ႏွစ္ေပါင္းသန္း ၁၀၀ ရွိတဲ့ ျမန္မာ့ပယင္းတစ္ခုထဲမွ ကမၻာ့သက္တမ္းအရင့္ဆုံး သတၱဝါသုတ္ပိုးကို ေတြ႕ရွိ

ႏွစ္ေပါင္းသန္း ၁၀၀ ရွိတဲ့ ျမန္မာ့ပယင္းတစ္ခုထဲမွာ ကမၻာ့သက္တမ္းအရင့္ဆုံး သတၱဝါသုတ္ပိုးကို ေတြ႕ရွိခဲ့

ေက်ာက္ျဖစ္႐ုပ္ႂကြင္းပညာရွင္အဖြဲ႕တစ္ခုဟာ ကမၻာေပၚမွာ သက္တမ္းအရင့္ဆုံးလို့ဆိုရမယ့္ သုတ္ပိုးေတြကို ရွာေဖြေတြ႕ရွိခဲ့ၾကတယ္လို့ သိရပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္းသန္း ၁၀၀ ကလို့ ယူဆရမယ့္ ျမန္မာ့ပယင္း (သစ္ပင္႐ုပ္ႂကြင္း)တစ္ခုထဲမွာ အလြန္ေသးငယ္တဲ့ အခြံမာေရေနသတၱဝါတစ္ေကာင္ရဲ့ သုတ္ပိုးကို ေတြ႕ရွိခဲ့ရတာလည္း ျဖစ္ပါတယ္။

ပယင္းကေတာ့ အဆီထြက္ေသာအပင္တစ္မ်ိဳးရဲ့ အဆီေတြဟာ ခဲၿပီး ေက်ာက္သားသဖြယ္ျဖစ္လာတာပါ။ အဲဒီပယင္းေတြထဲမွာ အင္းဆက္ပိုးမႊားေတြကို ပုံစံမပ်က္ေတြ႕တတ္ရၿပီး ပုံမွန္အားျဖင့္ ႏွစ္ေါင္း ၂၅ သန္းကေန သန္း ၅၀ အထိ ၾကာခဲ့ၿပီး ေက်ာက္ျဖစ္လာတဲ့ သစ္ေစးတစ္မ်ိဳးလည္းျဖစ္ပါတယ္။

အရင္က သက္တမ္းအရင့္ဆုံးသုတ္ပိုးလို့ သိရွိထားရတဲ့ ေတြ႕ရွိမွုက ႏွစ္ေပါင္း ၁၇ သန္းအၾကာက တိရစၧာန္တစ္ေကာင္ရဲ့ သုတ္ပိုးကို ေတြ႕ရွိထားတာျဖစ္တယ္လို့ နန္က်င္းသိပၸံအကယ္ဒမီက ကၽြမ္းက်င္သူတစ္ဦးျဖစ္တဲ့ Wang He က ေျပာဆိုခဲ့ပါတယ္။

အခြံမာေရေနသတၱဝါဟာ ႏွစ္ေပါင္းသန္း ၅၀၀ ၾကာတည္ရွိခဲ့တဲ့ သတၱဝါျဖစ္ၿပီး မ်ားစြာေသာ ျမစ္ေခ်ာင္းအင္းအိုင္ေတြမွာ ဒီေန႔ထက္ထိရွိေနဆဲျဖစ္ကာ အမ်ိဳးအစားေပါင္းကလည္း အမ်ားအျပားရွိတယ္လို့ဆိုပါတယ္။

အခုေတြ႕ရွိခဲ့ရတဲ့ သုတ္ပိုးကိုေတာ့ အဆိုပါမ်ိဳးစိတ္ေတြထဲကတစ္ခုအတြင္းမွာ ေတြ႕ရွိခဲ့ရတာျဖစ္တယ္လို့ ဗုဒၶဟူးေန႔က ထုတ္ေဝခဲ့တဲ့ Royal Society’s Proceedings ဂ်ာနယ္မွာေဖာ္ျပခဲ့ပါတယ္။

အခုေတြ႕ရွိရတဲ့ သုတ္ပိုးဟာ သတၱဝါအမရဲ့ ခႏၶာကိုယ္အတြင္းမွာ ေတြ႕ရွိခဲ့တာျဖစ္ၿပီး အပင္သစ္ေစးထဲမွာ ပိတ္မိျခင္းမခံရခင္မွာ မိတ္လိုက္မွုေအာင္ျမင္ခဲ့ဖြယ္ရွိတယ္လို့ သိပၸံပညာရွင္ေတြက ယူဆခဲ့ၾကပါတယ္။

ရွာေဖြေတြ႕ရွိမွုကို ပိုၿပီးထူးျခားေစခဲ့တာကေတာ့ အခုေတြ႕ရွိခဲ့တဲ့ သုတ္ပိုးဟာ ႀကီးမားတဲ့ သုတ္ေကာင္ေတြပါဝင္တယ္လို့ ေတြ႕ရွိရတာျဖစ္ၿပီး ဒီေရေနသတၱဝါရဲ့ ခႏၶာကိုယ္ထက္ ၄.၆ ထိ ပိုႀကီးတဲ့ သုတ္ပိုးေကာင္ေတြလည္းျဖစ္ပါတယ္။

အခုေတြ႕ရွိခဲ့တဲ့ အခြံမာေရေနသတၱဝါ မ်ိဳးစိတ္ကိုေတာ့ သုေတသီအဖြဲ႕က Myanmarcypris hui လို့ အမည္ေပးခဲ့ၾကပါတယ္။ဒီလိုမ်ိဳး အခြံမာေရသတၱဝါရဲ့ ေက်ာက္ျဖစ္႐ုပ္ႂကြင္းတစ္ခုမွာ  ေပ်ာ့ေပ်ာင္းတဲ့အစိတ္အပိုင္းေတြပါဝင္တာကို ေတြ႕ရွိရတာက ေတာ္ေတာ္ေလးရွားပါးတယ္လို့ သိရပါတယ္။

Cretaceous period လို့ေခၚတဲ့ ကာလအတြင္း (လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၄၅ ကေန ၆၆သန္းခန႔္) ဒီလို အခြံမာေရေနသတၱဝါေတြဟာ ဒီေန႔ေခတ္ ျမန္မာ့ကမ္းရိုးတန္းတစ္ေလၽွာက္မွာ ေနထိုင္ခဲ့ၾကတယ္လို့ ယူဆရၿပီး သစ္ပင္ေတြကထြက္ရွိတဲ့ သစ္ေစးေတြနဲ႔ ကပ္ၿငိမိခဲ့ကာ သက္တမ္းၾကာျမင့္ခ်ိန္မွာေတာ့ ေက်ာက္ျဖစ္႐ုပ္ႂကြင္းအျဖစ္ က်န္ရွိေနခဲ့ၾကတာျဖစ္ပါတယ္။

လူသားေတြအပါအဝင္ တိရိစၲာန္ကမၻာက အဖိုသတၱဝါေတြဟာ ပုံမွန္အားျဖင့္ သန္းနဲ႔ခ်ီတဲ့ ေသးငယ္ေသာသုတ္ပိုးဆဲလ္ေတြကို ထုတ္လုပ္နိုင္စြမ္းရွိၾကပါတယ္။ ဒီသုတ္ပိုးေတြရဲ့ ဆင့္ကဲျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အျငင္းပြားခ်င္စရာ၊ ပဋိပကၡျဖစ္ခ်င္စရာ သီအိုရီေတြလည္း အမ်ားႀကီးရွိေနပါတယ္။

အခုေတြ႕ရွိမွုဟာ အလြန္ႀကီးမားတဲ့ သုတ္ေကာင္ေတြရဲ့ မ်ိဳးပြားျခင္း၊ မ်ိဳးသုဥ္းျခင္း၊ ဆင့္ကဲျဖစ္စဥ္ေတြကို ေလ့လာရာမွာ ေတာ္ေတာ္ေလးကို အသုံးဝင္မယ့္ ေတြ႕ရွိမွုျဖစ္တယ္လို့လည္း Ludwig Maximilian University of Munich က Matzke-Karasz က AFP ကိုေျပာဆိုခဲ့ပါတယ္။ source : The River Health Care

unicode . . .

နှစ်ပေါင်းသန်း ၁၀၀ ရှိတဲ့ မြန်မာ့ပယင်းတစ်ခုထဲမှာ ကမ္ဘာ့သက် တမ်းအရင့်ဆုံး သတ္တဝါသုတ်ပိုးကို တွေ့ရှိခဲ့

ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်အဖွဲ့တစ်ခုဟာ ကမ္ဘာပေါ်မှာ သက် တမ်းအရင့်ဆုံးလို့ဆိုရမယ့် သုတ်ပိုးတွေကို ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း ၁၀၀ ကလို့ ယူဆရမယ့် မြန်မာ့ပယင်း (သစ်ပင်ရုပ်ကြွင်း)တစ်ခုထဲမှာ အလွန်သေးငယ်တဲ့ အခွံမာ ရေနေသတ္တဝါ တစ်ကောင်ရဲ့ သုတ်ပိုးကို တွေ့ရှိခဲ့ရတာလ ည်း ဖြစ်ပါတယ်။

ပယင်းကတော့ အဆီထွက်သောအပင်တစ်မျိုးရဲ့ အဆီတွေဟာ ခဲပြီး ကျောက်သားသဖွယ်ဖြစ်လာတာပါ။ အဲဒီပယင်းတွေထဲမှာ အ င်းဆက်ပိုးမွှားတွေကို ပုံစံမပျက်တွေ့တတ်ရပြီး ပုံမှန်အားဖြင့် နှစ္ ပါင်း ၂၅ သန်းကနေ သန်း ၅၀ အထိ ကြာခဲ့ပြီး ကျောက်ဖြစ်လာတဲ့ သစ်စေးတစ်မျိုးလည်းဖြစ်ပါတယ်။

အရင်က သက်တမ်းအရင့်ဆုံးသုတ်ပိုးလို့ သိရှိထားရတဲ့ တွေ့ရှိမှုက နှစ်ပေါင်း ၁၇ သန်းအကြာက တိရစ္ဆာန်တစ်ကောင်ရဲ့ သုတ်ပိုးကို တွေ့ရှိထားတာဖြစ်တယ်လို့ နန်ကျင်းသိပ္ပံအကယ်ဒမီက ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Wang He က ပြောဆိုခဲ့ပါတယ်။

အခွံမာရေနေသတ္တဝါဟာ နှစ်ပေါင်းသန်း ၅၀၀ ကြာတည်ရှိခဲ့တဲ့ သတ္တဝါဖြစ်ပြီး များစွာသော မြစ်ချောင်းအင်းအိုင်တွေမှာ ဒီနေ့ထက်ထိရှိနေဆဲဖြစ်ကာ အမျိုးအစားပေါင်းကလည်း အများအ ပြားရှိတယ်လို့ဆိုပါတယ်။

အခုတွေ့ရှိခဲ့ရတဲ့ သုတ်ပိုးကိုတော့ အဆိုပါမျိုးစိတ်တွေထဲကတစ်ခုအတွင်းမှာ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ဝေခဲ့တဲ့ Royal Society’s Proceedings ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။

အခုတွေ့ရှိရတဲ့ သုတ်ပိုးဟာ သတ္တဝါအမရဲ့ ခန္ဓာကိုယ်အတွင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အပင်သစ်စေးထဲမှာ ပိတ်မိခြင်းမခံရခင်မှာ မိ တ်လိုက်မှုအောင်မြင်ခဲ့ဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆခဲ့ကြပါတယ်။

ရှာဖွေတွေ့ရှိမှုကို ပိုပြီးထူးခြားစေခဲ့တာကတော့ အခုတွေ့ရှိခဲ့တဲ့ သုတ်ပိုးဟာ ကြီးမားတဲ့ သုတ်ကောင်တွေပါဝင်တယ်လို့ တွေ့ရှိရတာဖြစ်ပြီး ဒီရေနေသတ္တဝါရဲ့ ခန္ဓာကိုယ်ထက် ၄.၆ ထိ ပိုကြီးတဲ့ သုတ်ပိုးကောင်တွေလည်းဖြစ်ပါတယ်။

အခုတွေ့ရှိခဲ့တဲ့ အခွံမာရေနေသတ္တဝါ မျိုးစိတ်ကိုတော့ သုတေသီအဖွဲ့က Myanmarcypris hui လို့ အမည်ပေးခဲ့ကြပါတယ်။ဒီလိုမျိုး အခွံမာရေသတ္တဝါရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုမှာ  ပျော့ပျောင်းတဲ့ အစိတ်အပိုင်းတွေပါဝင်တာကို တွေ့ရှိရတာက တော်တော်လေးရှားပါးတယ်လို့ သိရပါတယ်။

Cretaceous period လို့ခေါ်တဲ့ ကာလအတွင်း (လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၅ ကနေ ၆၆သန်းခန့်) ဒီလို အခွံမာရေနေသတ္တဝါတွေဟာ ဒီနေ့ခေတ် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်မှာ နေထိုင်ခဲ့ကြတယ်လို့ ယူဆရပြီး သစ်ပင်တွေကထွက်ရှိတဲ့ သစ်စေးတွေနဲ့ ကပ် ငြိမိခဲ့ကာ သက်တမ်း ကြာမြင့်ချိန်မှာတော့ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ကျန်ရှိနေခဲ့ကြတာဖြစ်ပါတယ်။

လူသားတွေအပါအဝင် တိရိစ္တာန်ကမ္ဘာက အဖိုသတ္တဝါတွေဟာ ပုံမှန်အားဖြင့် သန်းနဲ့ချီတဲ့ သေးငယ်သောသုတ်ပိုးဆဲလ်တွေကို ထုတ်လုပ်နိုင်စွမ်းရှိကြပါတယ်။ ဒီသုတ်ပိုးတွေရဲ့ ဆင့်ကဲဖြစ်စဉ်နဲ့ပတ်သက်ပြီး အငြင်းပွားချင်စရာ၊ ပဋိပက္ခဖြစ်ချင်စရာ သီအိုရီတွေလည်း အများကြီးရှိနေပါတယ်။

အခုတွေ့ရှိမှုဟာ အလွန်ကြီးမားတဲ့ သုတ်ကောင်တွေရဲ့ မျိုးပွားခြင်း၊ မျိုးသုဉ်းခြင်း၊ ဆင့်ကဲဖြစ်စဉ်တွေကို လေ့လာရာမှာ တော်တော်လေးကို အသုံးဝင်မယ့် တွေ့ရှိမှုဖြစ်တယ်လို့လည်း Ludwig Maximilian University of Munich က Matzke-Karasz က AFP ကိုပြောဆိုခဲ့ပါတယ်။ source : The River Health Care

Tags:

Add a Comment

Your email address will not be published. Required fields are marked *