ေမြးလူနာ တစ္ဦးအတြက္ လိုအပ္ေနတဲ့ေသြးကို လွူဒါန္းေပးခဲ့တဲ့ သရုပ္ေဆာင္ပိုင္တံခြန္

ေမြးလူနာ တစ္ဦးအတြက္ လိုအပ္ေနတဲ့ေသြးကို လွူဒါန္းခဲ့တဲ့ ပိုင္တံခြန္

ပိုင္တံခြန္ကေတာ့ A(+) ေသြး အေရးတႀကီးလိုအပ္ေနတဲ့ ေမြးလူနာ တစ္ဦးအတြက္ ေသြးကုသိုလ္ျပဳခဲ့တယ္လို့ သိရပါတယ္။ သ႐ုပ္ေဆာင္ ပိုင္တံခြန္ကေတာ့ ေဒၚခင္ၾကည္ေဆး႐ုံက ေမြးလူနာတစ္ဦးအတြက္ လိုအပ္ေနတဲ့ ေသြး တစ္လုံးကို လွူဒါန္းခဲ့တယ္လို့ သိရပါတယ္။

ေမြးလူနာဟာ A(+) ေသြးျဖစ္တာေၾကာင့္ ပိုင္တံခြန္ကလည္း ေသြးအမ်ိဳးအစား တူတဲ့သူ ျဖစ္တဲ့ အတြက္ ကိုယ္တိုင္ဆက္သြယ္ၿပီး ေသြးလာလွူတာလို့လည္း ဓာတ္ပုံဆရာရဲဟိန္းက အခုလို ေျပာျပထားပါတယ္။

ညကတစ္ညလုံး ရွာေနရတဲ့ေသြးကို မနက္ ၄:၃၀ အခ်ိန္မွာ ခ်စ္ညီေလး Paing Takhon က ကိုႀကီးကၽြန္ေတာ္လွူခ်င္ပါတယ္ ဆိုၿပီးလွမ္းေျပာတာနဲ႔ သူ႔အိမ္သြားေခၚ တစ္ညလုံးမအိပ္ပဲ ခုခ်ိန္ထိ ထိုင္ေစာင့္ၿပီး လိုက္ကူညီေပးတယ္။

ခလိုကူညီတတ္တဲ့စိတ္ေလးေတြရွိတာ ဝမ္းသာပါတယ္ ခ်စ္ညီေလးေရ ေသြးစစ္အေျဖအကုန္ေကာင္းလို့လည္း ပိုဝမ္းသာမိပါတယ္။ ေနာက္လည္း အေရးေပၚခ်ိန္ေတြမွာ ကူညီေပးနိုင္ပါေစ ညီေလးေရ” ဆိုၿပီးေတာ့ စက္တင္ဘာလ (၂၃) ရက္ေန႔ ေန႔လယ္(၂) နာရီေက်ာ္က ဓာတ္ပုံဆ ရာ ရဲဟိန္းရဲ့ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ပိုင္တံခြန္ရဲ့ ေသြးအလွူ အမွတ္တရ ဓာတ္ပုံေတြကို ဓာတ္ပုံဆရာရဲဟိန္းရဲ့ ေဖ့စ္ဘြတ္အေကာင့္မွာလည္း တင္ထားတာ ေတြ႕ရပါတယ္။ ဒီဓာတ္ပုံေတြထဲမွာ ပိုင္တံခြန္ဟာ ေသြးလွူခြင့္ရလို့ ေပ်ာ္ရႊင္ေနတာကို ေတြ႕ရပါတယ္။

ပိုင္တံခြန္ဟာ စက္တင္ဘာလ(၁၇)ရက္ေန႔တုန္းက အသက္(၂၄) ႏွစ္ျပည့္ခဲ့တာ ျဖစ္ၿပီး သူ႔ရဲ့ ေမြးေန႔မွာ ပရိသတ္ေတြနဲ႔ အတူတူ ေသြးလွူခ်င္ေပမယ့္ Covid ကာလမွာ လူစုလူေဝး မျဖစ္ေစခ်င္လို့ လွူခြင့္မရခဲ့ဘူးလို့လည္း သိရပါတယ္။

ပိုင္တံခြန္ဟာ အႏုပညာေလာကထဲကို ေမာ္ဒယ္လ္ တစ္ေယာက္အေနနဲ႔ စတင္ဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္အခုဆိုရင္ေတာ့ သူဟာ နိုင္ငံတကာမွာရွိတဲ့ အႏုပညာရွင္ေတြနဲ႔လည္း လက္တြဲအလုပ္လုပ္ေနရသူ တစ္ေယာက္ျဖစ္ပါတယ္။

သူက ေမာ္ဒယ္လ္အလုပ္သာမက သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ ႐ုပ္ရွင္ကားႀကီးေတြလည္း ရိုက္ကူးေနရၿပီျဖစ္သလို ဂီတဘက္ ကိုလည္း ဝါသနာပါတာေၾကာင့္ သူ႔ရဲ့ တစ္ကိုယ္ေတာ္ Mini Album ေလးျဖစ္တဲ့ “ခ်စ္သူ” ဆိုတဲ့ ေတးစီးရီးကိုလည္း ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ ၁၆ ရက္ေန႔ က ထြက္ရွိခဲ့ပါေသးတယ္။credit

unicode . . .

မွေးလူနာ တစ်ဦးအတွက် လိုအပ်နေတဲ့သွေးကို လှူဒါန်းခဲ့တဲ့ ပိုင်တံခွန်

ပိုင်တံခွန်ကတော့ A(+) သွေး အရေးတကြီးလိုအပ်နေတဲ့ မွေးလူ နာ တစ်ဦးအတွက် သွေးကုသိုလ်ပြုခဲ့တယ်လို့ သိရပါတယ်။ သရု ပ်ဆောင် ပိုင်တံခွန်ကတော့ ဒေါ်ခင်ကြည်ဆေးရုံက မွေးလူနာတစ်ဦးအတွက် လိုအပ်နေတဲ့ သွေး တစ်လုံးကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မွေးလူနာဟာ A(+) သွေးဖြစ်တာကြောင့် ပိုင်တံခွန်ကလည်း သွေးအမျိုးအစား တူတဲ့သူ ဖြစ်တဲ့ အတွက် ကိုယ်တိုင်ဆက်သွယ်ပြီး သွေးလာလှူတာလို့လည်း ဓာတ်ပုံဆရာရဲဟိန်းက အခုလို ပြောပြထားပါတယ်။

ညကတစ်ညလုံး ရှာနေရတဲ့သွေးကို မနက် ၄:၃၀ အချိန်မှာ ချစ်ညီလေး Paing Takhon က ကိုကြီးကျွန်တော်လှူချင်ပါတယ် ဆိုပြီးလှမ်းပြောတာနဲ့ သူ့အိမ်သွားခေါ် တစ်ညလုံးမအိပ်ပဲ ခုချိန်ထိ ထိုင်စောင့်ပြီး လိုက်ကူညီပေးတယ်။

ခုလိုကူညီတတ်တဲ့စိတ်လေးတွေရှိတာ ဝမ်းသာပါတယ်ချစ်ညီလေးရေ သွေးစစ်အဖြေအကုန်ကောင်းလို့လည်း ပိုဝမ်းသာမိပါတယ်။ နောက်လည်း အရေးပေါ်ချိန်တွေမှာ ကူညီပေးနိုင်ပါစေ ညီလေးရေ” ဆိုပြီးတော့ စက်တင်ဘာလ (၂၃) ရက်နေ့ နေ့လယ်(၂) နာရီကျော်က ဓာတ်ပုံဆရာ ရဲဟိန်းရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့ သွေးအလှူ အမှတ်တရ ဓာတ်ပုံတွေကို ဓာတ်ပုံဆရာရဲဟိန်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာလည်း တင်ထားတာ တွေ့ရပါတ ယ်။ ဒီဓာတ်ပုံတွေထဲမှာ ပိုင်တံခွန်ဟာ သွေးလှူခွင့်ရလို့ ပျော်ရွှင်နေတာကို တွေ့ရပါတယ်။

ပိုင်တံခွန်ဟာ စက်တင်ဘာလ(၁၇)ရက်နေ့တုန်းက အသက်(၂၄) နှစ်ပြည့်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ မွေးနေ့မှာ ပရိသတ်တွေနဲ့ အတူတူ သွေးလှူချင်ပေမယ့် Covid ကာလမှာ လူစုလူဝေး မဖြစ်စေချင်လို့ လှူခွင့်မရခဲ့ဘူးလို့လည်း သိရပါတယ်။

ပိုင်တံခွန်ဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်အခုဆိုရင်တော့ သူဟာ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက်ဖြစ်ပါတယ်။

သူက မော်ဒယ်လ်အလုပ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရပြီဖြစ်သလို ဂီတဘက် ကိုလည္သနာပါတာကြောင့် သူ့ရဲ့တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ “ချစ်သူ” ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။credit

Add a Comment

Your email address will not be published. Required fields are marked *