လတ်တလောမှာတော့ ကိုဗစ်ကာလ အလုပ်တွေရပ်နားထားရတဲ့အချိန်မှာ ထက်ထက်ကတော့ ကုန်ပစ္စည်းမျိုးနဲ့ Live လွှင့် ဈေးရောင်းလျက်ရှိပြီး အားလပ်ချိန်တွေမှာလည်း အရင်တုန်းက ကြော်ငြာလေးတွေ၊ အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးလျက်ရှိပါတယ်။
unicode . . .
လေးတန်းကျောင်းသူဘဝက ပထမဆုရဖူးတဲ့အမှတ်တရလေးကို မျှဝေလာတဲ့ ထက်ထက်မိုးဦး
တစ်ချိန်တုန်းက မြန်မာနိုင်ငံမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေကို သိမ်းပိုက်ခဲ့တဲ့ မင်းသမီးချော ထက်ထက်မိုးဦးကတော့ ယနေ့အ ချိန်ထိလည်း ပရိသတ်ရဲ့မေတ္တာကို အပြည့်အဝရရှိထားတဲ့ အနုပ ညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။
အနုပညာလောက ထဲကို တစ်ဖန်ပြန်လည်ပြီး ဝင်ရောက်လာချိန်မှာလည်း ကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့အပြင် ဆိုင်ဖွင့်ပွဲ၊ ပွဲတက်အခမ်းအနားတွေနဲ့ အနုပညာလှု ပ်ရှားမှုတွေ ဆက်တိုက် လုပ်ဆောင်နေရသူပါ။
လတ်တလောမှာတော့ ကိုဗစ်ကာလ အလုပ်တွေရပ်နားထားရတဲ့အချိန်မှာ ထက်ထက်ကတော့ ကုန်ပစ္စည်းမျိုးနဲ့ Live လွှင့်ဈေး ရောင်းလျက်ရှိပြီး အားလပ်ချိန်တွေမှာလည်းအရင်တုန်းက ကြေ ငြာလေးတွေ၊ အမှတ်တရ ပုံရိပ်လေးတွေကို မျှဝေပေး လျက်ရှိပါတယ်။
ဒီတစ်ခေါက်မှာတော့ ငယ်စဉ်ကလေးဘဝတုန်းက ပထမဆုရဖူးတဲ့ပုံရိပ်လေးကို မျှဝေပေးခဲ့ပါတယ်။ (၄) တန်းကျောင်းသူ မှုံရွှေရည် ထက်ရဲ့နာမည်က မှုံရွှေရည်ပါနော် အနုပညာလုပ်ငန်းတွေကိုတော့ ထက်ထက်မိုးဦးနဲ့လုပ်ပါတယ်ရှင့် ကိုယ့်ဟာကိုမိတ်ဆက်တာ့ ခုနှစ်တော့ မမှတ်မိတော့ဘူးရှင့် ပထမဆုရဖူးတဲ့ အမှတ်တရလေးပါဆိုတဲ့ စာသားလေးနဲ့ အတူ ကလေးဘဝ အမှတ်တရ ပုံရိပ်လေးကို ဖော်ပြခဲ့ပါတယ်။
ထက်ထက်ကတော့ အောင်မြင်ကျော်ကြားခဲ့သူပီပီ သူ့ရဲ့ဇာတိမိုးကုတ်မြို့၊ငယ်နာမည် မှုံရွှေရည် စတာတွေက ပရိသတ်ရင်ထဲမှာ မေ့ပျောက်လို့ မရအောင် အမြဲရှိနေခဲ့တဲ့အရာတွေပါ။
ထက်ထက်ရဲ့ဘဝအကြောင်းအရာတော်တော်များများကို ပရိသတ်ကြီးက သိကြပေမယ့် ငယ်ဘဝတုန်းက ပုံရိပ်လေးကို မမြင်ဖူးသေးသူတွေအတွက် ထက်ထက်မျှဝေပေးလိုက်တဲ့ လေးတန်းကျောင်း သူ မှုံရွှေရည်ရဲ့ပုံရိပ်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော် ။ပရိတ်သက်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့ရက်လေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော် ။Source – Htet Htet Moe Oo