ကိုဗစ်ကြောင့်ပိတ်ထားသည့် ပလင်းကမ်းသာယာဆင်စခန်းတွင် ဆင်စာဘူဖေးကျွေးမှု အကြိမ်(၈၀)ကျော်ရှိလာ
unicode . . .
ကိုဗစ်ကြောင့်ပိတ်ထားသည့်ပလင်းကမ်းသာယာဆင်စခန်းတွင် ဆင်စာဘူဖေးကျွေးမှု (၈၀)ကြိမ်ကျော်ရှိလာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလ မ်းမကြီးဘေး၊အနောက် ပုလင်းကျေးရွ ာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ် ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်းကို ခေတ္တ ပိတ်ထားစဉ်ကာလ အတွင်း မြန်မာပြည် အရပ်ရပ်မှ ဆင်ချ စ်သူများက ဆင်စာဘူဖေး ကျွေးမှုများပြားလာကြောင်း ပလင်းက မ်းသာ ယာဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို(လက်ထောက်မန်နေ ဂျာ)ထံကပြောသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် အဆိုပါ ဆင်စခန်းကို ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင် ကာကွယ်သည့်အနေဖြင့် ၂၀၂ဝပြ ည့်နှစ် မတ်လ ၂၅ရက် မှစတင်ကာ ခေတ္တယာယီပိတ်ထား ခဲ့ခြင်းဖြစ်သည်။
ယင်းကာလ အတွင်း မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများကအွန်လိုင်း မှတစ်ဆင့်ဆင်စာ ဘူဖေးကျွေးမွေးလှူဒါန်း လျှက်ရှိရာ ယခုအခါ အကြိမ် (၈၀) ကြိမ်ကျော်ထိ ဆင်စာဘူဖေး ကျွးမှုများပြားလာကြောင်း နောက်ထပ် ကျွေး မွေးရန် Online မှလည်းကြို တင်ချိတ်ဆက်မှုများလည်း ရှိနေသေးကြောင်း သိရသည်။
မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိဖွင့်လှစ်ထားရှိ ထားပြီး ဆင်စာဘူဖေးကျွေး မွေးလှူဒါန်း လိုသူများအနေဖြင့် ဆင်စခန်းအမည်များနှင့်Page များတွင် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ၊ဆင်စာ အဖြစ် ကြံ၊ နေပီယာမြက်၊ငှက် ပျောသီး၊ ဖရုံသီး၊ ဖရဲသီး သခွားသီး၊သရက်သီး၊ အုန်းသီး၊ ပြော င်းဖူးများကို အဓိ ကကျွေးကြကြောင်း သိရသည်။
ဆင်စာဘူဖေး တစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှ ငါးသောင်းကျပ်ထိကျသင့်ပြီး တစ်နေ့စာဆင်ခုနှစ်ကောင် အတွက်တစ်သိန်းကျပ် လှူဒါန်းနိုင်ကြောင်း သိရသည်။source : Pyi Myanmar