ကိုယ်တိုင်သွေးလှူပြီး ကုသိုလ်ယူခဲ့သလို ပရိသတ်တွေလည်း အဆင်ပြေမယ်ဆိုရင် သွေးလှူကြဖို့တောင်းဆိုလိုက်တဲ့ မင်းသမီး အေးမြတ်သူ








unicode . . .

ကိုယ်တိုင်သွေးလှူပြီး ကုသိုလ်ယူခဲ့သလို ပရိသတ်တွေလည်း အဆ င်ပြေမယ်ဆိုရင် သွေးလှူကြဖို့တောင်းဆိုလိုက်တဲ့ အေးမြတ်သူ

မင်းသမီးချောလေး အေးမြတ်သူကတော့ ချစ်စရာကောင်းတဲ့ အ ပြုံးလလှလေးတွေနဲ့ ဟန်ဆောင်မှုကင်းပြီး လှသွေးကြွယ်နေတာ ဖြစ်ပါတယ် ။ အေးမြတ်သူက စကားပြောတဲ့ အခါမှာလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သလို မာန်မာနမရှိဘဲ ရိုးရိုးရှင်းရှင်း နေ ထိုင်လေ့ရှိတာလည်း ဖြစ်ပါတယ် ။

ဒါကြောင့်လည်း အေးမြတ်သူက စိတ်ပျိုကိုယ်နုဆိုသလို အခုချိန်အထိ လူငယ်လေးတစ်ယောက်လို ငယ်ရွယ်နုပျိုနေတာပဲ ဖြစ်ပါတယ် ။အေးမြတ်သူက ကျန်းမာရေး လိုက်စားသူလေး ဖြစ်တာကြောင့် ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေမယ့် လေ့ကျင့် ခန်းတွေကို ပုံမှန်ပြုလုပ်လေ့ရှိတာ ဖြစ်ပါတယ် ။

လတ်တလောမှာဆိုရင်လည်း အေးမြတ်သူက ယောဂလေ့ကျင့်နေတာ ဖြစ်ပါတယ် ။ကျန်းမာလှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ အေးမြတ်သူက အခုလည်း ကိုယ်တိုင်သွေးလှူခဲ့သလို ပရိသတ်တွေကိုပါ သွေးလှူကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

အေးမြတ်သူကတော့ ကျန်းမာပြီး ၄ လအတွင်း သွေးလှူထားတာ မရှိဘူး ဆိုရင် ချစ်ရသူတို့အတွက် အဆင်ပြေမယ်ဆိုရင် အမျိုး သားသွေးလှူဘဏ်မှာ သွေးလေးလှူပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုချင်ပါတယ်ရှင်

ဒီကာလအတွင်းမှာ သွေးအလှူရှင်တွေ လိုအပ်နေလို့ပါရှင့် လုပ်ချင်ရာလည်း လုပ်တယ် လုပ်သင့်တာလည်း လုပ်တယ် ကိုယ့်ဘဝကို ယ့်စိတ်ကြိုက် ရှင်သန်ကြမယ်ဆိုပြီး ရေးသားမျှဝေထားတာ ဖြစ်ပါတယ် ။

ကဲ သွေးလှူပြီး ကုသိုလ်ယူခဲ့တဲ့ အေးမြတ်သူရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။Source & Photo Credit-Aye Myat Thu’s FB Page