ပစ္စည်းတွေ အမှိုက်ပုံကကောက်ပြီး ရောင်းနေရတဲ့ ဆင်းရဲနွမ်းပါးတဲ့ (၆၅)အိမ်ကို ထောက်ပံ့ကူညီခဲ့တဲ့ လူရွှင်တော် ဒိန်းဒေါင်
unicode . . .
ပစ္စည်းတွေ အမှိုက်ပုံကကောက်ပြီး ရောင်းနေရတဲ့ ဆင်းရဲနွမ်းပါးတဲ့ (၆၅)အိမ်ကို ထောက်ပံ့ကူညီခဲ့တဲ့ ဒိန်းဒေါင်
ပရိသတ်တွေကို ရယ်မောစရာဟာသတွေနဲ့ ဖျော်ဖြေပေးခဲ့တဲ့ ဒိန်းဒေါင်တစ်ယောက် ပရိသတ်တွေကိုလည်း ပြန်ပြီးအကျိုးပြုခဲ့ ပါသေးတယ်။ သက်ကြီးလူရွှင်တော်တွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးရုံမကဘဲ အလှူရှင်တစ်ချို့နဲ့ပူးပေါင်းပြီး ချို့တဲ့သူတွေကိုပါကူညီထောက်ပံ့ပေးနေခဲ့ပါသေးတယ်။
ဒီနေ့မှာလည်း အမှိုက်ပုံက စွန့်ပစ် ပစ္စည်းတွေကို ကောက်ယူပြီး အ ဆင်ပြေရာ ရွေးကာ ရောင်းစားနေရတဲ့ အခြေခံလူတန်းစားတွေအ တွက် အိမ်ခြေ (၆၅) ခုစာ ဆန်နဲ့ဆီတွေကို အလှူရှင်တွေနဲ့ ပူးပေါင် လှူတန်းပေးခဲ့ပါတယ်။ ကိုယ်တိုင်လည်းအများကြီး အဆင်ပြေနေတာ မဟုတ်ပေမယ့် ကိုယ့်လောက် အဆင်မပြေသူတွေကို ငဲ့ကြည့်တတ်တဲ့ စိတ်သဘောထားကတော့ လေးစားစရာပါ။
အားလုံးရဲ့စုပေါင်းအလှူလေးကို ” အမှိုက်ပုံကစွန့်ပစ်ပစ္စည်းတွေကိုကောက်ပြီးရောင်းစားရတဲ့ ဘဝလေးတွေ အဆင်ပြေအောင် အ လှူဆိုလက်မနှေးတဲ့ ကိုစိုးဝင်းထက်နှင့် ဇနီးဒေါ်မာလာအေး သားမောင်စိုးလင်းထူး (ခ) ဖိုးလပြည့်မိသားစုကအိမ်ထောင်စု (65)ခုအတွက် ဆန်နှင့်ဆီများကို လှူဒါန်းခဲ့ပါတယ် ကျွန်တော်လဲပါတာပေါ့လေ နတ်လူသာဓုခေါ်စေသော် ” ဆိုပြီး ဒိန်းဒေါင်က ကုသိုလ်မျှဝေပေးခဲ့ပါ တယ်။Source : Dain Daung’s Facebook