ယခုအခ်ိန္မွာ mask မတပ္ဘဲ ေလၽွာက္သြားလို့ရတဲ့ တခုထဲေသာနိုင္ငံ

ယခုအခ်ိန္မွာ mask မတပ္ဘဲ ေလၽွာက္သြားလို့ရတဲ့ တခုထဲေသာနိုင္ငံ

ကမၻာ့ေနရာ အေတာ္အမ်ားမ်ားမွာ ႏွာေခါင္းစည္း မ်က္ႏွာဖုံး တပ္ေနၾကေပမယ့္ ဆြီဒင္မွာေတာ့ မတပ္ၾကပါဘူး။ ကမၻာ့ကပ္ေရာဂါေဘး ျဖစ္စကတည္းက ဥေရာပနိုင္ငံအမ်ားစုမွာ ေက်ာင္း၊ ေပ်ာ္ပြဲစား႐ုံ၊ အားက စားခန္းမ၊ နယ္စပ္ဂိတ္ကအစ ပိတ္ခ်ထားေပမယ့္ ဆြီဒင္ကေတာ့ လြတ္လပ္ခြင့္ေတြ ခံစားေနျမဲပါ။ဥေရာပေျမာက္ပိုင္း စကင္ဒီေနးဗီးယား နိုင္င္ငံေတြအၾကား လူဦးေရခ်င္းႏွိုင္းစာရင္ ဆြီဒင္မွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ လူေသႏွုန္းက အမ်ားႀကီးပိုျမင့္ဖူးပါတယ္။

ခုေတာ့ လူဦးေရ ဆယ္သန္းရွိတဲ့ ဒီနိုင္ငံမွာ ကိုဗစ္ကူးစက္သူ အနည္းဆုံးျဖစ္ေနၿပီး အထူးၾကပ္မတ္ကုသခန္းမွာ ဗိုင္းရပ္စ္လူနာ ၁၄ ဦးပဲ ရွိပါတယ္။ဆြီဒင္ရဲ့ မဟာဗ်ဴဟာ ေအာင္ျမင္ေနေပမယ့္ ေသခ်ာလွတယ္ေတာ့ မဟုတ္ေသးပါဘူး။ လက္ရွိအေျခအေနဟာ ေသခ်ာၿပီလို့ ေျပာဖို့ေစာေသးသလို ကပ္ေရာဂါေဘး ရင္ဆိုင္ေနရတဲ့ တနိုင္ငံနဲ႔ တနိုင္ငံ အေျခေနခ်င္း ကြဲျပားျခားနားပါတယ္လို့ က်န္းမာေရးတာဝန္ရွိသူေတြက ထပ္တလဲလဲ သတိေပးေနတာပါ။

ဒါေပမယ့္ ဆြီဒင္နမူနာကိုက်ယ္က်ယ္ျပန႔္ျပန႔္ ေလ့လာရင္ က်န္ဥေရာပနိုင္ငံေတြအဖို့လည္း ကိုဗစ္စစ္ပြဲမွာ အေထာက္အကူျပဳမွာပါလို့ ကမၻာ့က်န္းမာေရးအဖြဲ႕ WHO (World Health Organization) ဥေရာပဌာနခြဲ တာဝန္ရွိ သူေတြက ေျပာပါတယ္။“အေနာက္ဥေရာပနိုင္ငံေတြမွာလို ေရာဂါကူးစက္မွု တိုးပြားလာတာကို ဆြီဒင္က ေရွာင္လို့ရထားပါတယ္။”လို့ WHO ဥေရာပဌာနက အေရးေပၚကိစၥ အႀကီးတန္းအရာရွိ Catherine Smallwood က ေျပာပါတယ္။ “နမူနာယူစရာ ေတြ ရွိပါတယ္။ ဆြီဒင္ရဲ့ ခ်ဥ္း ကပ္ပုံကို ပိုၿပီး ၾကားသိခ်င္ပါေသးတယ္။

လြန္ခဲ့တဲ့ ၁၄ ရက္အတြင္း ဆြီဒင္နဲ႔ က်န္ဥေရာနိုင္ငံေတြ ကူးစက္ႏွုန္းကို ၾကည့္ရင္ ဆြီဒင္က လူတသိန္းမွာ ၃၀ ဒသမ ၃ ဦးႏွုန္း ေတြ႕ရွိခ်ိန္မွာ စပိန္မွာ ၂၉၂ ဒသမ ၂ ဦး၊ ျပင္သစ္ (၁၇၂ ဒသမ ၁)ဦး၊ ယူေက (၆၁ ဒသမ ၈) ဦး၊ ဒိန္းမတ္ (၆၉ ဒသမ ၂) ဦး အသီးသီးျဖစ္ပါတယ္။ဒီနိုင္ငံေတြဟာ ကပ္ေရာဂါ က်ေရာက္စ အေစာပိုင္းကတည္းက ေလာ့ခ္ေဒါင္း ခ်ခဲ့တာပါ။ ကပ္ေရာဂါ စတင္ခ်ိန္ကစလို့ ဆြီဒင္ တနိုင္ငံလုံးမွာ ကိုဗစ္ကူးစက္မွု ၈၈,၂၃၇ ဦး၊ ေသဆုံးသူ ၅,၈၆၄ ဦး၊ တနည္းအားျဖင့္ လူတသိန္းမွာ ၅၇ ဒသမ ၅ ဦး အသက္ဆုံးရွုံးပါတယ္။

ဆြီဒင္ဗ်ဴဟာကို ျပင္ပက ဘယ္လိုျမင္သလဲဆိုတာ ကပ္ေရာဂါေဘး ဘယ္အဆင့္တုန္းကအျမင္လဲဆိုတဲ့အေပၚ မူတည္ပါတယ္။ စားေသာက္ဆိုင္မွာ သူငယ္ခ်င္းေတြနဲ႔ ညစာစားေနၾကတာ၊ စေတာ့ဟုမ္းၿမိဳ့ေတာ္ ကမ္းနားမွာ ေကာ့ေတးယမကာ စုပ္ေနၾကတာေတြကို ၾကည့္ၿပီး ယုံရခက္ေနၾကပါတယ္။ ဆြီဒင္မွာ လုပ္ငန္းေတြ အလုပ္အကိုင္ မပ်က္ လည္ပတ္ေနတာကို မနာလိုျဖစ္ၾကပါတယ္။ဒီေနာက္ ဘိုးဘြားရိပ္သာေတြ၊ နာတာရွည္ေဆး႐ုံေတြမွာ ဗိုင္းရပ္စ္ ကူးစက္သြားတဲ့အခါ ထိတ္လန႔္တုန္လွုပ္ကုန္ၾကပါတယ္။

ဧၿပီလလယ္အေရာက္မွာ ေန႔စဥ္လူတရာ ေသဆုံးခ်ိန္မွာ က်န္ဥေရာပနိုင္ငံေတြမွာ ေသဆုံးႏွုန္း က်ေနတာပါ။ခုေတာ့ ဥေရာပတလႊား ကိုဗစ္ဒုတိယလွိုင္းကို ထိတ္လန႔္ေနခ်ိန္မွာ ဆြီဒင္ကို ခ်ီးက်ဴးေနၾကၿပီး ျပင္သစ္၊ ယူေက စတဲ့နိုင္ငံေတြက ဆြီဒင္ရဲ့ေအာင္ျမင္မွုကို သြားေမးေနရပါၿပီ။ဒါေပမယ့္ ကပ္ေရာဂါေဘး ကိုင္တြယ္မွုအေပၚ စုံစမ္းစစ္ေဆးတဲ့ ဆြီဒင္အစိုးရေကာ္မရွင္ကေတာ့ ခက္ခဲတဲ့ ေမးခြန္းေတြ ရွိေနပါတယ္။ ဘိုးဘြားရိပ္သာေတြကို ကန႔္သတ္တာ ေနာက္က်လြန္းသလား၊ ကိုဗစ္ေၾကာင့္ ေသဆုံး သူထက္ဝက္က ဘိုးဘြားရိပ္သာေတြကပါ။

အဲဒီက ဝန္ထမ္းေတြကို အကာအကြယ္ပစၥည္း ေထာက္ပံ့မွု ေႏွးေကြးခဲ့သလား၊ က်ယ္က်ယ္ျပန႔္ျပန႔္ စမ္းသပ္မွု ဘာေၾကာင့္ ေႏွင့္ေႏွးခဲ့သလဲ၊ စတဲ့ေမးခြန္းေတြပါပဲ။ကိုဗစ္ဒုတိယလွိုင္းကို ပစ္ပယ္လို့မရသလို အထက္တန္းေက်ာင္းေတြ ျပန္ဖြင့္ခ်ိန္ကိုလည္း အထူးစိုးရိမ္ရတယ္လို့ ကူးစက္ေရာဂါ ပ်ံ႕ပြားမွု ကာကြယ္ေရး အထူးကုဆရာဝန္မ်ား အႀကီးအကဲ ေဒါက္တာ Anders Tegnell က ေျပာပါ တယ္။“ဘာထူးသလဲဆိုတာကို အထူးဂ႐ုစိုက္ၿပီး ရွာရမယ္။ ဒါမွ ကူးစက္ႏွုန္းမတက္ေအာင္ တားနိုင္မယ္။”လို့ သူကဆိုပါတယ္။

ေဒသအလိုက္ ကူးစက္မွုေတြ ျဖစ္နိုင္ၿပီး တာဝန္ရွိသူေတြဘက္ကလည္း ပစ္မွတ္ထားၿပီး စမ္းသပ္မွုနဲ႔ တုံ႔ျပန္ရမယ္၊ ကူးစက္သူနဲ႔ ထိေတြ႕သူေတြကို ေျခရာခံလိုက္ၿပီး လူနာသီးျခားခြဲထားတာကို တဟုန္ထိုးလုပ္ရမယ္လို့ဆိုပါတယ္။က်န္းမာေရးဝန္ႀကီးLena Hallengren ကတနိုင္ငံလုံးကို တင္းက်ပ္တာမလုပ္ဘဲနဲ႔ ဗိုင္းရပ္စ္ကို ေဒသအလိုက္ တဟုန္ထိုး ထိုးႏွက္ရမယ္” လို့ ေျပာထားပါတယ္။ ဆြီဒင္ျပည္သူေတြ ဗိုင္းရပ္စ္ကို ခံနိုင္ရည္ရွိလာမယ့္ ေရရွည္ခံမယ့္နည္း၊ လိုအပ္ရင္ ႏွစ္နဲ႔ ခ်ီေစာင့္ရနိုင္တဲ့ နည္းကို က်န္းမာေရးတာဝန္ရွိသူေတြက ေရာဂါစျဖစ္ကတည္းက ကိုင္စြဲခဲ့ပါတယ္။

ကာကြယ္ေဆးေရာ ကုထုံးပါ မရွိေသးတဲ့ ဒီဗိုင္းရပ္စ္အတြက္ “ဒါဟာ မာရသြန္ တာေဝးအေျပးၿပိဳင္ပြဲပါ၊ တာတိုေျပးပြဲမဟုတ္ပါဘူး” ဆိုတာဟာ ဝန္ႀကီးေတြ ထပ္တလဲလဲေျပာတဲ့ ေဆာင္ပုဒ္ျဖစ္လာပါတယ္။ တျခားနိုင္ငံေတြ ေလာ့ေဒါင္းခ်ေနခ်ိန္ ဆြီဒင္မွာ လြတ္လပ္မွု ခံစားေနပါတယ္။ တတ္နိုင္ရင္ အိမ္ကေန အလုပ္လုပ္ဖို့၊ လူလူခ်င္းခြာဖို့ကို အမ်ားစုက လိုက္နာၾကပါတယ္။ အမ်ားျပည္သူသုံး ယာဥ္စီးသူနည္းလာပါတယ္၊ အသြားအလာ အရင္ထက္ ေလ်ာ့လာပါတယ္။

က်န္ဥေရာပနိုင္ငံေတြနဲ႔မတူဘဲ ႏွာေခါင္းစည္းမ်က္ႏွာဖုံး တပ္ဖို့ ဆြီဒင္မွာ မတိုက္တြန္းထားပါဘူး။ ေဆး႐ုံေဆးခန္း စတဲ့ က်န္းမာေရးေစာင့္ေရွာက္မွုေပးတဲ့ ေနရာေတြကလြဲလို့ က်န္ေနရာေတြမွာ မ်က္ႏွာဖုံးတပ္တာဟာ လုံျခဳံမွုနဲ႔ပတ္သက္လို့ တလြဲအျမင္ရသြားနိုင္သလို ေနမေကာင္းတဲ့သူေတြ အျပင္ထြက္ၿပီး လူခ်င္းခြာရမွာကို လ်စ္လ်ဴရွုတာ ျဖစ္လာနိုင္တယ္လို့ က်န္းမာေရးတာဝန္ရွိသူေတြက ဆိုပါတယ္။ဒီအစား ရိုးရွင္းတဲ့ လမ္းညႊန္ခ်က္ကေတာ့ ကိုဗစ္-၁၉ လကၡဏာျပရင္ အိမ္မွာပဲေနပါ၊ လက္ကို သန႔္စင္ေအာင္ ေဆးေၾကာပါ၊ လူခ်င္းခြာေနပါ ဆိုတာေတြကိုပဲ က်န္းမာေရးဌာနက တိုက္တြန္းထားပါတယ္။

က်န္းမာေရးဝန္ႀကီး Hallengren ကေတာ့ မ်က္ႏွာဖုံးတပ္တာ ထိေရာက္တယ္ဆိုတာကို လုံးလုံးမပယ္သလို တခ်ိဳ့ေဒသေတြမွာ မ်က္ႏွာဖုံးက အသုံးဝင္တယ္လို့ ျမင္သူပါ။ ဒါေပမယ့္ တနိုင္ငံလုံးလႊမ္းျခဳံတဲ့ စည္းမ်ဥ္းထုတ္ၿပီး မ်က္ႏွာဖုံး တပ္ခိုင္းတာမ်ိဳးကိုေတာ့ သူက ျငင္းပယ္ထားပါတယ္။“ႏွစ္နဲ႔ခ်ီၿပီး လူေတြမ်က္ႏွာဖုံး မတပ္နိုင္ပါဘူး” လို့ ဝန္ႀကီးကေျပာပါတယ္။credit: Zet Star

unicode . . .

ယခုအချိန်မှာ mask မတပ်ဘဲ လျှောက်သွားလို့ရတဲ့ တခုထဲသောနိုင်ငံ

ကမ္ဘာ့နေရာ အတော်အများများမှာနှာခေါင်းစည်း မျက်နှာဖုံး တ ပ်နေကြပေမယ့် ဆွီဒင်မှာတော့ မတပ်ကြပါဘူး။ ကမ္ဘာ့ကပ်ရော ဂါဘေး ဖြစ်စကတည်းက ဥရောပနိုင်ငံအများစုမှာ ကျောင်း၊ ပျော် ပွဲစားရုံ၊ အားက စားခန်းမ၊ နယ်စပ်ဂိတ်ကအစ ပိတ်ချထားပေမယ့် ဆွီဒင်ကတော့ လွတ်လပ်ခွင့်တွေ ခံစားနေမြဲပါ။ဥရောပမြောက်ပို င်း စကင်ဒီနေးဗီးယား နိုင်င်ငံတွေအကြား လူဦးရေချင်းနှိုင်းစာရင် ဆွီဒင်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေနှုန်းက အများကြီးပိုမြင့်ဖူးပါတယ်။

ခုတော့ လူဦးရေ ဆယ်သန်းရှိတဲ့ ဒီနိုင်ငံမှာ ကိုဗစ်ကူးစက်သူ အန ည်းဆုံးဖြစ်နေပြီး အထူးကြပ်မတ်ကုသခန်းမှာ ဗိုင်းရပ်စ်လူနာ ၁၄ ဦးပဲ ရှိပါတယ်။ဆွီဒင်ရဲ့ မဟာဗျူဟာ အောင်မြင်နေပေမယ့် သေ ချာလှတယ်တော့ မဟုတ်သေးပါဘူး။ လက်ရှိအခြေအနေဟာ သေ ချာပြီလို့ ပြောဖို့စောသေးသလို ကပ်ရောဂါဘေး ရင်ဆိုင်နေရတဲ့ တနိုင်ငံနဲ့ တနိုင်ငံ အခြေနေချင်း ကွဲပြားခြားနားပါတယ်လို့ ကျန် မာရေးတာဝန်ရှိသူတွေက ထပ်တလဲလဲ သတိပေးနေတာပါ။

ဒါပေမယ့် ဆွီဒင်နမူနာကိုကျယ်ကျယ်ပြန့်ပြန့် လေ့လာရင် ကျန်ဥရောပနိုင်ငံတွေအဖို့လည်း ကိုဗစ်စစ်ပွဲမှာ အထောက်အကူပြုမှာပါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO (World Health Organization) ဥရောပဌာနခွဲ တာဝန်ရှိ သူတွေက ပြောပါတယ်။“အနောက်ဥရောပနိုင်ငံတွေမှာလို ရောဂါကူးစက်မှု တိုးပွားလာတာကို ဆွီဒင်က ရှောင်လို့ရထားပါတယ်။”လို့ WHO ဥရောပဌာနက အရေးပေါ်ကိစ္စ အကြီးတန်းအရာရှိ Catherine Smallwood က ပြောပါတယ်။ “နမူနာယူစရာ တွေ ရှိပါတယ်။ ဆွီဒင်ရဲ့ ချဉ်း ကပ်ပုံကို ပိုပြီး ကြားသိချင်ပါသေးတယ်။

လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ဆွီဒင်နဲ့ ကျန်ဥရောနိုင်ငံတွေ ကူးစက်နှုန်းကို ကြည့်ရင် ဆွီဒင်က လူတသိန်းမှာ ၃၀ ဒသမ ၃ ဦးနှုန်း တွေ့ရှိချိန်မှာ စပိန်မှာ ၂၉၂ ဒသမ ၂ ဦး၊ ပြင်သစ် (၁၇၂ ဒသမ ၁)ဦး၊ ယူကေ (၆၁ ဒသမ ၈) ဦး၊ ဒိန်းမတ် (၆၉ ဒသမ ၂) ဦး အသီးသီးဖြစ်ပါတယ်။ဒီနိုင်ငံတွေဟာ ကပ်ရောဂါကျရောက်စ အစောပိုင်းက တည်းက လော့ခ်ဒေါင်း ချခဲ့တာပါ။ ကပ်ရောဂါ စတင်ချိန်ကစလို့ ဆွီဒင် တနိုင်ငံလုံးမှာ ကိုဗစ်ကူးစက်မှု ၈၈,၂၃၇ ဦး၊ သေဆုံးသူ ၅,၈၆၄ ဦး၊ တနည်းအားဖြင့် လူတသိန်းမှာ ၅၇ ဒသမ ၅ ဦး အသ က်ဆုံးရှုံးပါတယ်။

ဆွီဒင်ဗျူဟာကို ပြင်ပကဘယ်လိုမြင်သလဲဆိုတာ ကပ်ရောဂါဘေး ဘယ် အဆင့်တုန်းကအမြင်လဲဆိုတဲ့အပေါ် မူတည်ပါတယ်။ စား သောက်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ညစာစားနေကြတာ၊ စတော့ဟုမ်းမြို့တော် ကမ်းနားမှာ ကော့တေးယမကာ စုပ်နေကြတာတွေကို ကြည့်ပြီး ယုံရခက်နေကြပါတယ်။ ဆွီဒင်မှာ လုပ်ငန်းတွေ အ လုပ်အကိုင် မပျက် လည်ပတ်နေတာကို မနာလိုဖြစ်ကြပါတယ်။ ဒီနော က် ဘိုးဘွားရိပ်သာတွေ၊ နာတာရှည်ဆေးရုံတွေမှာ ဗိုင်းရပ်စ် ကူးစက်သွားတဲ့အခါ ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။

ဧပြီလလယ် အရောက်မှာ နေ့စဉ်လူတရာ သေဆုံးချိန်မှာ ကျန်ဥရောပနိုင်ငံတွေမှာ သေဆုံးနှုန်း ကျနေတာပါ။ခုတော့ ဥရောပတလွှား ကိုဗစ်ဒုတိယလှိုင်းကို ထိတ်လန့်နေချိန်မှာ ဆွီဒင်ကို ချီးကျူးနေကြပြီး ပြင်သစ်၊ ယူကေ စတဲ့နိုင်ငံတွေက ဆွီဒင်ရဲ့အောင်မြင်မှုကို သွားမေးနေရပါပြီ။ဒါပေမယ့် ကပ်ရောဂါဘေး ကိုင်တွယ်မှုအ ပေါ် စုံစမ်းစစ်ဆေးတဲ့ ဆွီဒင်အစိုးရ ကော်မရှင်ကတော့ ခက်ခဲတဲ့ မေးခွန်းတွေ ရှိနေပါတယ်။ ဘိုးဘွားရိပ်သာတွေကို ကန့်သတ်တာ နောက်ကျလွန်းသလား၊ကိုဗစ်ကြောင့် သေဆုံး သူထက်ဝက်ကဘိုး ဘွားရိပ်သာတွေကပါ။

အဲဒီက ဝန်ထမ်းတွေကို အကာအကွယ်ပစ္စည်း ထောက်ပံ့မှု နှေးကွေးခဲ့သလား၊ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်မှု ဘာကြောင့် နှေင့်နှေးခဲ့သလဲ၊ စတဲ့မေးခွန်းတွေပါပဲ။ကိုဗစ်ဒုတိယလှိုင်းကို ပစ်ပယ်လို့မရသလို အထက်တန်းကျောင်းတွေ ပြန်ဖွင့်ချိန်ကိုလည်း အထူးစိုးရိမ်ရတယ်လို့ ကူးစက်ရောဂါ ပျံ့ပွားမှု ကာကွယ်ရေး အထူးကုဆရာဝန်များ အကြီးအကဲ ဒေါက်တာ Anders Tegnellက ပြောပါ တယ်။“ဘာထူးသလဲဆိုတာကို အထူးဂရုစိုက်ပြီး ရှာရမယ်။ ဒါမှ ကူးစက်နှုန်းမတက်အောင် တားနိုင်မယ်။”လို့ သူကဆိုပါတယ်။

ဒေသအလိုက် ကူးစက်မှုတွေ ဖြစ်နိုင်ပြီး တာဝန်ရှိသူတွေဘက်ကလည်း ပစ်မှတ်ထားပြီး စမ်းသပ်မှုနဲ့ တုံ့ပြန်ရမယ်၊ ကူးစက်သူနဲ့ ထိတွေ့သူတွေကို ခြေရာခံလိုက်ပြီး လူနာသီးခြားခွဲထားတာကို တဟုန်ထိုး လုပ်ရမယ်လို့ ဆိုပါတယ်။ ကျန်းမာရေးဝန်ကြီးLena Hallengren ကတနိုင်ငံလုံးကို တင်းကျပ်တာမလုပ်ဘဲနဲ့ ဗိုင်းရပ်စ်ကို ဒေသအလိုက် တဟုန်ထိုး ထိုးနှက်ရမယ်” လို့ ပြောထားပါတယ်။ ဆွီဒင်ပြည်သူတွေ ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိလာမယ့် ရေ ရှည်ခံမယ့်နည်း၊ လိုအပ်ရင် နှစ်နဲ့ ချီစောင့်ရနိုင်တဲ့ နည်းကို ကျန်း မာရေးတာဝန်ရှိသူတွေက ရောဂါစဖြစ်ကတည်းက ကိုင်စွဲခဲ့ပါတယ်။

ကာကွယ်ဆေးရော ကုထုံးပါ မရှိသေးတဲ့ ဒီဗိုင်းရပ်စ်အတွက် “ဒါဟာ မာရသွန် တာဝေးအပြေးပြိုင်ပွဲပါ၊ တာတိုပြေးပွဲမဟုတ်ပါဘူး” ဆိုတာဟာ ဝန်ကြီးတွေ ထပ်တလဲလဲပြောတဲ့ ဆောင်ပုဒ်ဖြစ် လာပါတယ်။ တခြားနိုင်ငံတွေ လော့ဒေါင်းချနေချိန် ဆွီဒင်မှာ လွ တ်လပ်မှု ခံစားနေပါတယ်။ တတ်နိုင်ရင် အိမ်ကနေ အလုပ်လုပ်ဖို့၊ လူလူချင်းခွာဖို့ကို အများစုက လိုက်နာကြပါတယ်။ အများပြည်သူသုံး ယာဉ်စီးသူနည်းလာပါတယ်၊အသွားအလာ အရင်ထက် လျော့ လာပါတယ်။

ကျန်ဥရောပနိုင်ငံတွေနဲ့မတူဘဲ နှာခေါင်းစည်းမျက်နှာဖုံး တပ်ဖို့ ဆွီဒင်မှာ မတိုက်တွန်းထားပါဘူး။ ဆေးရုံဆေးခန်း စတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ နေရာတွေကလွဲလို့ ကျန်နေရာတွေမှာ မျက် နှာဖုံးတပ်တာဟာ လုံခြုံမှုနဲ့ပတ်သက်လို့ တလွဲအမြင်ရသွားနိုင်သ လို နေမကောင်းတဲ့သူတွေ အပြင်ထွက်ပြီး လူချင်းခွာရမှာကို လျစ် လျူရှုတာ ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ဆိုပါတယ်။ဒီအစား ရိုးရှင်းတဲ့ လမ်းညွှန်ချက်ကတော့ ကိုဗစ်-၁၉ လ က္ခဏာပြရင် အိမ်မှာပဲနေပါ၊ လက်ကို သန့်စင်အောင် ဆေးကြောပါ၊ လူချင်းခွာနေပါ ဆိုတာတွေကိုပဲ ကျန်းမာရေးဌာနက တိုက်တွ န်းထားပါတယ်။

ကျန်းမာရေးဝန်ကြီး Hallengren ကတော့ မျက်နှာဖုံးတပ်တာ ထိရောက်တယ်ဆိုတာကို လုံးလုံးမပယ်သလို တချို့ဒေသတွေမှာ မျက်နှာဖုံးက အသုံးဝင်တယ်လို့ မြင်သူပါ။ ဒါပေမယ့် တနိုင်ငံလုံးလွှမ်းခြုံတဲ့ စည်းမျဉ်းထုတ်ပြီး မျက်နှာဖုံး တပ်ခိုင်းတာမျိုးကိုတော့ သူက ငြင်းပယ်ထားပါတယ်။“နှစ်နဲ့ချီပြီး လူတွေမျက်နှာဖုံး မတပ်နိုင်ပါဘူး” လို့ ဝန်ကြီးကပြောပါတယ်။credit: Zet Star

Tags: