ချင်း(ဂျင်း)က ပေးတဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများ
unicode . . .
ချင်း(ဂျင်း)က ပေးတဲ့ ကျန်းမာရေး ကောင်းကျိုးများ
ချင်း(ဂျင်း)က တော့ အိမ်သုံးဆေးဝါးတစ်ခုလို့ ပြောရင်လဲ မမှားပါဘူး။မီးဖိုချောင်မှာ အလွယ်တကူ ရနိုင်တဲ့ အရာဖြစ်ပြီး ဈေးလဲ မကြီးပါဘူး။ဒါကြောင့် ဘယ်သူ မဆို အလွယ်တကူ ဝယ်ယူ သုံးစွဲလို့ ရတဲ့ အ ရာတစ်ခုပါ။လွယ်လွယ်လဲရ ဈေးလဲ သက်သာ တယ်ဆို ပေမယ့် သူ့ရဲ့ အစွမ်းကိုတော့ လျော့တွက်လို့ မရပါဘူး။ရှေးလူကြီးေ တွဆိုရင် ချင်း(ဂျင်း)ကို ဆေးဝါး တစ်ခုလိုပဲ မှီဝဲကြတာတွေ ရှိပါတယ်။ သူ့ရဲ့ ကျန်းမာရေး ကောင်းကျိုး တွေကတော့ အ များကြီးပါ။အဲ့ဒီအထဲကမှ တစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။ဒီအ ကြောင်းကို goodhouse keeeping မှာ ဖော်ပြထားတာပါ။
ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေကိုယ်ခံအားနည်း တဲ့ သူတွေ အ နေနဲ့ ပုံမှန်မှီဝဲ သင့်ပါတယ်။သူ့မှာဆိုရင်တော့ gingerol ဆိုတဲ့ဒြပ်ပေါင်း တစ်မျိုးပါဝင်ပါတယ်။အဲ့ဒီဟာက antioxidant အစွမ်းရှိပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကောင်း မွန် လာအောင် အများကြီး အထောက် အပံ့ဖြစ် စေပါတယ်။ဒါကြောင့် လူကြီးတွေဆိုရင် ဂျင်းပြုတ် ရည်ကို ကျန်းမာ ရေး အတွက် ဆေးတစ်ခွက် အနေနဲ့ ပုံမှန် မှီဝဲကြတာပါ။
ရာသီလာတဲ့ အခါ ခံစားရတဲ့ ဝေဒနာ တွေကို သက်သာစေ အမျို သမီး တွေ အတွက် လည်း ဆေးတစ်ခွက် ပါ။ရာသီလာတဲ့ အခါ မှာ ခံစားရတဲ့ နာကျင် ခံစားမှု တွေကို ဂျင်းက ကုစားပေးနိုင်ပါတယ်။ဂျင်းကို ပါးပါးလေးလှီးပြီး ရေနွေးစိမ် သောက်တာ မျိုးကို လုပ်ပေးမယ် ဆိုရင် တော့ ရာသီလာရင် ကြုံ ရတဲ့ ဝေဒနာတွေကို လျော့ပါး သက်သာ ပျောက်ကင်း စေပါတယ်။
ကိုယ်ဝန် ဆောင် ချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကိုသက်သာ ကိုယ် ဝန်ဆောင်တဲ့ အချိန်မှာမအီမသာခံစားရတာတွေအတွက်လည်း ကု စားပေးနိုင်ပါတယ်။(၂၀၁၈)တုန်းကလေ့လာမှုတစ်ခုမှာတော့ ချင် ဂျင်းကို တစ်နေ့ 1g လောက် မှီဝဲပေးရင် မအီမ သာ ဖြစ်တာ၊မူးဝေ၊အော့အန်တာမျိုး တွေကို သက်သာ စေတယ်လို့ ဆိုထားပါတ ယ်။ရောင်ရမ်းမှုတွေကို သက်သာစေ ရောင်ရမ်းတာတွေကို သက် သာ ပျောက်ကင်းစေတဲ့ အစွမ်းလည်း သူ့မှာရှိပါတယ်။သူ့မှာပါတဲ့ antioxidantလို ဒြပ်ပေါင်း phytonutrients ကြောင့်ဒီလို အစွမ်းရှိတာပါ။
ဆီးချို၊သွေးချို အတွက် ကောင်းအခုနောက်ပိုင်းမှာတော့ ဆီးချို ၊သွေး ချိုက အရမ်းကို ကြောက်စရာ ကောင်းတဲ့ ရောဂါ၊အသံတိ တ် လူသတ် သမား ဖြစ်လာ နေပါပြီ။ဒါတွေ ကလည်း လူတွေရဲ့ ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှု ပုံစံတွေ ကြောင့်ပါ။
လူ့အသက်ကို ဖြည်းဖြည်းခြင်း နုတ်ယူတတ်တဲ့ ဆီးချို၊သွေးချို အတွက်တော့ ဂျင်းကဆေးတစ်မျိုးပါ။သိပ္ပွံ ပညာရှင်တွေက တော့ ဂျင်းမှာ ပါတဲ့ ဒြပ် တစ်မျိုးက အင်ဆူလင် နဲ့ ဇီဝဖြစ်ပျက်မှုတွေ အတွက် ကောင်းတယ်လို့ ဆိုထားပါတယ်။ဆီးချို သွေးချို ဖြစ် ပွားမှုကို ကြိုတင် ဟန့် တားချင်ရင်တော့ ဂျင်းကို ပုံမှန် မှီဝဲပေးသင့်ပါတယ်။တစ်ဖက်က လည်း ကိုယ့်ရဲ့ စားသောက် နေထိုင်မှုပုံစံက ကျန်းမာရေးနဲ့ ညီညွတ် နေဖို့လည်း လိုပါပါတယ်။
အစာချေ စနစ်ကို ကောင်းမွန်ချင်တယ်ဆိုရင်လည်း ချင်း(ဂျင်း) ကို ပုံမှန် မှီဝဲ ပေးပါ။ပျို့ အန် တာတွေ၊ အစာ မကြေ တာ တွေ ၊မူးေ၀ တာတွေကို ချင်း(ဂျင်း) က ပျောက်ကင်း စေတဲ့ အစွမ်း ရှိပါတယ်။ဒါ့အပြင် အစာ အဆိပ်သင့်တာ၊ အစာချ ဖျက်ရာမှာ ပြ ဿနာရှိ နေတာ မျိုးတွေကိုလည်း သက်သာ ပျောက်ကင်း ကုစားပေးနိုင်ပါတယ်။
နှလုံး၊သွေးတိုး သမားတွေ အတွက် လည်း ကောင်း နှလုံး သွေး တိုးသမားတွေ လည်း မှီဝဲ သင့်ပါတယ်။သွေး တိုးတာ တွေ ကို သက်သာ စေကာ၊ သွေးတွင်း အဆီ ပမာဏ ကိုလည်း လျော့ ချ ပေးနိုင်တာ ကြောင့် ပုံမှန် မှီဝဲရင် နှလုံးရောဂါ ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ကိုလက်စ ထရော ပမဏကို နည်းပါး စေကာ၊သွေးတွင်းသကြား ဓါတ်ကို ထိန်းညှိ ပေးနိုင်ပါတယ်။
ဝိတ်ကျ စေဝိတ်ကျ ချင်သူတွေ အတွက်လည်း ဂျင်းပြုတ်ရည် ကို မှီဝဲ သင့်ပါတယ်။ဂျင်းကတော့ သဘာဝအတိုင်း ဝိတ်ကျ အောင် ကူညီပေး နိုင်ပါတယ်။ ဂျင်းနဲ့ သံပုရာကို ရေနွေးစိမ် သောက်တာမျိုးက ကိုယ်အလေးချိန်ကို ကျစေ၊ဝိတ်ချတဲ့ နေရာမှာ အထောက် အကူဖြစ် စေပါတယ်။credit
Tags: