Myanmar Idol ပြိုင်ပွဲကနေ ထွက်ပေါ်လာခဲ့တဲ့ အဆိုတော် ထက်အဉ္စလီကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းကိုရရှိထားသူတစ်ဦးပါ ထက်အဉ္စလီဟာ ယခုနောက်ပိုင်းမှာ ပရိသတ်မြင်ကွင်းကနေ ပျောက်ကွယ်နေတာကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
unicode . . .
စိတ်မကောင်းစရာအဖြစ်အပျက်လေးတစ်ခုကြောင့်ပရိသတ်တွေနဲ့ဝေးကွာနေရတဲ့ မြန်မာအိုင်ဒေါက ထက်အဉ္စလီ
Myanmar Idol ပြိုင်ပွဲကနေ ထွက်ပေါ်လာခဲ့တဲ့ အဆိုတော် ထက်အဉ္စလီကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းကိုရရှိထားသူတစ်ဦးပါ။ ထက်အဉ္စလီဟာ ယခုနောက်ပိုင်းမှာ ပရိသတ် မြင်ကွင်းကနေ ပျောက်ကွယ်နေတာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီလိုပျောက်ကွယ်နေရတဲ့ အကြောင်းအရင်းကို သူမပရိသတ်တွေက သိချင်နေကြတာလည်း ဖြစ်ပါတယ်။ ယခုရက်ပိုင်း မီဒီယာတွေ့ ဆုံမှုတစ်ခုမှာတော့ ထက်အဉ္စလီက စိတ်မကောင်းရာ အဖြစ်အပျ က်လေး တစ်ခုကြောင့် ပရိတ်သတ်တွေနဲ့ ဝေးကွာနေရတဲ့ အကြော င်း ဖွင့်ဟြေလာခဲ့ပါတယ်။
ထက်အဉ္စလီက “မျက်နှာမှာ Steroid ဆိုတဲ့ Chemical တစ်ခု လိမ်းမိပြီး အရေပြား စုတ်ပြတ်သတ်သွားလို့ ပရိသတ် နဲ့ လုံးဝ အဆက်အသွယ် ပြတ်ခဲ့ရတယ်။ ညတိုင်း နီးပါး မျက်ရည် နဲ့ ဖြတ်သန်းခဲ့ရတယ်။အမြဲတမ်း Mask တပ်ထားပြီးနေခဲ့ရတယ် အပြင် မုန့်သွားစားရင်လည်း ကိုယ့်မျက်နှာကြည့်ပြီး သူများတွေ စားဝင်ပါ့မလား ပူခဲ့ရတယ်” လို့ ပြောလာခဲ့တာပါ။“မျက်နှာမှာဖယအဖုသေးသေးလေးတွေစပေါက်လာပြီးနောက်ကြီးလာပြီးတော့ ပြည်တွေစို့လာတာပေါ့ ဒီမျက်နှာကြီးနဲ့ ဓာတ်ပုံရိုက်လို့လည်းမရ ဘာအနုပညာလှုပ်ရှားမှုမှ လုပ်လို့မရခဲ့ဘူး တော်တော်လေးလည်း မျက်နှာကိုကုသခဲ့ရတယ် တော်တော်လေးလည်း နားခဲ့ရတယ်။
အဓီက လိမ်းမိတာက Steroid ပေါ့နော် နယ်မှာထက် Music Video တစ်ခုသွားရိုက်တာ ဝက်ခြံလေးတွေကြွနေလို့ Video ကဖျောက်ရခက်တော့ ကြွတာလေးတွေ ပိန်ချင်တယ်ဆိုပြီးတော့ ဆေးသွားဝယ်တာ ထက်ရဲ့ သောက်နေကျ ဆေးလေး ပြတ်သွားတော့ အဲ့ဆေးကို သွားဝယ်ရင်းနဲ့မှ သူကညွှန်းလိုက်တာ ကိုယ်လ ည်းလိမ်းပြီး ဆယ်ရက်လောက်လည်း ကြာရော လုံးဝပြောင်ချောသွားတာပဲ ကိုယ်လည်းပျော်တာပေါ့နော်။
ဒါနဲ့ပဲ ဆေးဖြတ်လိုက်ပြီး တစ်လလောက်လည်းကြာရော အဆီဖုလေးတွေထွက်လာပြီး စုတ်ပြတ်သွားတော့တာပဲမနည်း ဆရာဝန်နဲ့ပြပြီး ဆေးပြန်လိမ်းမှ ၃ လလောက်အထိနားပြီးလုပ်မှ သက်သာသွားခဲ့တာပါ ထက်လိုပဲ ခံရတဲ့တချို့သူတွေဆို ၂နှစ် ၃နှစ်လောက်ထိ ဒီလိုပဲဖြစ်တယ်လို့ ပြောပါတယ် တကယ့်ကို ဆိုးတဲ့အတွေ့အ ကြုံပါပဲ” လို့ပြောပြခဲ့ပါတယ်။
ပရိသတ်ကြီးရေဒါကတော့ ထက်အဉ္စလီက သူမရဲ့မျက်နှာ Steroid မိသွားခဲ့တာကြောင့် လူမြင်ကွင်းကနေ ကွယ်ပျောက်နေရတဲ့အကြောင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးလည်း ဒီလိုမဖြစ်ရလေအောင် သတိထားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်နော် ။ source :Shwe Yaung Myanmar