ပန္းေလာင္ႏွင့္ျပဒါးလင္းဂူကို ေရွးေဟာင္းသုေတသနဥယ်ာဥ္အျဖစ္ တိုးျမႇင့္ ေဆာင္႐ြက္ရန္စီစဥ္ေန

ပန္းေလာင္ႏွင့္ျပဒါးလင္းဂူကို ေရွးေဟာင္းသုေတသနဥယ်ာဥ္အျဖစ္ တိုးျမႇင့္ေဆာင္႐ြက္ရန္ စီစဥ္ေနဟုဆို

ရွမ္းျပည္နယ္ေတာင္ပိုင္း ဓႏုကိုယ္ ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ၊႐ြာငံၿမိဳ႕နယ္ ၊ရန္ေက်း႐ြာအုပ္စုတြင္ ေက်ာက္ေခတ္လူသားမ်ား ေနထိုင္ခဲ့သည့္ ပန္းေလာင္ႏွင့္ ျပဒါးလင္းဂူေတာရိုင္းတိရစာၦန္ေဘးမဲ့ ေတာကို ေရွးေဟာင္းသုေတသနဥယ်ာဥ္ အျဖစ္ တိုးျမႇင့္ေဆာင္႐ြက္ရန္ စီစဥ္ေန ေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ ႀကီးဌာနမွ စက္တင္ဘာလ ၁၂ ရက္တြင္ သိရသည္။

ပန္းေလာင္ႏွင့္ျပဒါးလင္းဂူ ေတာ ရိုင္းတိရစာၦန္ေဘးမဲ့ေတာသည္ စုစု ေပါင္းဧက ၈၂၄၈၃ ရွိကာ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၃၄၀၀ ခန႔္က ေက်ာက္ေခတ္ ယဥ္ေက်းမႈ ထြန္းကားခဲ့ေသာ ျပဒါးလင္း ဂူတြင္ နံရံေဆးေရးပန္းခ်ီမ်ား၊ ေက်ာက္ စက္ပန္းဆြဲ၊ ေက်ာက္စက္ မိုးေမွ်ာ္မ်ားကို ေလ့လာနိုင္သည့္အျပင္ ငွက္ေခ်းတြင္း မ်ား၊ သဘာဝငွက္မ်ား၊ ေရေပ်ာ္ငွက္မ်ား၊ ေနရင္းေဒသရွိ ေဒါင္းမ်ား၊ ေတာရိုင္း တိရစာၦန္ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ားကို ေလ့လာ နိုင္ေၾကာင္း သိရသည္။

ျပဒါးလင္းဂူကို ခရီးသြားေတြလည္ ပတ္စရာ ေကာင္းေအာင္ ေဆာင္႐ြက္ေနပါ တယ္။ ျပဒါးလင္းဂူက မႏၲေလးနဲ႕ရွမ္းျပည္ နယ္အစပ္ေလာက္မွာရွိေတာ့ ခရီးသြား လုပ္ငန္းေဆာင္႐ြက္ဖို႔ အလားအလာ ေကာင္းတဲ့ေနရာပါ။ ဒါေၾကာင့္ ျပတိုက္၊ နားေနစခန္း၊ စားေသာက္ဆိုင္၊ ကားရပ္ နားကြင္းနဲ႕အဆင့္ျမင့္သန႔္စင္ခန္းေတြ တည္ေဆာက္ဖို႔ လုပ္ေနတာေတြရွိပါ တယ္ဟု ရွမ္းျပည္နယ္ေတာင္ပိုင္း ဟိုတယ္ႏွင့္ခရီးသြားၫြန္ၾကားမႈဦးစီးဌာန မွတာဝန္ရွိသူတစ္ဦးကေျပာသည္။

ပန္းေလာင္ႏွင့္ျပဒါးလင္းဂူ ေတာ ရိုင္းတိရစာၦန္ေဘးမဲ့ေတာတြင္ အထက္ ႐ြက္ျပတ္ ေရေႏွာေတာစို၊ ေတာင္ေပၚ ေတာ၊ အင္တိုင္းေတာ၊ အၿမဲစိမ္းေတာ၊ ျမက္ခင္းေတာ၊ ကိုင္းေတာ၊ ဝါး႐ုံေတာမ်ား ေတြ႕ရွိရၿပီး သစ္ ၁၄၈ မ်ိဳး၊ ပရေဆး ၇၂ မ်ိဳး၊ ဝါးမ်ိဳး ၁၁ မ်ိဳး၊ သစ္ခြ ၁၁၇ မ်ိဳးရွိ သည့္အျပင္ နို႔တိုက္သတၱဝါ ၃၅ မ်ိဳး၊ ေရေပ်ာ္ငွက္ ၁၇ မ်ိဳး၊ ကုန္းေနေရေန သတၱဝါ ၄၆ မ်ိဳး ၊ ငါးမ်ိဳးစိတ္ ၂၄ မ်ိဳး၊ လိပ္ျပာ ၂၇ မ်ိဳးႏွင့္ ပိုးေတာင္မာ ၄၅ မ်ိဳးတို႔ေနထိုင္က်က္စားလ်က္ရွိေၾကာင္းသိရသည္။source : Pyi Myanmar

unicode . . .

ပန်းလောင်နှင့်ပြဒါးလင်းဂူကို ရှေးဟောင်း သုတေသနဥယျာဉ်အ ဖြစ် တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်နေဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ရွာငံမြို့နယ် ၊ရန်ကျေးရွာအုပ်စုတွင် ကျောက်ခေတ်လူသားများ နေထို င်ခဲ့သည့် ပန်းလောင်နှင့် ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောကို ရှေးဟောင်းသုတေသန ဥယျာဉ်အဖြစ် တိုးမြှင့်ဆောင် ရွ က်ရန် စီစဉ်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ စက်တင်ဘာလ ၁၂ ရက်တွင် သိရသည်။

ပန်းလောင်နှင့်ပြဒါးလင်းဂူ တော ရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် စုစု ပေါင်းဧက ၈၂၄၈၃ ရှိကာ လွန်ခဲ့သော နှစ်ပေါင်း ၁၃၄၀၀ ခန့်က ကျောက်ခေတ် ယဉ်ကျေးမှု ထွန်းကားခဲ့သော ပြဒါးလင်းဂူတွင် နံရံဆေးရေးပန်းချီများ၊ကျောက် စက်ပန်းဆွဲ၊ကျောက်စက် မိုးမျှော်များကို လေ့လာနိုင်သည့်အပြင် ငှက်ချေးတွင်း များ၊ သဘာဝငှက်များ၊ ရေပျော်ငှက်များ၊ နေရင်းဒေသရှိ ဒေါင်းများ၊ တောရိုင်း တိ ရစ္ဆာန် ဇီဝမျိုးစုံမျိုးကွဲများကို လေ့လာ နိုင်ကြောင်း သိရသည်။

ပြဒါးလင်းဂူကို ခရီးသွားတွေလည် ပတ်စရာကောင်းအောင် ဆော င်ရွက်နေပါ တယ်။ ပြဒါးလင်းဂူက မန္တလေးနဲ့ရှမ်းပြည် နယ်အစပ်လောက်မှာရှိတော့ ခရီးသွား လုပ်ငန်းဆောင်ရွက်ဖို့ အလားအလာ ကောင်းတဲ့နေရာပါ။ ဒါကြောင့် ပြတိုက်၊ နားနေစခန်း၊ စားသောက် ဆိုင်၊ ကားရပ် နားကွင်းနဲ့အဆင့်မြင့်သန့်စင်ခန်းတွေ တည်ဆောက်ဖို့ လုပ်နေတာတွေရှိပါ တယ်ဟု ရှမ်းပြည်နယ်တောင်ပိုင်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှတာဝန်ရှိသူ တစ်ဦးက ပြောသ ည်။

ပန်းလောင်နှင့်ပြဒါးလင်းဂူ တော ရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် အထက် ရွက်ပြတ် ရေနှောတောစို၊ တောင်ပေါ် တော၊ အင်တိုင်းတော၊ အမြဲစိမ်းတော၊ မြက်ခင်းတော၊ ကိုင်းတော၊ ဝါးရုံတောများ တွေ့ရှိရပြီး သစ် ၁၄၈ မျိုး၊ ပရဆေး ၇၂ မျိုး၊ ဝါးမျိုး ၁၁ မျိုး၊ သစ်ခွ ၁၁၇ မျိုးရှိ သည့်အပြင် နို့တိုက်သတ္တဝါ ၃၅ မျိုး၊ ရေပျော်ငှက် ၁၇ မျိုး၊ ကုန်းနေရေနေ သတ္တဝါ ၄၆ မျိုး ၊ ငါးမျိုးစိတ် ၂၄ မျိုး၊ လိပ်ပြာ ၂၇ မျိုးနှင့် ပိုးတောင်မာ ၄၅ မျိုးတို့နေထိုင်ကျက် စားလျက်ရှိကြောင်းသိရသည်။source : Pyi Myanmar

Tags: