အိမ်ရှင်းလင်းရာမှ ဒေါ်လာ ၁ သိန်းကျော် တန်ကြေးရှိသည့် ရှေးဟောင်းကြွေကရားအိုးကို ရှာဖွေတွေ့ရှိခဲ့တဲ့ အမျိုးသား
တန်ဖိုးအမှန်အတိုင်းမသိပေမယ့် တန်ဖိုးကြီးတဲ့ရှေးဟောင်းပစ္စည်းလို့ မှန်း ဆမိတာကြောင့် Hansons လေလံပြခန်း က ရှေးဟောင်းပစ္စည်းကျွမ်းကျင်ပညာ ရှင်ဆီ ပြသခဲ့တာမှာ ဒီကြွေကရားအိုးက သာမန်ကရားအိုးတစ်လုံးမဟုတ်ဘဲ ချန် လုံဧကရာဇ်အတွက်ဆက်သတဲ့ တရုတ် ရှေးဟောင်းကရားအိုးဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
unicode . . .
အိမ်ရှင်းလင်းရာမှ ဒေါ်လာ ၁ သိန်းကျော် တန်ကြေးရှိသည့် ရှေး ဟောင်းကြွေကရားအိုးကို ရှာတွေ့
အင်္ဂလန်နိုင်ငံမှ အသက် ၅၁ နှစ် အရွယ် အမျိုးသား တစ်ဦးက လော့ခ်ဒေါင်း ကာလအတွင်းမှာ အိမ်ကို ရှင်းလင်းရေးပြန်လုပ်ရင်း ဖုန်အလိမ်း လိမ်းတက်နေတဲ့ ဂိုထောင်ထပ်ခိုးထဲကနေ တန်ဖိုးကြီး မားတဲ့ ရှေးဟောင်းကြွေထည် ကရားအိုးတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပါ တယ်။
တန်ဖိုးအမှန်အတိုင်းမသိပေမယ့် တန်ဖိုးကြီးတဲ့ရှေးဟောင်းပစ္စည်းလို့ မှန်း ဆမိတာကြောင့် Hansons လေလံပြခန်းက ရှေဟော င်းပစ္စည်းကျွမ်းကျင်ပညာ ရှင်ဆီ ပြသခဲ့တာမှာ ဒီကြွေကရားအိုးက သာမန်ကရားအိုးတစ်လုံးမဟုတ်ဘဲ ချန် လုံဧကရာဇ်အတွက်ဆက်သတဲ့ တရုတ် ရှေးဟောင်း ကရားအိုးဖြစ်နိုင်တယ်လို့ သုံးသ ပ်ခဲ့ကြပါတယ်။
အကျယ် ၁၅ စင်တီ မီတာမျှသာရှိပြီး လှပတဲ့ရွှေဝါရောင်အနု စိတ်တန်ဆာဆင်ထားတဲ့ ကြွေကရားအိုး ဖြစ်ပြီး လက်ဖက်ရည်အိုးဆိုတာထက် ဧကရာဇ်ထံဆက်သတဲ့ ယမကာကြွေအိုး ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။၁၇၃၅ ခုနှစ်ကနေ ၁၇၉၉ ခုနှစ်ကြား နန်း တွင်းမှာအသုံးပြုခဲ့တဲ့ ကြွေအိုးဖြစ်ပြီး လက်ရှိပေါက်ဈေးဒေါ်လာ ၁၃၀၀၀၀ နီး ပါး ရှိတယ်လို့ သုံးသပ်ခဲ့တာဖြစ်ပါတယ်။
အဘိုးတော်စပ်သူက ဒုတိယကမ္ဘာစစ် တွင်းက တရုတ်နိုင်ငံမှာ တာဝန်ကျခဲ့ပြီး အင်္ဂလန်နိုင်ငံကိုပြန်လာချိန်မှာ ဒီကြွအေိုးပါလာခဲ့တာလို့ အမည်မဖော်လိုသူပိုင် ရှင်ကဆိုပါတယ်။ ရှားပါးတဲ့ ကြွေကရား အိုးဖြစ်ပြီး စက်တင်ဘာလအတွင်း လေလံတင်ရောင်းချသွားမယ်လို့ Hansons လေလံဌာနက ပြောကြားခဲ့ပါတယ်။source :Pyi Myanmar
Tags: