






နန္ဒာလှိုင်တို့ တစ်မိသားစုလုံးကတော့ ကျန်ရစ်ခဲ့တဲ့ ညီမဖြစ်သူ နွေးနွေးလှိုင်အတွက်ရော တူ၊ တူမလေးတွေအတွက်ပါ အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်းတွေနဲ့ ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။


unicode . . .

Quarantine ဝင်နေတဲ့ တူ၊ တူမလေးတွေကို သူ့တို့ရဲ့ဖခင်ကြီးဆုံးပါးသွားတဲ့အကြောင်း အသိမပေးထားဘူးဆိုတဲ့ နန္ဒာလှိုင်တို့မိသားစု

သရုပ်ဆောင် နန္ဒာလှိုင်တို့ မိသားစုကတော့ လက်ရှိမှာ သူတို့ရဲ့ မိသားစုဝင်ထဲကတစ်ယောက် ဆုံးရှုံးသွားရလို့ ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။

အဲ့ဒါကတော့ နန္ဒာလှိုင် ညီမအရင်းရဲ့ ခင်ပွန်းဟာ ကိုဗစ် ဖြစ်နေတယ်လို့ သိပြီးပြီးချင်း နောက်ရက်မှာပဲ ကွယ်လွန်သွားခဲ့တဲ့ အတွ က်ပဲ ဖြစ်ပါတယ်။

နန္ဒာလှိုင်တို့ မိသားစုကလည်း ညီမဖြစ်သူအတွက် ဝမ်းနည်းနေကြသလို မောင်ကလည်း ကျန်ရစ်ခဲ့တဲ့ ကလေးတွေနဲ့အတူတူ Hotel Quarantine ဝင်ပြီး စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။

မောင်နဲ့ ကျန်ရစ်ခဲ့တဲ့ ကလေးတွေကလည်း Swab Test စစ် ဆေးပြီးထားပြီဖြစ်ပြီး လက်ရှိမှာတော့Hotel မှာပဲနေရင်း Q ဝင်နေကြတာပဲ ဖြစ်ပါတယ်။

နန္ဒာလှိုင်တို့ မိသားစုနဲ့ထပ်တူဝမ်းနည်းနေကြတဲ့ ပရိသတ်တွေကလည်း ကလေးငယ်တွေအတွက် စိုးရိမ်နေကြပေမယ့်နန္ဒာလှိုင်တို့ကတော့ ကလေးတွေကို သူတို့ရဲ့အဖေဆုံးသွားခဲ့တာကို အသိမပေးထားဘူးလို့ သိရှိရပါတယ်။

နန္ဒာလှိုင်တို့ တစ်မိသားစုလုံးကတော့ ကျန်ရစ်ခဲ့တဲ့ ညီမဖြစ်သူ နွေးနွေးလှိုင်အတွက်ရော တူ၊ တူမလေးတွေအတွက်ပါ အကောင်းဆုံးဖြစ်စေမယ့့် နည်းလမ်းတွေနဲ့ ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။

နန္ဒာလှိုင်ရဲ့ ညီမလေးနဲ့ ကလေးလေးတွေလည်း အကောင်းဆုံးရလဒ်နဲ့ အမြန်ဆုံး အိမ်ပြန်လာနိုင်ပါစေနော်။ပရိသတ်ကြီးလဲ ဆုတောင်းပေးလိုက်ကြပါအုံးနော်။Source: Nandar Hlaing’s fb

Tags: