ကိုဗစ္နဲ႔ တုပ္ေကြး၊ အေအးမိ လကၡဏာမ်ား ကြဲျပားပုံ (တခုခုျဖစ္ရင္ ခြဲျခားနိုင္ေအာင္ သိထားသင့္ပါတယ္)

ကိုဗစ္နဲ႔ တုပ္ေကြး၊ အေအးမိ လကၡဏာမ်ား ကြဲျပားပုံ (တခုခုျဖစ္ရင္ ခြဲျခားနိုင္ေအာင္ သိထားသင့္ပါတယ္)

က်ေနာ္တို့ဆိုတာလည္း လည္ေခ်ာင္းထဲနာသလိုလိုဆို ကိုဗစ္ႀကီးကို ေျပးျမင္ေတာ့တာကိုး။အကိုေရ ကိုဗစ္ျဖစ္ေနသလားမသိဘူး စိတ္ပူတယ္ဆိုသူေတြအတြက္ ယူေကနိုင္ငံ National Health Service ရဲ့ ေရာဂါလကၡဏာ အၾကမ္းဖ်င္းခြဲျခားပုံကိုတင္ျပပါ့မယ္။ကိုဗစ္ ျဖစ္ခဲ့ရင္ အမ်ားဆုံးေတြ႕ရတာက ကိုယ္ပူတက္တာ ((37.8 C (သို့) 100 F ရဲ့အထက္) ကို ကိုယ္ပူတာ။

အပူခ်ိန္ဂန္းနဲ႔တိုင္းရင္ မတိက်တတ္ဘူး။ ေခ်ာင္းအေျခာက္ကို ရက္အတန္ၾကာဆိုးတာ။ တခါတေလ ကိုယ္လက္နာက်ဥ္ကိုက္ခဲတာ၊ ေခါင္းကိုက္တာ၊ လည္ေခ်ာင္းနာတာ၊ အသက္ရွုရခက္ တာေတြျဖစ္တတ္တယ္။မွတ္သားစရာက ႏွာပိတ္တာနဲ႔ႏွာေစးတာျဖစ္ခဲတယ္။

ႏွာမေခ်တတ္ပါတဲ့။ ဝမ္းေလၽွာတာျဖစ္တတ္ေပမယ့္ ရွားတယ္။ ကိုဗစ္မွာ အနံ့အရသာေပ်ာက္တာျဖစ္တတ္တယ္။ အသက္ ၄၀ ေအာက္ေတြမွာ ပိုေတြ႕လာရတယ္။ သိထားဖို့တစ္ခုက ကိုဗစ္ဟာ လူေပၚမူတည္ၿပီး အေပ်ာ့ဆုံး ေရာဂါလကၡဏာလုံးဝမျပတာကေန အေတာ္ျပင္းထန္တာနဲ႔ ICU အထူးကုသေဆာင္ပို့ၿပီး အသက္လုရတာေလာက္အထိ ေရာဂါျပင္းထန္တတ္တယ္။

ယူေက က်န္းမာေရးဌာနက အနံ့ေပ်ာက္တာကို ေရာဂါလကၡဏာထဲမထည့္ေပမယ့္ သူတို့ဆီဖုန္းဆက္ၿပီး အနံ့ေပ်ာက္တဲ့လူတစ္ေယာက္ကို ကိုဗစ္မျဖစ္နိုင္ဘူးေျပာရာက အဲ့ဒီလူကအိမ္မွာမိဘေတြနဲ႔ သီးသန႔္ခြဲျခားေနထိုင္ၿပီး ႀကိဳတင္ကာကြယ္ရာမွ ကိုဗစ္ positive လို့ေတြ႕ဖူးပါတယ္။ ဒါေၾကာင့္အနံ့ေပ်ာက္တာကို က်ေနာ္ထည့္ေျပာပါတယ္။

“ရိုးရိုးအေအးမိတာ” (Colds)အျဖစ္အမ်ားဆုံးက ႏွာေခ်တာ၊ မ်က္ႏွာျပင္က ႏွာရိုးေတြနာလာမယ္။ ႏွာရည္ေတြယိုလာမယ္။ ႏွာညႇစ္လို့ရလာမယ္။ ႏွာပိတ္မယ္။ လည္ေခ်ာင္းနာခ်င္လာမယ္။ ေခ်ာင္းေပ်ာ့ေပ်ာ့ဆိုးတတ္တယ္။ ပင္ပန္းႏြမ္းနယ္တတ္တယ္။ ဒါေပမယ့္မွတ္သားစရာက ကိုယ္ပူတက္ခဲတယ္။

ေခါင္းကိုက္ခဲတယ္။ ၿပီးေတာ့ အေအးမိရင္ ေရာဂါလကၡဏာတစ္ခုၿပီးမွတစ္ခုေျဖးေျဖးခ်င္းျပတယ္။ဥပမာ–ဟတ္ခ်ိဳးစေခ်တယ္၊ ေနာက္ေတာ့ႏွာရည္ယိုလာတယ္၊ ႏွာပိတ္လာတယ္၊ အဲ့ဒီႏွာရည္ေတြ nasal cavity ထဲစုလာရာကေန ႏွာရိုးေတြနာလာကိုက္လာပါတယ္။က်ေနာ္ဆိုရင္ ေရေႏြးအိုးအေသးနဲ႔ nasal cavity ကိုေဆးပစ္ပါတယ္။ ေရေႏြးခံနိုင္႐ုံေလာက္မွာ သူ႔မွာပါတဲ့ဆားထည့္ၿပီးေဆးပစ္တာနဲ႔ အေတာ္သန႔္ၿပီးေနလို့ေကာင္းသြားပါတယ္။ အေအးမိတာ (Colds) က ဝမ္းမေလၽွာပါ။ အသက္ရွုရမခက္ပါ။

“တုပ္ေကြး” (Flu)ကိုယ္ပူပါတယ္။ ပင္ပန္းႏြမ္းနယ္မယ္။ ေခါင္းကိုက္မယ္။ ေခ်ာင္းေျခာက္ဆိုးမယ္။ ကိုယ္လက္နာက်ဥ္ကိုက္ခဲမယ္။ တခါတရံ ႏွာေစးမယ္၊ ႏွာပိတ္မယ္၊ လည္ေခ်ာင္းနာမယ္။ကေလးေတြမွာ တုပ္ေကြးနဲ႔ ဝမ္းေလၽွာတာတြဲျဖစ္တတ္ပါတယ္။မွတ္သားစရာက တုပ္ေကြး က ႏွာခဏခဏေခ်တာ ျဖစ္ေလ့မရွိဘူး။

အထူးသျဖင့္ အသက္ရွုရခက္တာမျဖစ္ဘူး။ တုပ္ေကြးက အေအးမိတာလိုတေျဖးေျဖးမလာပဲ ေရာဂါလကၡဏာေတြ စုျပဳံၿပီးခ်က္ျခင္းျပတယ္။အေပၚကေရးခဲ့တာက အိမ္ထဲမွာတစ္ခုခုဆို ကိုဗစ္ ျဖစ္လားဆိုၿပီး ကူးမွာစိုးလို့ ေဆးခန္းလည္းမသြားရဲတဲ့လူေတြအတြက္ အၾကမ္းဖ်င္းရွင္းျပတာသာျဖစ္ပါတယ္။

ဘယ္ေရာဂါလကၡဏာမွ ရာႏွုန္းျပည့္ပုံေသေျပာမရပါ။ ကိုဗစ္ ဆိုတဲ့အသံၾကားရင္ေတာင္ လည္ေခ်ာင္းထဲက နာခ်င္ခ်င္ျဖစ္တတ္တာပါ။ႏွာေခ်ရင္ေတာင္ အေၾကာင္းအမ်ိဳးမ်ိဳး ရွိတတ္ေသးတာမလား။ Richard Myo Than

unicode . . .

ကိုဗစ်နဲ့ တုပ်ကွေး၊ အအေးမိ လက္ခဏာများ ကွဲပြားပုံ (တခုခုဖြစ်ရင် ခွဲခြားနိုင်အောင် သိထားသင့်ပါတယ်)

ကျနော်တို့ဆိုတာလည်း လည်ချောင်းထဲနာသလိုလိုဆို ကိုဗစ်ကြီးကို ပြေးမြင်တော့တာကိုး။ အကိုရေ ကိုဗစ် ဖြစ်နေသလား မသိဘူး စိတ်ပူတယ် ဆိုသူတွေ အတွက် ယူကေနိုင်ငံ National Health Service ရဲ့ ရောဂါလက္ခဏာ အကြမ်းဖျင်းခွဲခြားပုံကိုတင်ပြပါ့မယ်။ကိုဗစ် ဖြစ်ခဲ့ရင် အများဆုံးတွေ့ရတာက ကိုယ်ပူတက်တာ ((37.8 C (သို့) 100 F ရဲ့အထက်) ကို ကိုယ်ပူတာ။

အပူချိန်ဂန်းနဲ့တိုင်းရင် မတိကျတတ်ဘူး။ ချောင်းအခြောက်ကို ရက်အတန်ကြာဆိုးတာ။ တခါတလေ ကိုယ်လက်နာကျဉ်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာ၊ အသက်ရှုရခက် တာတွေဖြစ်တတ်တယ်။မှတ်သားစရာက နှာပိတ်တာနဲ့ နှာစေးတာဖြစ်ခဲတယ်။

နှာမချေတတ်ပါတဲ့။ ဝမ်းလျှောတာဖြစ်တတ်ပေမယ့် ရှားတယ်။ ကိုဗစ်မှာ အနံ့အရသာ ပျောက်တာ ဖြစ်တတ်တယ်။ အသက် ၄၀ အောက်တွေမှာ ပိုတွေ့လာရတယ်။ သိထားဖို့တစ်ခုက ကိုဗစ်ဟာ လူပေါ်မူတည်ပြီး အပျော့ဆုံး ရောဂါလက္ခဏာလုံးဝမပြတာကနေ အတော်ပြင်းထန်တာနဲ့ ICU အထူးကုသဆောင်ပို့ပြီး အသက်လုရတာလောက်အထိ ရောဂါပြင်းထန်တတ်တယ်။

ယူကေ ကျန်းမာရေးဌာနက အနံ့ပျောက်တာကို ရောဂါလက္ခဏာထဲမထည့်ပေမယ့် သူတို့ဆီဖုန်းဆက်ပြီး အနံ့ပျောက်တဲ့လူတစ်ယောက်ကို ကိုဗစ်မဖြစ်နိုင်ဘူးပြောရာက အဲ့ဒီလူကအိမ်မှာမိဘတွေနဲ့ သီးသန့်ခွဲခြားနေထိုင်ပြီး ကြိုတင်ကာကွယ်ရာမှ ကိုဗစ် positive လို့တွေ့ဖူးပါတယ်။ဒါကြောင့်အနံ့ပျောက်တာကို ကျနော်ထည့်ပြောပါတယ်။

“ရိုးရိုးအအေးမိတာ” (Colds)အဖြစ်အများဆုံးက နှာချေတာ၊ မျက်နှာပြင်က နှာရိုးတွေနာလာမယ်။ နှာရည်တွေယိုလာမယ်။ နှာညှစ်လို့ရလာမယ်။ နှာပိတ်မယ်။လည်ချောင်းနာချင်လာမယ်။ချော င်းပျော့ပျော့ဆိုးတတ်တယ်။ ပင်ပန်းနွမ်းနယ်တတ်တယ်။ ဒါပေမယ့်မှတ်သားစရာက ကိုယ်ပူတက်ခဲတယ်။

ခေါင်းကိုက်ခဲတယ်။ ပြီးတော့ အအေးမိရင် ရောဂါလက္ခဏာတစ်ခုပြီးမှ တစ်ခုဖြေးဖြေးချင်း ပြတယ်။ဥပမာ–ဟတ်ချိုးစချေတယ်၊ နောက်တော့ နှာရည်ယိုလာတယ်၊ နှာပိတ်လာတယ်၊ အဲ့ဒီနှာရည်တွေ nasal cavity ထဲစုလာရာကနေ နှာရိုးတွေနာလာကိုက်လာပါတယ်။ကျနော်ဆိုရင်ရေနွေးအိုးအသေးနဲ့ nasal cavity ကိုဆေးပစ်ပါတယ်။ ရေနွေးခံနိုင်ရုံလောက်မှာ သူ့မှာပါတဲ့ဆားထ ည့်ပြီးဆေးပစ်တာနဲ့ အတော်သန့်ပြီးနေလို့ကောင်းသွားပါတယ်။ အ အေးမိတာ (Colds) က ဝမ်းမလျှောပါ။ အသက်ရှုရမခက်ပါ။

“တုပ်ကွေး” (Flu)ကိုယ်ပူပါတယ်။ ပင်ပန်းနွမ်းနယ်မယ်။ ခေါင်းကိုက်မယ်။ ချောင်းခြောက်ဆိုးမယ်။ ကိုယ်လက် နာကျဉ်ကိုက်ခဲမယ်။ တခါတရံ နှာစေးမယ်၊ နှာပိတ်မယ်၊ လည်ချောင်းနာမယ်။ကလေးတွေမှာ တုပ်ကွေးနဲ့ ဝမ်းလျှောတာတွဲဖြစ်တတ်ပါတယ်။မှတ်သားစရာက တုပ်ကွေး က နှာခဏခဏချေတာ ဖြစ်လေ့မရှိဘူး။

အထူးသဖြင့် အသက်ရှုရခက်တာမဖြစ်ဘူး။ တုပ်ကွေးက အအေး မိတာလိုတဖြေးဖြေးမလာပဲ ရောဂါ လက္ခဏာတွေ စုပြုံပြီးချက်ခြင်းပြတယ်။ အပေါ်ကရေးခဲ့တာက အိမ်ထဲမှာတစ်ခုခုဆို ကိုဗစ် ဖြစ်လားဆိုပြီး ကူးမှာစိုးလို့ ဆေးခန်းလည်း မသွားရဲတဲ့လူတွေအ တွက် အကြမ်းဖျင်းရှင်းပြတာသာ ဖြစ်ပါတယ်။

ဘယ်ရောဂါလက္ခဏာမှ ရာနှုန်းပြည့်ပုံသေပြောမရပါ။ ကိုဗစ် ဆိုတဲ့အသံကြားရင်တောင် လည်ချောင်းထဲက နာချင်ချင်ဖြစ်တတ်တာပါ။နှာချေရင်တောင် အကြောင်းအမျိုးမျိုး ရှိတတ်သေးတာမလား။ Richard Myo Thant

Tags: