ေက်ာ္ထက္ေဇာ္နဲ႔ယူရင္ တစ္ၿမိဳ႕လံုးကို စတုဒီသာေကြ်းမယ္ဆိုၿပီး ေန႔တိုင္းဖုန္းဆက္တဲ့ ပရိသတ္ေတြရွိတယ္ဆိုတဲ့ မင္းသမီးသံသာမိုးသိမ့္

ေက်ာ္ထက္ေဇာ္နဲ႔ယူရင္ တစ္ၿမိဳ႕လံုးကို စတုဒီသာေကြ်းမယ္ဆိုၿပီး ေန႔တိုင္းဖုန္းဆက္တဲ့ ပရိသတ္ေတြရွိတယ္ဆိုတဲ့ သံသာမိုးသိမ့္

သံသာမိုးသိမ့္ဟာ MRTV-4 ဇာတ္လမ္းတြဲေတြကေနတဆင့္ ေအာင္ျမင္ေက်ာ္ၾကားလာၿပီး ပရိသတ္ေတြရဲ႕ ရင္ထဲမွာ အျပည့္အဝေနရာယူထားႏိုင္သူပါ။ အခ်စ္ဖြဲ႕ေလညႇင္းဇာတ္ကားမွာသာမက တခ်ိဳ႕ေသာ သီခ်င္းဗီဒီယိုေတြမွာ ေက်ာ္ထက္ေဇာ္နဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္ခဲ့ရင္း ပ႐ိသတ္ေတြက အတြဲေတြလို အၿမဲျမင္ေနရေလာက္ေအာင္ အားေပးမွဳေတြကို ဖမ္းစားႏိုင္ခဲ့သူျဖစ္ပါတယ္။

ယေန႔တင္ဆက္ေပးမွာကေတာ့ သံသာမိုးသိမ့္နဲ႔ ေက်ာ္ထက္ေဇာ္ကို တတြဲတြဲနဲ႔ ပရိသတ္ေတြက ျမင္ေနၾကတဲ့အေၾကာင္းေတြနဲ႔ ယူေစခ်င္ၾကတဲ့ ပရိသတ္ေတြရွိတဲ့အေၾကာင္း တင္ဆက္ေပးလိုက္ရပါတယ္။ကိုေက်ာ္ထက္ေဇာ္နဲ႔ ယူေစခ်င္တဲ့ ပရိသတ္ေတြရွိလားလို႔ သံသာမိုးသိမ့္ကို ေမးခဲ့ပါတယ္။

သံသာမိုးသိမ့္က “ဟာ အဲ့တာက ေန႔တိုင္းဖုန္းဆက္တယ္။ မံုရြာ၊ ျပည္ ေနာက္တစ္ခုက ေရႊေတာင္လားမသိဘူး။ အဲ့ဒိ(၃)ခုၿမိဳ႕မွာရွိတဲ့ ပ႐ိသတ္ေတြက တစ္ၿမိဳ႕လံုးကို ဘယ္နရက္လဲမသိဘူး စတုဒီသာေကြ်းမွာတဲ့။ အဲ့တာနဲ႔ ဟာၾကမ္းလွခ်ည္လားေပါ့။

ဒါပရိသတ္ကခ်စ္တာေပါ့ေနာ္။ အဲ့အတြက္လဲ ေက်းဇူးတင္ပါတယ္လို႔ေျပာခ်င္ပါတယ္” လို႔ ျပန္ေျဖခဲ့ပါတယ္။ေက်ာ္ထက္ေဇာ္နဲ႔အရမ္း လိုက္ဖက္မွဳရွိတဲ့အေပၚကိုလဲ သံသာမိုးသိမ့္က “ပရိသတ္ေတြရဲ႕ မ်က္လံုးထဲမွာ အခ်စ္ကား႐ိုက္ခဲ့တာေၾကာင့္ ပိုၿပီးေတာ့ တြဲမိသြားတာျဖစ္ပါလိမ့္မယ္။

Chemistry ကေတာ့ ေတာ္ေတာ္မိတယ္ေျပာရမယ္။ အဓိက သူကေတာ့ Korea Type လံုးဝ အကိုႀကီး စတိုင္၊ Oppa စတိုင္။ ကိုယ္ကက်ေတာ့ ကေလးေလးေပါ့ ညီမေလးစတိုင္ဆိုေတာ့ ပရိသတ္ေတြရဲ႕ မ်က္လံုးထဲကို ပိုၿပီးေတာ့ ျမင္ၿပီးေတာ့ Chemistry ျဖစ္သြားတာျဖစ္ပါလိမ့္မယ္”လို႔ ေျဖဆိုခဲ့ပါတယ္။

ေနာက္ပိုင္းက် ဇာတ္လမ္းတြဲေတြ ေၾကာ္ျငာေတြကအစ ေက်ာ္ထက္ေဇာ္နဲ႔အတူ အပ္လာၾကတာေတြ႕ရတဲ့အေပၚမွာ ဘယ္လိုျမင္လဲဆိုတာေမးခဲ့ပါတယ္။အဲ့တာက Post တင္တာကအစ သံသာတစ္ေယာက္ထဲဆိုလဲ တစ္ခုခုလိုေနတယ္တဲ့။ ကိုေက်ာ္တစ္ေယာက္ထဲဆိုေတာ့လဲ တစ္ခုခုလိုေနတယ္တဲ့။

အဲ့လိုမ်ိဳးေပါ့ေနာ္ အၿမဲႏွစ္ေယာက္ကို အကုန္လံုးက တြဲတြဲၿပီးျမင္ၾကတာ။ MTV ဆိုရင္လဲ အဲ့လိုေပါ့ေနာ္။ အဆိုေတာ္တစ္ေယာက္ဆိုရင္ သူ႔ MTV တစ္ပုဒ္ကို ကိုေက်ာ္နဲ႔ ညီမနဲ႔႐ိုက္တယ္ေပါ့ေနာ္။ အဲ့တစ္ေခၚ႐ိုက္ၿပီးေတာ့ အမွန္ဆို ဘယ္သူကထပ္႐ိုက္မွာလဲေပါ့ေနာ္။ မင္းသားမင္းသမီးေျပာင္းမွာေပါ့။

အဲ့တာကို မဟုတ္ဘူးေနာ္ ထပ္႐ိုက္တယ္ ဒီမင္းသားနဲ႔ မင္းသမီးနဲ႔ပဲ။ သူတို႔ရဲ႕မ်က္လံုးထဲမွာေပါ့ေနာ္ ဒီႏွစ္ေယာက္က လွတယ္၊ လိုက္တယ္။ တြဲသြားရင္လဲ လိုက္ဖက္ညီတယ္ေပါ့ေနာ္။ သူတို႔က အဲ့လိုျမင္ၾကတာကို။ အဲ့လိုျမင္ေတာ့လဲ ေက်းဇူးတင္ပါတယ္လို႔။ ကိုေက်ာ့္ကို အားေပးတဲ့ ပရိသတ္ေတြကိုေရာေပါ့ေနာ္။

ဇာတ္ကားၿပီးေပမယ့္ ပရိသတ္ေတြကို မေမ့ဘူးလို႔ေျပာခ်င္ပါတယ္လို႔ ေျပာခ်င္ပါတယ္လို႔ သံသာမိုးသိမ့္က ယခုလိုပဲ ေျဖၾကားခဲ့ပါတယ္။ ပရိသတ္ႀကီးေရ ဒီအေၾကာင္းေလးကို ဖတ္ၿပီးရင္ေတာ့ စိတ္ထဲမွာ ၾကည္ႏူးမိၾကမယ္လို႔ ထင္ပါတယ္။

ပရိသတ္ႀကီးေရာ သံသာမိုးသိမ့္နဲ႔ ေက်ာ္ထက္ေဇာ္ကို တကယ္လက္ထပ္ေစခ်င္တဲ့ သူေတြရွိလား။ ေျဖခဲ့ေပးဦးေနာ္။ အားေပးဖတ္ရႈေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ Source : MC

unicode . . .

ကျော်ထက်ဇော်နဲ့ယူရင် တစ်မြို့လုံးကို စတုဒီသာကျွေးမယ်ဆိုပြီး နေ့တိုင်းဖုန်းဆက်တဲ့ ပရိသတ်တွေရှိတယ်ဆိုတဲ့ သံသာမိုးသိမ့်

သံသာမိုးသိမ့်ဟာ MRTV-4 ဇာတ်လမ်းတွဲတွေကနေတဆင့် အောင်မြင်ကျော်ကြားလာပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ အပြည့်အဝနေရာယူထားနိုင်သူပါ။ အချစ်ဖွဲ့လေညှင်းဇာတ်ကားမှာသာမက တချို့သော သီချင်းဗီဒီယိုတွေမှာ ကျော်ထက်ဇော်နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ရင်း ပရိသတ်တွေက အတွဲတွေလို အမြဲမြင်နေရလောက်အောင် အားပေးမှုတွေကို ဖမ်းစားနိုင်ခဲ့သူဖြစ်ပါတယ်။

ယနေ့တင်ဆက်ပေးမှာကတော့ သံသာမိုးသိမ့်နဲ့ ကျော်ထက်ဇော်ကို တတွဲတွဲနဲ့ ပရိသတ်တွေက မြင်နေကြတဲ့အကြောင်းတွေနဲ့ ယူစေချ င်ကြတဲ့ ပရိသတ်တွေရှိတဲ့အကြောင်း တင်ဆက်ပေးလိုက်ရပါတ ယ်။ ကိုကျော်ထက်ဇော်နဲ့ ယူစေချင်တဲ့ ပရိသတ်တွေရှိလားလို့ သံသာမိုးသိမ့်ကို မေးခဲ့ပါတယ်။

သံသာမိုးသိမ့်က “ဟာ အဲ့တာက နေ့တိုင်းဖုန်းဆက်တယ်။ မုံရွာ၊ ပြည် နောက်တစ်ခုက ရွှေတောင်လားမသိဘူး။ အဲ့ဒိ(၃)ခုမြို့မှာရှိတဲ့ ပရိသတ်တွေက တစ်မြို့လုံးကို ဘယ်နရက်လဲမသိဘူး စတုဒီ သာကျွေးမှာတဲ့။ အဲ့တာနဲ့ ဟာကြမ်းလှချည်လားပေါ့။

ဒါပရိသတ်ကချစ်တာပေါ့နော်။ အဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။ကျော်ထက်ဇော်နဲ့အ ရ မ်း လိုက်ဖက်မှုရှိတဲ့အပေါ်ကိုလဲ သံသာမိုးသိမ့်က “ပရိသတ်တွေရဲ့ မျက်လုံးထဲမှာ အချစ်ကားရိုက်ခဲ့တာကြောင့် ပိုပြီးတော့ တွဲမိသွားတာဖြစ်ပါလိမ့်မယ်။

Chemistry ကတော့ တော်တော်မိတယ်ပြောရမယ်။ အဓိက သူကတော့ Korea Type လုံးဝ အကိုကြီး စတိုင်၊ Oppa စတိုင်။ ကိုယ်ကကျတော့ ကလေးလေးပေါ့ ညီမလေးစတိုင်ဆိုတော့ ပရိသတ်တွေရဲ့ မျက်လုံးထဲကို ပိုပြီးတော့ မြင်ပြီးတော့ Chemistry ဖြစ်သွားတာ ဖြစ်ပါလိမ့်မယ်”လို့ ဖြေဆိုခဲ့ပါတ ယ်။

နောက်ပိုင်းကျ ဇာတ်လမ်းတွဲတွေ ကြော်ငြာတွေကအစ ကျော်ထက်ဇော်နဲ့အတူ အပ်လာကြတာတွေ့ရတဲ့အပေါ်မှာ ဘယ်လိုမြင်လဲဆိုတာမေးခဲ့ပါတယ်။အဲ့တာက Post တင်တာကအစ သံသာတစ်ယောက်ထဲဆိုလဲ တစ်ခုခုလိုနေတယ်တဲ့။ကိုကျော်တစ်ယောက်ထဲဆိုတော့လဲ တစ်ခုခုလိုနေတယ်တဲ့။

အဲ့လိုမျိုးပေါ့နော် အမြဲနှစ်ယောက်ကို အကုန်လုံးက တွဲတွဲပြီးမြင်ကြတာ။ MTV ဆိုရင်လဲ အဲ့လိုပေါ့နော်။ အဆိုတော်တစ်ယောက်ဆိုရင် သူ့ MTV တစ်ပုဒ်ကို ကိုကျော်နဲ့ ညီမနဲ့ရိုက်တယ်ပေါ့နော်။ အဲ့တစ်ခေါ်ရိုက်ပြီးတော့ အမှန်ဆို ဘယ်သူက ထပ်ရိုက်မှာလဲပေါ့နော်။ မင်းသားမင်းသမီးပြောင်းမှာပေါ့။

အဲ့တာကို မဟုတ်ဘူးနော် ထပ်ရိုက်တယ် ဒီမင်းသားနဲ့ မင်းသမီးနဲ့ပဲ။ သူတို့ရဲ့မျက်လုံးထဲမှာပေါ့နော် ဒီနှစ်ယောက်က လှတယ်၊ လိုက်တယ်။ တွဲသွားရင်လဲ လိုက်ဖက်ညီတယ်ပေါ့နော်။သူတို့က အဲ့လိုမြ င်ကြတာကို။ အဲ့လိုမြင်တော့လဲ ကျေးဇူးတင်ပါတယ်လို့။ ကိုကျော့်ကို အားပေးတဲ့ ပရိသတ်တွေကိုရောပေါ့နော်။

ဇာတ်ကားပြီးပေမယ့် ပရိသတ်တွေကို မမေ့ဘူးလို့ ပြောချင်ပါတ ယ်လို့ ပြောချင်ပါတယ်လို့ သံသာမိုးသိမ့်က ယခုလိုပဲ ဖြေကြားခဲ့ပါတယ်။ ပရိသတ်ကြီးရေ ဒီအကြောင်းလေးကို ဖတ်ပြီးရင်တော့ စိတ်ထဲမှာ ကြည်နူးမိကြမယ်လို့ ထင်ပါတယ်။

ပရိသတ်ကြီးရော သံသာမိုးသိမ့်နဲ့ ကျော်ထက်ဇော်ကို တကယ်လက်ထပ်စေချင်တဲ့ သူတွေရှိလား။ ဖြေခဲ့ပေးဦးနော်။ အားပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Source : MC