သင့္ရဲ့ အသည္ကိုသန္႔႐ွင္းေစမယ့္ စူပါအစားအစာ(၆)မ်ိဳး

အသည္းကိုသန္႔႐ွင္းေစမယ့္ စူပါအစားအစာ (၆) မ်ိဳး

ခႏၶာကိုယ္ထဲကို အဆိပ္အေတာက္ေတြဟာ ေန႔စဥ္ နည္းေပါင္းစံုနဲ႔ ဝင္ေရာက္ေနၾကတယ္။ တစ္ေန႔တည္းနဲ႔ အမ်ားႀကီးလည္း ျဖစ္ခ်င္ျဖစ္ေနတယ္။ ဒီလိုအဆိပ္အေတာက္ေတြကို သန္႔စင္ေပးရတဲ့ လုပ္ငန္းကို အဓိကလုပ္တာကေတာ့ အသည္းပါ။ ဒါေၾကာင့္မို႔လို႔ အသည္းကို က်န္းမာေအာင္၊ သန္႔ရွင္းေနေအာင္ ဂ႐ုတစိုက္ ေနထုိင္စားေသာက္ဖုိ႔ အေရးႀကီးတယ္ေလ။ အသည္းကို သန္႔႐ွင္းေစမယ့္ အစားအေသာက္ေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ ၾကက္သြန္ျဖဴ ၾကက္သြန္ျဖဴမွာ ပါဝင္တဲ့ sulfur ၊ selenium နဲ႔ allicin တုိ႔ေၾကာင့္ အသည္းကို ေကာင္းက်ိဳးေပးပါတယ္။ အသည္းကို က်န္းမာသန္႔ရွင္းေစပါတယ္။ အသည္းအတြက္ အေကာင္းဆံုး အစားအစာလို႔ေတာင္ ေျပာလို႔ရမယ္။

၂။ ဂရိတ္ဖ႐ုသီး ဂရိတ္ဖ႐ုသီးမွာ ဓာတ္တုိးဆန္႔က်င္ပစၥည္းေတြ မ်ားျပားစြာ ပါဝင္ေနပါတယ္။ ဒါေၾကာင့္မို႔လို႔ ဂရိတ္ဖ႐ုသီးကို စားသံုးေပးရင္ အသည္းကို သဘာဝနည္းနဲ႔ သန္႔ရွင္းေပးရာေရာက္ပါတယ္။ ဂရိတ္ဖ႐ုသီးကို အရည္ညႇစ္ၿပီး တစ္ဖန္ခြက္ေလာက္ ေသာက္ရံုနဲ႔ သိသာပါတယ္။ အဆိပ္အေတာက္ေတြကို ဖယ္ရွားမယ့္ အင္ဇိုင္းေတြ အသည္းကေနထုတ္လႊတ္မႈ ပိုမ်ားလာပါတယ္။

၃။ လက္ဖက္စိမ္း Green Tea (လက္ဖက္စိမ္း)မွာ catechin လို႔ေခၚတဲ့ ျဒပ္ေပါင္းတစ္မ်ိဳး ပါဝင္ပါတယ္။ ယင္းျဒပ္ေပါင္းက အသည္းကို အားျဖည့္ေပးၿပီး သန္႔ရွင္းေစပါတယ္။

၄။ အစိမ္းေရာင္ဟင္းသီးဟင္းရြက္ အထူးသျဖင့္ အစိမ္းေရာင္ ဟင္း႐ြက္ေတြက အသည္းအတြက္ေတာ့ သူငယ္ခ်င္းေကာင္းေတြေပါ့။ စိမ္းေရာင္ျခယ္ပစၥည္း (chlorophylls) ေတြ ၾကြယ္ဝစြာ ပါဝင္တယ္ေလ။ ကလို႐ိုဖီးလ္ေတြဟာ ေသြးေၾကာထဲက အဆိပ္ေတြကို စုပ္ယူဖုိ႔အတြက္ အေထာက္အကူေကာင္းျဖစ္ေစပါတယ္။ စားထားတဲ့ အစားအေသာက္ေၾကာင့္ ကိုယ္တြင္းကိုေရာက္လာတဲ့ အဆိပ္ေတြကိုလည္း ဓာတ္ျပယ္ေစတယ္။

၅။ ေထာပတ္သီး အလွအပအတြက္ နာမည္ေက်ာ္တဲ့ ေထာပတ္သီးက အသည္းအတြက္လည္း ေကာင္းတယ္ဆုိတာ သိပါသလား။ ေထာပတ္သီးစားပါ။ Glutathione လို႔ ေခၚတဲ့ ျဒပ္ေပါင္းတစ္မ်ိဳး ပါဝင္လုိ႔ အသည္းကို သန္႔႐ွင္းေစပါတယ္။ ေဘးဥပါဒ္ျဖစ္ေစတဲ့ အဆိပ္ေတြကိုလည္း ဖယ္႐ွားေပးႏုိင္ပါသတဲ့။

၆။ပန္းသီး အသည္းအတြက္ ေကာင္းက်ိဳးျဖစ္ေစမယ့္ ေနာက္ထပ္ သစ္သီးတစ္မ်ိဳးကို ညႊန္းရရင္ေတာ့ ပန္းသီးပါ။ပန္းသီးမွာပါဝင္တဲ့ pectin ဆုိတဲ့ ဓာတုပစၥည္းတစ္မ်ိဳးက အစာေျခလမ္းေၾကာင္း၊ အသည္းနဲ႔ ခႏၶာကိုယ္ရဲ႕ အျခားအစိတ္အပိုင္းေတြကိုပါ သန္႔ရွင္းေစပါတယ္။ Credit ယမင္းျဖဴ

unicode . . .

အသည်းကိုသန့်ရှင်းစေမယ့် စူပါအစားအစာ (၆) မျိုး

ခန္ဓာကိုယ်ထဲကို အဆိပ်အတောက်တွေဟာ နေ့စဉ် နည်းပေါင်းစုံနဲ့ ဝင်ရောက်နေကြတယ်။ တစ်နေ့တည်းနဲ့ အများကြီးလည်း ဖြစ်ချင်ဖြစ်နေတယ်။ ဒီလိုအဆိပ်အတောက်တွေကို သန့်စင်ပေးရတဲ့ လုပ် ငန်းကို အဓိကလုပ်တာကတော့ အသည်းပါ။ ဒါကြောင့်မို့လို့ အသ ည်းကို ကျန်းမာအောင်၊ သန့်ရှင်းနေအောင် ဂရုတစိုက် နေထိုင်စားသောက်ဖို့ အရေးကြီးတယ်လေ။ အသည်းကို သန့်ရှင်းစေမယ့် အ စားအသောက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ sulfur ၊ selenium နဲ့ allicin တို့ကြောင့် အသည်းကို ကောင်းကျိုးပေးပါတယ်။ အသည်းကို ကျန်းမာသန့်ရှင်းစေပါတယ်။ အသည်းအတွက် အကောင်းဆုံး အစားအစာလို့တောင် ပြောလို့ရမယ်။

၂။ ဂရိတ်ဖရုသီး ဂရိတ်ဖရုသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များပြားစွာ ပါဝင်နေပါတယ်။ ဒါကြောင့်မို့လို့ ဂရိတ်ဖရုသီးကို စားသုံးပေးရင် အသည်းကို သဘာဝနည်းနဲ့ သန့်ရှင်းပေးရာရောက်ပါတယ်။ဂရိတ်ဖရုသီးကို အရည်ညှစ်ပြီး တစ်ဖန်ခွက်လောက် သော က်ရုံနဲ့ သိသာပါတယ်။ အဆိပ်အတောက်တွေကို ဖယ်ရှားမယ့် အင်ဇိုင်းတွေ အသည်းကနေထုတ်လွှတ်မှု ပိုများလာပါတယ်။

၃။လက်ဖက်စိမ်းGreenTea(လက်ဖက်စိမ်း)မှာ catechin လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်ပါတယ်။ ယင်းဒြပ်ပေါင်းက အ သည်းကို အားဖြည့်ပေးပြီး သန့်ရှင်းစေပါတယ်။

၄။ အစိမ်းရောင် ဟင်းသီးဟင်းရွက် အထူးသဖြင့် အစိမ်းရောင် ဟင်းရွက်တွေက အသည်းအတွက်တော့ သူငယ်ချင်းကောင်းတွေပေါ့။ စိမ်းရောင်ခြယ်ပစ္စည်း (chlorophylls) တွေ ကြွယ်ဝစွာ ပါဝင်တယ်လေ။ ကလိုရိုဖီးလ်တွေဟာ သွေးကြောထဲက အဆိ ပ်တွေကို စုပ်ယူဖို့အတွက် အထောက်အကူကောင်းဖြစ်စေပါတယ်။ စားထားတဲ့ အစားအသောက်ကြောင့် ကိုယ်တွင်းကိုရောက်လာတဲ့ အဆိပ်တွေကိုလည်း ဓာတ်ပြယ်စေတယ်။

၅။ ထောပတ်သီး အလှအပအတွက် နာမည်ကျော်တဲ့ ထောပတ် သီးက အသည်းအတွက်လည်း ကောင်းတယ်ဆိုတာ သိပါသလား။ ထောပတ်သီးစားပါ။ Glutathione လို့ ခေါ်တဲ့ ဒြပ်ပေါင်းတ စ်မျိုး ပါဝင်လို့ အသည်းကို သန့်ရှင်းစေပါတယ်။ဘေးဥပါဒ်ဖြစ်စေတဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါသတဲ့။

၆။ပန်းသီး အသည်းအတွက် ကောင်းကျိုးဖြစ်စေမယ့် နောက်ထပ် သစ်သီးတစ်မျိုးကို ညွှန်းရရင်တော့ ပန်းသီးပါ။ပန်းသီးမှာပါဝင်တဲ့ pectin ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးက အစာခြေလမ်းကြောင်း၊ အသည်းနဲ့ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကိုပါ သန့်ရှင်းစေပါတယ်။ Credit ယမင်းဖြူ

Tags: