unicode . . .
တရုတ် Sinovac ကာကွယ်ဆေး ဆယ်ကျော်သက်ကလေးတွေမှာ စမ်းသပ်ထိုးနှံမည်
တရုတ် ကာကွယ်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ Sinovac Biotech က ယခုလနှောင်းပိုင်းမှာ ကလေးတွေနဲ့ ဆယ်ကျော် သက်တွေမှာ ကိုဗစ် ကာကွယ်ဆေးကို လက်တွေ့စမ်းသပ်မှု ပြု လု ပ်ဖို့ စတင်စီစဉ်နေတယ်လို့ သိရပါတယ်။ နောက်ဆုံးအဆင့်အဖြစ် အရွယ်ရောက်ပြီးသူတွေမှာ စမ်းသပ်ထားခဲ့တယ်လို့ သိရပါတယ်။
လူငယ်တွေအပါအဝင် တစ်နိုင်ငံလုံး လူတွေအတွက် ကာကွယ် ဆေးရရှိဖို့ ရှာဖွေမှုဟာ ဗိုင်းရပ်စ်ပျံ့ပွားမှုကို ကာကွယ်ဖို့အတွက် အလွန်အရေးပါတဲ့အနေအထားတစ်ခု ဖြစ်နေပြီး မူကြိုကျောင်းတွေ၊ အထက်တန်းကျောင်းတွေကတဆင့် ကူးဆက်ရောဂါ ဖြစ် ပွားတာကို ကာကွယ်နိုင်ဖို့အရးကြီးနေပြီး ဆရာတွေနဲ့မိဘတွေကိုပါ ထိခိုက်နိုင်ပါတယ်။
အမေရိကန်မှာ စာရင်းသွင်းထားတဲ့ Sinovac ရဲ့ Corona Vac ကာကွယ်ဆေးကို အသက် ၃ နှစ်က ၁၇ နှစ်ကြား ကျန်းမာတဲ့ကလေးပေါင်း ၅၅၂ ဦးမှာ ထိုးနှံ့ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၈ ရက်နေ့မှာ တရုတ်ပြည် မြောက်ပိုင်း ဟီဘေးပြည်နယ်မှာ အဆင့် ၁နဲ့ အဆင့် ၂ စမ်းသပ်မှုတွေ ပေါင်း စပ်ထားတဲ့ ဒီဆေးကို နှစ်ကြိမ်ထိုးနှံပေးသွားမှာ ဖြစ်ကြောင်း စက် တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်တဲ့ ကာကွယ်ဆေး မှတ်ပုံတင်မှ တ်တမ်းအရ သိရပါတယ်။
ဒီစမ်းသပ်မှုကို တရုတ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အတည်ပြုပေးပြီး ဖြစ်တယ်လို့ Sinovac ကုမ္ပဏီဘက်က ဆိုပါတယ်။ တ ရုတ်နိုင်ငံဟာအနည်းဆုံး လူပေါင်းသောင်းနဲ့ချီတဲ့ နိုင်ငံသားတွေမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံစမ်းသပ်ပေးနေပြီး ဆေးလုံခြုံမှုအ ပေါ် ကျွမ်းကျင်သူတွေက စိုးရိမ်မှုတွေရှိနေပမယ့် ဆေးထုတ်လုပ်နိုင်ရေ က နိုင်ငံတကာစိတ်ဝင်စားမှုကို ဆွဲဆောင်ထားပါတယ်။
ဒီကာကွယ်ဆေးကို ဘရာဇီး၊ အင်ဒိုနီးရှားနဲ့ တူရကီတို့မှာ နောက် ဆုံးအဆင့် အကြီးစား စမ်းသပ်မှုတွေ ပြုလုပ်ပေးထားပြီး CoronaVac ကာကွယ်ဆေး အစီအစဉ် တစ်စိတ် တစ်ပိုင်းအ ဖြစ် ကုမ္ပဏီဝန်ထမ်းတွေနဲ့ ၎င်းတို့မိသားစုဝင်ပေါင်း ၉၀ ရာခိုင်နှုန်းကို ထိုးပေးထားပြီး ဖြစ်ကြောင်း သိရပါတယ်။ crd-MyanmaPlatformNews
Tags: