သရုပ်ဆောင်မောင်မှာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့
unicode . . .
ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ် ဆိုတဲ့ သရုပ်ဆောင် မောင်
သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ မောင် ဖြစ်သူ သရုပ်ဆောင် မောင်ဟာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်နော်။ သရုပ်ဆောင် မောင်ကတော့ ပိုးတွေ့တဲ့ကြောင်း ခုလို ပြောပြလာတာပါ။
ကျွန်တော်တို့စစ်ထားတဲ့အဖြေရပါပြီ။ ကျွန်တော်ရယ်၊ ၅နှစ်လေးရယ်၊ အိမ်အကူ ၃ ယောက်ရယ် Positive ဖြစ်ပြီး၊ အကြီး နှစ်ယောက်ရယ် ၈၆ နှစ်အဖွားရယ်က Negative ပါ။
၁၀ နှစ်သားဝန်းကျင် ကလေးနှစ်ယောက်နဲ့ ၈၆ နှစ်အဖွားကို ဒီတိုင်းထားခဲ့လို့မဖြစ်နိုင်တဲ့အတွက် ရီရီ က Q လိုက်ဝင်ပြီး က လေးနှစ်ယောက်နဲ့နေပေးနေတာပါ။
အငယ်ဆုံးလေးကို အမေရှိတဲ့တောင်ဥက္ကလာဆေးရုံ လိုက်ပို့ပေးလို့ရအောင်ကူညီပေးတဲ့ ကျန်းမာရေးက အစ်ကိုတွေနဲ့ သူငယ်ချင်းတွေကိုလဲကျေးဇူးအများကြီးတင်ပါတယ်။
ကျွန်တော်ကတော့ ဧရာဝတီစင်တာမှာ ရောက်နေပါပြီ။ အားလုံးကတော့ ကျန်းကျန်းမာမာပါပဲ။ အငယ်လေးလဲ Positive ဆိုပင်မဲ့ အမေစီရောက်သွားလို့ စိတ်အေးရပါပြီ။
အကြီးနှစ်ယောက်လဲ အန်တီ အသစ်လေးနဲ့ အစဉ်ပြေနေတယ်လို့ ဝမ်းမနည်းစွာ ပြောပြလာတာဘဲ ဖြစ်ပါတယ်။သရုပ်ဆောင် မောင် မြန်မြန်ပြန်ပြီး ပျောက်ကင်းပါစေနော်။credit