ဩစေၾတးလ်ကမ္းရိုးတန္းအနီးမွာ ေသာင္တင္ပိတ္မိေနသည့္ ေဝလငါးအေကာင္ေရ ၂၇၀ကို ကယ္ထုတ္ရန္ႀကိဳးပမ္းေန

ဩစေၾတးလ်ကမ္းရိုးတန္းအနီး ေသာင္တင္ပိတ္မိေနသည့္ ေဝလငါးအေကာင္ေရ ၂၇၀ ကို ကယ္ထုတ္ရန္ ႀကိဳးပမ္းေန

ဩစေၾတးလ်နိုင္ငံေတာင္ပိုင္း တက္စမန္းနီးယားကၽြန္းရဲ့ကမ္းရိုးတန္းအနီးမွာ ေသာင္တင္ပိတ္မိေနတဲ့ ေဝလငါးအေကာင္ေရ ၂၇၀ နီးပါးကို ကယ္ထုတ္ေပးနိုင္ဖို့ ႀကိဳးပမ္းေနၾကပါတယ္။

ေရယက္ရွည္လမ္းျပေဝလငါးေတြျဖစ္ၾကၿပီး ေရေအာက္သဲေသာင္ေကြ႕ေတြေၾကာင့္ မက္ကြာရီဆိပ္ကမ္းအနီး ေရတိမ္ပိုင္းမွာပိတ္မိေနၾကတာလို့ သိရပါတယ္။

ပိတ္မိေနခဲ့တဲ့ အေကာင္ေရ ၂၇ဝအထဲက ၃ပုံ ၁ပုံမၽွေလာက္က ေသဆုံးသြားခဲ့ၿပီျဖစ္တဲ့အတြက္ ေနာက္ထပ္ေဝလငါးေတြေသကုန္မွာကို စိုးရိမ္ေနၾကပါတယ္။

ဒါ့ေၾကာင့္ မ်ားျပားလွတဲ့ဒီေဝလငါးေတြကို ေရနက္ပိုင္းျပန္ေရာက္သြားေစဖို့ ကယ္ဆယ္ေရးသမားေတြက ဒီေန႔မွာပဲ ခ်က္ခ်င္းကူညီႀကိဳးပမ္းေပးေနၾကၿပီျဖစ္ပါတယ္။

အဏၰဝါပညာရွင္ေတြနဲ႔ ကယ္ဆယ္ေရးသမားေတြက ေဝလငါးေတြ ေရနက္ထဲေဘးကင္းကင္းနဲ႔ ျပန္ေရာက္သြားေစဖို့ အေကာင္းဆုံးကယ္ဆယ္ေရးနည္းလမ္းရွာေဖြၿပီး ႀကိဳးပမ္းေပးေနၾကပါတယ္လို့ တက္စမန္းနီးယားဥယ်ာဥ္ႏွင့္ ေတာရိုင္းတိရစၧာန္အဖြဲ႕ရဲ့ မန္ေနဂ်ာနစ္ဒီကာက ဆိုပါတယ္။source : Pyi Myanmar

unicode . . .

ဩစတြေးလျကမ်းရိုးတန်းအနီး သောင်တင်ပိတ်မိနေသည့် ဝေလ ငါးအကောင်ရေ ၂၇၀ ကို ကယ်ထုတ်ရန် ကြိုးပမ်းနေ

ဩစတြေးလျနိုင်ငံတောင်ပိုင်း တက်စမန်းနီးယားကျွန်းရဲ့ကမ်းရိုး တန်းအနီးမှာ သောင်တင်ပိတ်မိနေတဲ့ ဝေလငါးအကောင်ရေ ၂၇၀ နီးပါးကို ကယ်ထုတ်ပေးနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

ရေယက်ရှည်လမ်းပြဝေလငါးတွေဖြစ်ကြပြီး ရေအောက်သဲသောင်ကွေ့တွေကြောင့် မက်ကွာရီဆိပ်ကမ်းအနီး ရေတိမ်ပိုင်းမှာပိတ်မိနေကြတာလို့ သိရပါတယ်။

ပိတ်မိနေခဲ့တဲ့ အကောင်ရေ ၂၇ဝအထဲက ၃ပုံ ၁ပုံမျှလောက်က သေဆုံးသွားခဲ့ပြီဖြစ်တဲ့အတွက် နောက်ထပ်ဝေလငါးတွေသေကုန်မှာကို စိုးရိမ်နေကြပါတယ်။

ဒါ့ကြောင့် များပြားလှတဲ့ဒီဝေလငါးတွေကို ရေနက်ပိုင်းပြန်ရောက်သွားစေဖို့ ကယ်ဆယ်ရေးသမားတွေက ဒီနေ့မှာပဲ ချက်ချင်းကူညီကြိုးပမ်းပေးနေကြပြီဖြစ်ပါတယ်။

အဏ္ဏဝါပညာရှင်တွေနဲ့ ကယ်ဆယ်ရေးသမားတွေက ဝေလငါးတွေ ရေနက်ထဲ ဘေးကင်းကင်းနဲ့ ပြန်ရောက်သွားစေဖို့ အကောင်းဆုံးကယ်ဆယ်ရေးနည်းလမ်းရှာဖွေပြီး ကြိုးပမ်းပေးနေကြပါတယ်လို့ တက်စမန်းနီးယားဥယျာဉ်နှင့် တောရိုင်းတိရစ္ဆာန်အဖွဲ့ရဲ့ မန်နေဂျာနစ်ဒီကာက ဆိုပါတယ်။source : Pyi Myanmar