unicode . . .
မထင်မှတ်ဘဲ တွေ့ရှိခဲ့တဲ့ ထူးထူးဆန်းဆန်း ရှေးဟောင်း အမွေအ နှစ်များပရိသတ်ကြီးကို အခုတစ်ခါမှာ မျှဝေပေးချင်တဲ့ အကြော င်းအရာတွေကတော့ မထင်မှတ်ပဲ ရှာဖွေတွေ့ရှိခဲ့ကြတဲ့ ထူးထူးဆ န်းဆန်း အရာတွေ အကြောင်းပဲ ဖြစ်ပါတယ်။
၁။ဧရာမ အမွှေးရှည် ဆင်ခေါင်းကြီးJames Bristle နဲ့ သူ့သူငယ်ချင်းတို့ဟာ လယ်လုပ်ငန်း လုပ်ဖို့အတွက် မြေကြီးကို တူးနေရာကနေ ဒီအရိုးစုခေါင်းကြီးကို တွေ့ခဲ့ရပါတယ်။ ဒီအရိုးစုကြီးကို ပညာရှင်တွေ စမ်းသပ်ကြည့်တဲ့ အခါမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၁၅,၀၀၀ ) လောက်က ကျက်စားခဲ့တဲ့ အမွှေးရှည်ဆင်ကြီးရဲ့ အရိုးစုဖြစ်ကြောင်း သိခဲ့ရပါတော့တယ် ။အမွှေးရှည်ဆင်ကြီးထဲဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ အကြာက ရှင်သန်ကျက် စားခဲ့ကြပြီး ယခုအခါမှာတော့ မျိုးတုန်းပျောက်ကွယ်သွားကြပြီပဲ ဖြစ်ပါတယ်။
၂။ ထူးဆန်းလှတဲ့ မံမီရုပ်ကြွင်းအခုမြင်နေရတဲ့ မံမီရုပ်တုကတော့ ပုံစံအရ အတော်လေးကို ထူးခြားတဲ့ ရုပ်ကြွင်းတစ်ခုလည်း ဖြစ်ပါတယ်။ The Grauballe Man လို့အမည်ရတဲ့ ဒီရုပ်တုဟာဆိုရင် တစ်ခြားမံမီ ရုပ်တုတွေလို မဟုတ်ပဲ ဆံပင်နဲ့ လက်သည်းတွေ ပါရှိနေတာလည်း ဖြစ်ပါတယ်။ ဒီမံမီ ရုပ်တုရဲ့ သက်တမ်းဟာ ဘီစီ ၃ရာစုနှစ် လောက်တည်းက ဖြစ်မယ်လို့ ပညာရှင်တွေ ခန့်မှန်းထားပါတယ်။ ရုပ်တုကိုတော့ ၁၉၅၅ ခုနှစ်မှာ ဒိန်းမတ်နိုင်ငံက ပြ တိုက်တစ်ခုမှာ ပြသထားတယ်လို့လဲ သိရပါတယ်။
၃။ဟော့ဘစ် လူပုလေးတွေဟာ တစ်ကယ်ရှိခဲ့တာလား?၂၀၀၃ ခုနှစ်တုန်းက လေ့လာရေးပညာရှင်တွေဟာ အင်ဒိုနီးရှားနိုင်ငံ အတွ င်းက Flores ကျွန်းပေါ်မှာ လူပုမျိုးနွယ်လို့ ထင်ရတဲ့ အရိုးစုတစ်ခုကို တွေ့ခဲ့ရပါတယ်။ ဒီအရိုးစုကို ဓာတ်ခွဲခန်းထဲ ယူသွားပြီး လေ့လာကြည့်တဲ့ အခါမှာတော့ မိန်းကလေးတစ်ယောက်ရဲ့ အရိုးစုဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်။သေချာ လေ့လာကြည့်တဲ့အခါမှာတော့ ဒီအရိုးစုဟာ အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ အရိုးစုဖြစ်ပြီး အတော်လေးကို အရပ်ပုလွန်းတယ်လို့ ဆိုရမှာပါ။နောက် ထပ်ထူးခြားချက်ကတော့ ဒီအမျိုးသမီးရဲ့ ဦးနှောက်ဟာ သာမန် မဟုတ်ပဲ တစ်ကယ်ရှိတယ်ဆိုတာ တွေ့ခဲ့ကြရပါတယ်။ ဒါတွေကို ကြည့်ချင်းအားဖြင့် လွန်ခဲ့တဲ့အချိန်တွေတုန်းက လူပုမျိုးနွယ်တွေ တစ်ကယ်ရှိခဲ့လားဆိုတာ စဉ်းစားစရာ ဖြစ်နေပါပြီ။
၄။ ရှေးဟောင်းမြေအောက်မြို့တော် ၁၉၆၃ ခုနှစ်တုန်းက အမျိုး သားတစ်ယောက်ဟာ သူ့ရဲ့ အိမ်တွင်းက အခန်းတစ်ခန်းရဲ့ နံရံဟာ ထူးဆန်းတဲ့ ပုံစံဖြစ်နေတာကို သတိထားမိခဲ့ပါတယ်။ ဒါနဲ့ပဲ ပညာ ရှင်တွေကို ခေါ်ပြီး လေ့လာကြည့်စေတဲ့ အခါမှာတော့ အတွင်းပိုင်းမှာ ဥမင် လမ်းကြောင်းတွေ အများကြီးတွေ့ရပြီး The Derinkuyu လို့ခေါ်တဲ့ မြေအောက်မြို့တော်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သမိုင်းကြောင်းအရ ဒီမြို့ကို အရှေ့ရောမအင်ပါယာ ခေတ်တုန်းက တည်ဆောက်ခဲ့ပြီး အာရပ်လူမျိူးတွေရဲ့ ရန်ကနေ ကာကွယ်ဖို့ ရည်ရွယ်ခဲ့တာလို့ သိရပါတယ်။
၅။ ရှေးဟောင်း စစ်ရထားနဲ့ မြင်းအရိုးစုများသိပ္ပံပညာရှင်တွေနဲ့ ဘူမိဗေဒပညာရှင်တွေဟာ Zheng မင်းဆက် ( ၈၀၆ – ၃၇၅ ဘီစီ ) လောက်က အသုံးပြုခဲ့တဲ့ စစ်ရထားနဲ့ မြင်းအရိုးစုပေါင်းများစွာကို တွေ့ရှိခဲ့ကြပါတယ်။ တူးဖော်တွေ့ရှိတဲ့ နေရာကတော့ တရုတ်နိုင်ငံအတွင်းက Xinzheng မြို့မှာ ဖြစ်ပြီး နှစ်ပေါင်း ၂၄၀၀ သက်တမ်းရှိပြီဖြစ်တဲ့ မြင်းအရိုးစု ၁၀၀ ကျော်နဲ့ စစ်ရထား တွေကို ရှာဖွေတွေ့ရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။ စစ်ရထားရဲ့ အရွယ်အစားကို တိုင်းတာကြည့်တဲ့အခါ ၂.၄ မီတာရှည်ပြီး အကျယ်ကတော့ ၁.၇ မီတာ ကျယ်ကာ ကြေးနဲ့ ပြုလုပ်ထားပါတယ်။
အခုဖော်ပြပေးထားတာတွေ ကတော့ မထင်မှတ်ပဲ ရှာဖွေတွေ့ရှိခဲ့တဲ့ ရှေးဟောင်း အမွေအနှစ်တစ်ချို့ကို စုစုည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သက်ကြီးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။source : Shwe Khit