ကိုဗစ်ကြောင့် အိမ်လခ မပေးနိုင်တော့လို့ ရွာပြန်ရတော့မယ် ဆိုတဲ့ အလှမယ်သင်းသင်း






unicode . . .

ကိုဗစ်ကြောင့် အိမ်လခ မပေးနိုင်တော့လို့ ရွာ ပြန်ရတော့မယ် ဆိုတဲ့ သင်းသင်း

သင်းသင်းဟာ ပရဟိတမင်းသားတစ်ဦးဖြစ်သလို အကယ်ဒမီသရုပ်ဆောင် မင်းသားတစ်ဦးလည်းဖြစ်တဲ့ ဝေဠုကျော်က ချစ်သူတွေဖြစ်ခဲ့ကြပြီး သူမကို ကာမလိမ်လည်ခဲ့တယ် ဆိုတဲ့ ကိစ္စတွေနဲ့ ပက်သက်ပြီး လူသိများလာခဲ့ကာ လက်ရှိမှာလည်း တရားစွဲဆိုထားသူပါ။

သူတို့အမှုဟာ အချိန်တစ်နှစ်ကျော်လောက်ကြာခဲ့ပေမယ့် တိကျတဲ့အဖြေခုထိ မထွက်ပေါ်လာသေးဘူးပဲဖြစ်ပါတယ်။လတ်တလောမှာသင်းသင်းဟာ ကိုဗစ်ကြောင့် အိမ်လခမပေးနိုင်တော့လို့ ရွာပြန်တော့မယ်လို့ပြောလာပါတယ်။

သင်းသင်းက “ကားလမ်းတွေ မြန်မြန်ပြန်ဖွင့်ပါစေလို့ပဲ ဆုတောင်းပါတယ်၊ နောက်ထပ်ခြောက်လ အိမ်စာချုပ်ချုပ်ဖို့အတွက် အဆင်မပြေဘူး၊ ဘာလို့လဲဆိုရင် ကိုယ့်ကို မှီခိုနေတဲ့ မိသားစုကလည်း ရှိသေးတယ်၊ စုဆောင်းထားတာမျိုးလည်း မဖြစ်တဲ့အတွက် အိမ်မှာပြန်နေမယ်လို့ပဲ စဉ်းစားထားတယ်” ဆိုပြီးပြောလာပါတယ်။

ပရိသတ်ကြီးအတွက် ကိုဗစ်ကာလမှာ အဆင်မပြေဖြစ်နေတဲ့ သင်သင်းပြေပြတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးလဲ ကိုဗစ်ကာလမှာ ကျန်းမာရေးကို ဂရုစိုက်ကြပါနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *