သက္သာေစပါတယ္။ပူဒီနာေရေႏြးၾကမ္းကို ေသာက္ သုံးေပးတာပဲျဖစ္ျဖစ္ ပူဒီနာ႐ြက္ကို ဝါးစားတာမ်ိဳးပဲျဖစ္ျဖစ္လုပ္ေဆာင္ေပးျခင္းျဖင့္ အစာအိမ္နဲ႔ အူလမ္းေၾကာင္းမွာ ေလမသက္တဲ့ေဝဒနာေတြကိုသက္သာေစ ပါတယ္။

၄။ ေဟာ္မုန္း ထိန္းညႇိေပးျခင္းပူဒီနာ႐ြက္က သားဥအိမ္မွာအက်ိတ္တည္တဲ့ေရာဂါ(PCOS) နဲ႔ အျခားေဟာ္ မုန္းမညီမွ်မႈေတြေၾကာင့္ျဖစ္ေပၚခံစားရေလ့ရွိတဲ့ေဝဒနာေတြကို သက္သာေစပါ တယ္။ပူဒီနာ႐ြက္မွာပါဝင္တဲ့ ေအာ္ဂင္းနစ္ျဒပ္ေပါင္းေတြက နည္းမ်ိဳးစုံနဲ႔ အတြင္းထုတ္ဂလင္းစနစ္ေတြကို လႈံ႕ေဆာ္ေပးႏိုင္သလိုဟန႔္တားတာမ်ိဳးလည္း လုပ္ေဆာင္ေပးႏိုင္ပါတယ္။

သည္ေအာ္ဂင္းနစ္ျဒပ္ေပါင္းေတြကေဟာ္မုန္းမညီမွ်မႈ ကိုမွ်တေအာင္လုပ္ေဆာင္ေပးႏိုုင္သလို ဇီဝတြင္းျဖစ္ပ်က္ေျပာင္း လဲမႈဆိုင္ရာ ေဘးထြက္ဆိုးက်ိဳးေတြမျဖစ္ေအာင္ ကာကြယ္ရာမွာအေထာက္အပံ့ေပးသလို အမ်ိဳးသမီးေတြမွာ ပိုလွ်ံေနတဲ့ testosterone ေဟာ္မုန္းပမာဏကို ေလွ်ာ့ခ်ေပးပါတယ္။

၅။ ေသြးလည္ပတ္မႈေကာင္းမြန္ေစပူဒီနာဟာ ေန႔စဥ္လိုအပ္တဲ့သံဓာတ္ပမာဏထက္ ပိုလွ်ံေနတဲ့ပမာဏကိုထိန္းညႇိ ရာမွာအေထာက္အကူျပဳပါတယ္။ ပူဒီနာ႐ြက္က ေသြးနီဥဆဲလ္ေတြနဲ႔ ဟီမိုဂလို ဘင္ထုတ္လုပ္မႈပမာဏကိုတိုးေစပါတယ္။ေသြးအားနည္းတာကို ကာကြယ္ေပး တဲ့အျပင္ ခႏၶာကိုယ္တစ္ခုလုံးအတြင္းမွာ စီးဆင္းေနတဲ့ေသြးလည္ပတ္စီးဆင္းမႈကို တိုးတက္ေအာင္လုပ္ေဆာင္ျခင္းျဖင့္ စြမ္းအင္ပမာဏကို တိုးျမႇင့္ေပးသလို အနာက်က္ျမန္ေအာင္လည္း လုပ္ေဆာင္ေပးပါတယ္။

၆။ ႏွလုံးက်န္းမာေရး ေကာင္းမြန္ေစပူဒီနာမွာ ေသြးဖိအားကို ထိန္းညႇိရာမွာအေရးပါတဲ့ပိုတက္ဆီယမ္ဓာတ္ႂကြယ္ဝ စြာပါဝင္ပါတယ္။ ပိုတက္ဆီယမ္က ေသြးေၾကာေတြကို က်ယ္ေစသလိုေသြးလႊတ္ေၾကာေတြနဲ႔ ေသြးျပန္ေၾကာေတြကို ေလ်ာ့ပါးသက္သာေစပါတယ္။ ပူဒီနာက ေသြးေၾကာမာတာ၊ ေလျဖတ္တာနဲ႔ ႐ုတ္တရက္ ႏွလုံးရပ္တာ ေတြမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

၇။ စိတ္ဖိစီးမႈကို သက္သာေစပူဒီနာမွာပါတဲ့ ပ႐ုတ္ေအးဓာတ္က ခႏၶာကိုယ္ကိုစိတ္ခံစားမႈေကာင္းမြန္ေစၿပီး ေဝဒနာေတြကို ေလ်ာ့ပါးသက္သာေစပါတယ္။ စိတ္ဖိစီးေနရင္ပဲျဖစ္ျဖစ္ စိတ္ပူပန္ေနရင္ပဲျဖစ္ျဖစ္ စိတ္ေျဖေလွ်ာ့ဖို႔လိုေနတဲ့အခါမွာပဲျဖစ္ျဖစ္ ပူဒီနာ ေရေႏြးၾကမ္းတစ္ခြက္ေလာက္ ေသာက္သုံးေပးပါ။ပူစီနာ႐ြက္ျဖင့္ ေငြကုန္ေၾကးက်မမ်ားဘဲ လြယ္လင့္တကူရရွိကာ သဘာဝေဆးစြမ္းသတၱိမ်ားစြာ စုေဝးေနတဲ့အတြက္ေၾကာင့္ ပူစီနာ႐ြက္ကိုလက္လႊတ္မခံၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္။

သတိျပဳရန္ အခ်ိဳ႕ေတြက ပူဒီနာမတည့္တာမ်ိဳးေတြလည္းရွိတတ္ပါတယ္။ ကိုယ္ဝန္ေဆာင္ထားတဲ့အခ်ိန္မွာ ပူဒီနာေရေႏြးၾကမ္းကို အလြန္အကြၽံေသာက္သုံးတာက သားအိမ္ကိုထိခိုက္ေစႏိုင္ပါတယ္။ႏို႔တိုက္မိခင္ျဖစ္ပါက ပူဒီနာေရေႏြးၾကမ္း ကို မေသာက္သုံးသင့္သလို ပူဒီနာ႐ြက္ကိုအလြန္အကြၽံ စားသုံးတာမ်ိဳးကိုလည္း ေရွာင္ၾကဥ္ရမွာျဖစ္ပါတယ္။ပူဒီနာအဆီက အေရျပားနဲ႔မ်က္လုံးကို ပူစပ္ပူေလာင္ျဖစ္ေစႏိုုင္ပါတယ္။

ပူဒီနာအဆီကို အလြန္အကြၽံသုံးစြဲမိပါက ေက်ာက္ကပ္နဲ႔အသည္းကိုထိခိုက္ ေစႏိုင္ပါတယ္။ပူဒီနာေရေႏြးၾကမ္းကို အလြန္အကြၽံေသာက္သုံးမယ္ဆိုရင္လည္း ေက်ာက္ကပ္ပ်က္စီးမႈကို ပိုမိုဆိုး႐ြကားေစသလို အသည္းထိခိုက္ပ်က္စီးမႈလည္း ျဖစ္ေပၚေစႏိုုင္ပါတယ္။

စာဖတ္သူမိဘျပည္သူမ်ားအေနျဖင့္ ကြၽန္ေတာ္တို႔တင္ျပေပးထားသည္ကိုဖတ္၍ ဗဟုသုတအျဖစ္မွတ္သားစရာတစ္ခုခုက်န္ခဲ့မယ္ဆိုရင္ အလြန္ဝမ္းေျမာက္မိမွာပါ။အျခားသူမ်ားလည္းသိေစရန္ျပန္လည္မွ်ေဝျခင္းျဖင့္က်န္းမာ‌ေရး ကုသိုလ္ယူေပးၾကပါရန္ ေမတၱာရပ္ခံအပ္ပါသည္။ ေလးစားစြာျဖင့္ ခရက္ဒစ္

unicode . . .

ကျန်းမာရေးအတွက် အထောက်ကူပြုသည့် ပူစီနံ ရွက်အကြောင်း သိကောင်းစရာများ

၁။ ဘက်တီးရီးယား တိုက်ဖျက်ပူဒီနာကများသောအားဖြင့်တော့ ခံတွင်းနံ့ကို ကြည်လင်လန်းဆန်းစေတာဖြစ် ပါတယ်။ ခံတွင်းသန့် စင်ဆေးရည်တွေနဲ့ သွားတိုက်ဆေးတွေမှာ ပူဒီနာထည့်သွင်းအသုံး ပြုရခြင်းရဲ့ရည်ရွယ်ချက်က ခံတွင်းနံ့သင်းပျံ့စေဖို့ပဲမဟုတ်ပါဘူး။

ပူဒီနာမှာပိုးမွှားတွေကို သေစေနိုင်တဲ့အစွမ်းသတ္တိတွေနဲ့ ခံတွင်းနဲ့လည်ချောင်း ကူးစက်ရောဂါတွေ၊ သွားနဲ့သွားဖုံးဆိုင်ရာ ရောဂါတွေကို ကာကွယ်ရာမှာအ ထောက်အကူပေးနိုင်တဲ့အခြား အော်ဂဲနစ်ဒြပ်ပေါင်းတွေပါဝင်နေ တာကြောင့် ဖြစ်ပါတယ်။ပူဒီနာရွက်ရဲ့အဆီအနှစ်က ပိုးမွှားတွေကိုသေစေနိုင်သလို ကိုယ်ခံအားစနစ်ကို လည်း အားဖြည့်ပေးပါတယ်။

၂။ အသက်ရှူလမ်းကြောင်းကျန်းမာရေးကို တိုးမြှင့်ပေးခြင်းပူဒီနာမှာ ရောင်ရမ်းတာကိုလျော့ပါးသက်သာစေနိုင်တဲ့ သဘာဝအစွမ်း သတ္တိရှိပါတယ်။ ပူဒီနာကအသက်ရှူလမ်းကြောင်းစနစ်မှာ ခံစားရတဲ့ဝေဒနာတွေအပေါ်မှာ ထိထိရောက်ရောက်အကျိုးသက်ရောက်မှုရှိ တာကိုတွေ့ရပါတယ်။

လည်ချောင်းနာတာ၊ ရင်ဘတ်ထဲက တင်းကျပ်သလိုခံ စားရတာ၊ အစာမကျေတာနဲ့ လေပွတဲ့ဝေဒနာတွေကို ခံစားရတဲ့အခါပူဒီနာရွက်ကို စားသုံးပေးပါက သက်သာစေမှာဖြစ်ပါတယ်။ ပူဒီနာရွက်ရဲ့ရနံ့က စိတ်ကြည်လင် လန်းဆန်းအောင် အထောက်အကူပြုပါတယ်။

၃။ အစာချေစနစ် ကောင်းမွန်စေပူဒီနာရွက်ကို အစာအိမ်နာတာကို သက်သာစေဖို့အတွက်အသုံးပြုပေးလို့ရပါတယ်။ ပူဒီနာရွက်က အ စာအိမ်အူလမ်းကြောင်းဝေဒနာတွေကိုလည်း သိသိသာသာ သက် သာစေပါတယ်။ပူဒီနာရေနွေးကြမ်းကို သောက် သုံးပေးတာပဲဖြစ် ဖြစ် ပူဒီနာရွက်ကို ဝါးစားတာမျိုးပဲဖြစ်ဖြစ် လုပ်ဆောင်ပေးခြင်းဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ လေမသက်တဲ့ ဝေဒနာတွေကိုသက်သာစေ ပါတယ်။

၄။ ဟော်မုန်း ထိန်းညှိပေးခြင်းပူဒီနာရွက်က သားဥအိမ်မှာအကျိတ်တည်တဲ့ရောဂါ(PCOS) နဲ့ အခြားဟော် မုန်းမညီမျှမှုတွေကြောင့်ဖြစ်ပေါ်ခံစားရလေ့ရှိတဲ့ဝေဒနာတွေကို သက်သာစေပါ တယ်။ပူဒီ နာရွက်မှာပါဝင်တဲ့ အော်ဂင်းနစ်ဒြပ်ပေါင်းတွေက နည်းမျိုးစုံနဲ့ အ တွင်းထုတ်ဂလင်းစနစ်တွေကို လှုံ့ဆော်ပေးနိုင်သလိုဟန့်တားတာမျိုးလည်း လုပ်ဆောင်ပေးနိုင်ပါတယ်။

သည်အော်ဂင်းနစ်ဒြပ်ပေါင်းတွေက ဟော်မုန်းမညီမျှမှု ကိုမျှတအောင်လုပ်ဆောင်ပေးနိုုင်သလို ဇီဝတွင်းဖြစ်ပျက်ပြောင်း လဲမှုဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ မဖြစ်အောင် ကာကွယ်ရာမှာအ ထောက်အပံ့ပေးသလို အမျိုးသမီးတွေမှာ ပိုလျှံနေတဲ့ testosterone ဟော်မုန်းပမာဏကို လျှော့ချပေးပါတယ်။

၅။ သွေးလည်ပတ်မှုကောင်းမွန်စေပူဒီနာဟာ နေ့စဉ်လိုအပ်တဲ့သံဓာတ်ပမာဏထက် ပိုလျှံနေတဲ့ပမာဏကိုထိန်းညှိ ရာမှာအထောက် အကူပြုပါတယ်။ ပူဒီနာရွက်က သွေးနီဥဆဲလ်တွေနဲ့ ဟီမိုဂလိုဘင်ထုတ်လုပ်မှုပမာဏကိုတိုးစေပါတယ်။သွေးအားနည်းတာကို ကာကွယ်ပေး တဲ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးအတွင်းမှာ စီးဆင်းနေတဲ့သွေးလည်ပတ်စီးဆင်းမှုကို တိုးတက်အောင်လုပ်ဆောင်ခြင်းဖြင့် စွမ်းအင်ပမာဏကို တိုးမြှင့်ပေးသလို အနာကျက်မြန်အောင်လည်း လုပ်ဆောင်ပေးပါတယ်။

၆။ နှလုံးကျန်းမာရေး ကောင်းမွန်စေပူဒီနာမှာ သွေးဖိအားကို ထိန်းညှိရာမှာအရေးပါတဲ့ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝ စွာပါဝင်ပါတယ်။ ပိုတက်ဆီယမ်က သွေးကြောတွေကို ကျယ်စေသလို သွေးလွှတ် ကြောတွေနဲ့ သွေးပြန်ကြောတွေကို လျော့ပါးသက်သာစေပါတယ်။ ပူဒီနာက သွေးကြောမာတာ၊ လေဖြတ်တာနဲ့ ရုတ်တရက် နှလုံးရပ်တာ တွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၇။ စိတ်ဖိစီးမှုကို သက်သာစေပူဒီနာမှာပါတဲ့ ပရုတ်အေးဓာတ်က ခန္ဓာကိုယ်ကိုစိတ်ခံစားမှုကောင်းမွန်စေပြီး ဝေဒနာတွေကို လျော့ပါးသက်သာစေပါတယ်။ စိတ်ဖိစီးနေရင်ပဲဖြစ်ဖြစ် စိတ်ပူပန်နေရင်ပဲဖြစ်ဖြစ် စိတ်ဖြေလျှော့ဖို့လိုနေတဲ့အခါမှာပဲဖြစ်ဖြစ် ပူဒီနာ ရေနွေး ကြမ်းတစ်ခွက်လောက် သောက်သုံးပေးပါ။ပူစီနာရွက်ဖြင့် ငွေကုန် ကြေးကျမများဘဲ လွယ်လင့်တကူရရှိကာ သဘာဝဆေးစွမ်းသတ္တိများစွာ စုဝေးနေတဲ့အတွက်ကြောင့် ပူစီနာရွက်ကို လက်လွှတ်မခံကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

သတိပြုရန် အချို့တွေက ပူဒီနာမတည့်တာမျိုးတွေလည်းရှိတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ထားတဲ့အချိန်မှာ ပူဒီနာရေနွေးကြမ်းကို အလွန်အကျွံသောက်သုံးတာက သားအိမ်ကိုထိခိုက်စေနိုင်ပါတယ်။နို့တိုက်မိခင်ဖြစ်ပါက ပူဒီနာရေနွေးကြမ်း ကို မသောက်သုံးသင့်သ လို ပူဒီနာရွက်ကိုအလွန်အကျွံ စားသုံးတာမျိုးကိုလည်း ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ ပူဒီနာအဆီက အရေပြားနဲ့ မျက်လုံးကို ပူစပ်ပူ လောင်ဖြစ်စေနိုုင်ပါတယ်။

ပူဒီနာအဆီကို အလွန်အကျွံသုံးစွဲမိပါက ကျောက်ကပ်နဲ့အသည်းကိုထိခိုက် စေနိုင်ပါတယ်။ ပူဒီနာရေနွေးကြမ်းကို အလွန်အကျွံသောက်သုံးမယ် ဆိုရင်လည်း ကျောက်ကပ်ပျက်စီးမှုကို ပိုမိုဆိုးရွကားစေသလို အသည်းထိခိုက်ပျက်စီးမှုလည်း ဖြစ်ပေါ်စေနိုုင်ပါတယ်။

စာဖတ်သူ မိဘပြည်သူမျာ းအနေဖြင့် ကျွန်တော်တို့ တင်ပြပေးထားသည်ကိုဖတ်၍ ဗဟုသုတ အဖြစ်မှတ်သားစရာ တစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။အခြားသူများလည်းသိစေရ န်ပြန်လည်မျှဝေခြင်းဖြင့် ကျန်းမာ‌ရေး ကုသိုလ်ယူပေးကြပါရန် မေ တ္တာရပ်ခံအပ်ပါသည်။ လေးစားစွာဖြင့် ခရက်ဒစ်

Tags: