စည္းစိမ္ေတြကို ရတနာသိုက္အျဖစ္ ျမွဳပ္နွံခဲ့ျပီး ေနရာမေျပာဘဲေသဆံုးခဲ့တဲ့ အမ်ိဳးသား

စည္းစိမ္ေတြကိုရတရာသိုက္အျဖစ္ ျမဳပ္ခဲ့တဲ့အမ်ိဳးသား၊ ေနရာမေျပာဘဲ ေသဆံုးသြား

ရတနာသိုက္ရွာရတာ ၾကိဳက္တဲ့ ရတနာမုဆိုးေတြအတြက္ ေဖာရက္စ္ဖန္ဆိုတဲ့ စာေရးဆရာဟာ အေတာ္ေလးကို နာမည္ၾကီးပါတယ္။ သူမေသခင္ေရးထားခဲ့တဲ့ ရတနာေျမပံုအေၾကာင္းျဖစ္တဲ့ the Fenn Treasure (သယ္ဖန္ထရက္ရွာ)ဟာ တကယ္ရွိေနတဲ့ ေနရာပါ။ အေၾကာင္းက စာေရးဆရာကိုယ္တိုင္ ပိုင္ဆိုင္တဲ့ ေရႊေငြေတြကို ရတနာသိုက္အျဖစ္လုပ္ေပးခဲ့တာျဖစ္ပါတယ္။

စာေရးဆရာက ျပီးခဲ့တဲ့အပတ္ (၉လပိုင္ပထမအပတ္) ထဲမွာ ေသဆံုးသြားျပီလို႔သိရပါတယ္။ ေသဆံုးခ်ိန္မွာ အသက္ (၉၀)ရွိေနခဲ့တဲ့ ေဖာရက္စ္ဖန္ဟာ မူလကတည္းက စာေရးဆရာျဖစ္တဲ့အတြက္ စြန္႔စားခန္းနဲ႔ ရတနာသိုက္ေတြအေၾကာင္းကို စိတ္၀င္စားသူပါ။ (၂၀၀၉)ခုႏွစ္ေလာက္မွာ သူ႕ရဲ႕ပိုင္ဆုိင္မႈပမာဏ ေဒၚလာ(၂)သန္းကို ရတနာသိုက္အျဖစ္လုပ္ျပီး စာအုပ္ထဲမွာေရးခဲ့ပါတယ္။

ေဒၚလာ(၂)သန္းဆိုတဲ့ ပမာဏဟာ ပိုက္ဆံရွိလူတန္းစာအတြက္ေတာ့ မေျပာပေလာက္ေပမဲ့ ျမန္မာေငြနဲ႔ဆိုရင္ သိန္း (၂၆၀၀၀)ေက်ာ္ပမာဏရွိပါတယ္။ ရွာသာေတြ႔ခဲ့ရင္ေတာ့ ခ်က္ခ်င္းဆိုသလို အဆင္ေျပသြားမယ့္အေနအထားပါ။ အဲဒီအေၾကာင္းကို မိတ္ဆက္ေပးျပီးခ်ိန္မွာ ရတနာမုဆိုးေတြဟာ သယ္ဖန္ထရက္ရွာကိုရွာဖို႔ ဘ၀ကို ရင္းခဲ့ၾကျပီး ရတနာမုဆိုး (၃၅၀၀၀)ေလာက္ဟာ ေရာကီးေတာင္တန္းေတြၾကားကို ေျခဆန္႔ခဲ့ပါေတာ့တယ္။

ေဖာရက္စ္ဖန္က သူ႕ရဲ႕ရတနာေတြကို ေရာကီးေတာင္တန္းေတြၾကားမွာ ျမဳပ္ထားတယ္ဆိုပါတယ္။ ေရာကီေတာင္တန္းဆိုတာက မုိင္ (၃၀၀၀) ရွည္လ်ားတဲ့ ေတာင္တန္းၾကီးပါ။ အေမရိကန္၊ နယူးမကၠဆီကို၊ ကေနဒါအစံုကိုျဖတ္သန္းထားပါတယ္။

ဒီအေၾကာင္းအေသးစိတ္ကို The Thrill of the Chase ဆိုတဲ့ သူ႕ကဗ်ာထဲမွာ ကဗ်ာ (၂၄)ေၾကာင္းနဲ႔ ရတနာသိုက္ ေျမပံုအတြက္ အစေပးထားပါတယ္။ဘယ္ေလာက္ထိေအာင္ဆိုးလဲဆိုရင္ စာေရးဆရာရဲ႕အိမ္ကိုပါျပန္ေဖာက္ျပီး သဲလြန္စရွာတဲ့အထိပါပဲ။ (၁၀)ႏွစ္ေက်ာ္ၾကာကာလအတြင္း လူငါးဦးလည္းေသဆံုးျပီးျပီလို႔သိရပါတယ္။

တခ်ိဳ႕ကရွာေတြ႔ျပီလို႔သတင္းလႊင့္ၾကေပမဲ့ ဖန္ကေတာ့ သူ႕ရဲ႕ရတနာသိုက္ဟာ ေနရာမပ်က္ရွိေနဆဲပါလို႔ မေသခင္ကာလအထိေၾကညာထားပါတယ္။ အခုေတာ့ ဆံုးသြားခဲ့ပါျပီ။ရတနာသိုက္ရွိခဲ့တဲ့ေနရာကိုလည္း ဘယ္သူကိုမွ ေျပာခဲ့တဲ့အသံလည္းမထြက္ပါဘူး။ ရတနာမုဆိုးေတြဆက္လိုက္ေနဆဲျဖစ္ျပီး၊ သယ္ဖန္ထရက္ရွာကို ဘယ္သူမွမေတြ႔ေသးဘူလို႔ ယံုၾကည္ေနၾကတုန္းပါ။

တခ်ိဳ႕ကေတာ့ ဘယ္တုန္းကမွ မရွိခဲ့ဘူးဆုိၾကသလို တခ်ိဳ႕ကေတာ့ တကယ္ရွာေတြ႕သြားျပီလို႔ဆိုၾကပါတယ္။ နယူးေယာက္ပို႔စ္က ေဖာ္ျပခ်က္တခုမွာေတာ့ ၉၀ ရာခိုင္ႏႈန္းေသာမုဆိုးေတြဟာ ရွိေနဆဲလို႔ယံုၾကည္ျပီး သယ္ဖန္ထရက္ရွာကိုရွာေနၾကဆဲလို႔ ေဖာ္ျပထားပါတယ္။source: AwesomeMyanmar

unicode . . .

စည်းစိမ်တွေကိုရတရာသိုက်အဖြစ် မြုပ်ခဲ့တဲ့အမျိုးသား၊ နေရာမပြောဘဲ သေဆုံးသွား

ရတနာသိုက်ရှာရတာ ကြိုက်တဲ့ ရတနာမုဆိုးတွေအတွက် ဖောရက်စ်ဖန် ဆိုတဲ့ စာရေးဆရာဟာ အတော်လေးကို နာမည်ကြီးပါတ ယ်။ သူမသေခင် ရေးထားခဲ့တဲ့ ရတနာမြေပုံ အကြောင်းဖြစ်တဲ့ the Fenn Treasure (သယ်ဖန်ထရက်ရှာ)ဟာ တကယ်ရှိနေတဲ့ နေရာပါ။ အကြောင်းက စာရေးဆရာကိုယ်တိုင် ပိုင်ဆိုင်တဲ့ ရွှေငွေတွေကို ရတနာသိုက်အဖြစ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။

စာရေးဆရာက ပြီးခဲ့တဲ့အပတ် (၉လပိုင်ပထမအပတ်) ထဲမှာ သေ ဆုံးသွားပြီလို့ သိရပါတယ်။ သေဆုံးချိန်မှာ အသက် (၉၀) ရှိနေခဲ့တဲ့ ဖောရက်စ်ဖန်ဟာ မူလကတည်းက စာရေးဆရာဖြစ်တဲ့အတွက် စွန့်စားခန်းနဲ့ ရတနာသိုက်တွေ အကြောင်းကို စိတ်ဝင်စားသူပါ။ (၂၀၀၉)ခုနှစ်လောက်မှာ သူ့ရဲ့ပိုင်ဆိုင်မှုပမာဏ ဒေါ်လာ(၂)သန်းကို ရတနာသိုက်အဖြစ်လုပ်ပြီး စာအုပ်ထဲမှာရေးခဲ့ပါတယ်။

ဒေါ်လာ(၂)သန်းဆိုတဲ့ ပမာဏဟာ ပိုက်ဆံရှိ လူတန်းစာအတွက်တော့ မပြောပလောက်ပေမဲ့ မြန်မာငွေနဲ့ဆိုရင် သိန်း (၂၆၀၀၀) ကျော်ပမာဏရှိပါတယ်။ ရှာသာတွေ့ခဲ့ရင်တော့ ချက်ချင်းဆိုသလို အဆင်ပြေသွားမယ့်အနေအထားပါ။ အဲဒီအကြောင်းကို မိတ်ဆက်ပေးပြီးချိန်မှာ ရတနာမုဆိုးတွေဟာ သယ်ဖန်ထရက်ရှာကို ရှာဖို့ ဘ ဝကို ရင်းခဲ့ကြပြီး ရတနာမုဆိုး(၃၅၀၀၀)လောက်ဟာရောကီးတော င်တန်းတွေကြားကို ခြေဆန့်ခဲ့ပါတော့တယ်။

ဖောရက်စ်ဖန်က သူ့ရဲ့ရတနာတွေကို ရောကီး တောင်တန်းတွေကြားမှာ မြုပ်ထားတယ်ဆိုပါတယ်။ ရောကီတောင်တန်းဆိုတာက မိုင် (၃၀၀၀) ရှည်လျားတဲ့ တောင်တန်းကြီးပါ။ အမေရိကန်၊ နယူးမက္ကဆီကို၊ ကနေဒါအစုံကိုဖြတ်သန်းထားပါတယ်။

ဒီအကြောင်းအသေးစိတ်ကို The Thrill of the Chase ဆိုတဲ့ သူ့ကဗျာထဲမှာ ကဗျာ (၂၄)ကြောင်းနဲ့ ရတနာသိုက် မြေပုံအတွက် အစပေးထားပါတယ်။ဘယ်လောက်ထိအောင်ဆိုးလဲဆိုရင် စာရေးဆရာရဲ့အိမ်ကိုပါပြန်ဖောက်ပြီး သဲလွန်စရှာတဲ့အထိပါပဲ။ (၁၀)နှစ်ကျော်ကြာကာလအတွင်း လူငါးဦးလည်းသေဆုံးပြီးပြီလို့သိရပါတယ်။

တချို့ကရှာတွေ့ပြီလို့သတင်းလွှင့်ကြပေမဲ့ ဖန်ကတော့ သူ့ရဲ့ရတနာသိုက်ဟာ နေရာမပျက်ရှိနေဆဲပါလို့ မသေခင်ကာလအထိကြေညာထားပါတယ်။ အခုတော့ ဆုံးသွားခဲ့ပါပြီ။ရတနာသိုက်ရှိခဲ့တဲ့နေရာကိုလည်း ဘယ်သူကိုမှ ပြောခဲ့တဲ့ အသံလည်း မထွက်ပါဘူး။ရတ နာမုဆိုးတွေ ဆက်လိုက်နေဆဲဖြစ်ပြီး၊ သယ်ဖန်ထရက်ရှာကို ဘယ်သူမှမတွေ့သေးဘူလို့ ယုံကြည်နေကြတုန်းပါ။

တချို့ကတော့ ဘယ်တုန်းကမှ မရှိခဲ့ဘူးဆိုကြသလို တချို့ကတော့ တကယ်ရှာတွေ့သွားပြီလို့ဆိုကြပါတယ်။နယူးယောက်ပို့စ်က ဖော္ ပြချက်တခုမှာတော့ ၉၀ ရာခိုင်နှုန်းသောမုဆိုးတွေဟာ ရှိနေဆဲလို့ယုံကြည်ပြီး သယ်ဖန်ထရက်ရှာကို ရှာနေကြဆဲလို့ ဖော်ပြထားပါတယ်။source: AwesomeMyanmar

Tags:

Add a Comment

Your email address will not be published. Required fields are marked *