တ႐ုတ္ရဲ႕ ကာကြယ္ေဆး သံခင္းတမန္ခင္း ႀကိဳးပမ္းမႈထဲ ျမန္မာလည္းပါဝင္

တ႐ုတ္ရဲ႕ ကာကြယ္ေဆး သံခင္းတမန္ခင္း ႀကိဳးပမ္းမႈထဲ ျမန္မာလည္းပါဝင္

တ႐ုတ္နိုင္ငံက သူတို႔စမ္းသပ္ေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးဟာ ေအာင္ျမင္လုနီးၿပီလို႔ လူသိရွင္ၾကား ေျပာထားတာနဲ႕အမွ် မဟာဗ်ဴဟာေျမာက္ အက်ိဳးစီးပြား ဆက္ႏႊယ္ေနတဲ့ နိုင္ငံေတြကို ဦးစားေပး ျဖန႔္ခ်ိေပးမယ္ဆိုၿပီး ကတိေပးထားတဲ့အထဲမွာ ျမန္မာနိုင္ငံလည္း ပါဝင္ပါတယ္။ တ႐ုတ္နိုင္ငံ၊ ဝူဟန္ၿမိဳ႕မွာ ကိုရိုနာဗိုင္းရပ္စ္စျဖစ္ၿပီး တကမာၻလုံးကို ပ်ံ့ႏွံ႕ကူးစက္ခဲ့ၿပီးတဲ့ေနာက္ တ႐ုတ္အေနနဲ႕ ကာကြယ္ေဆးကို အသုံးခ်ၿပီး ကမာၻေပၚမွာ သူ႕ရဲ႕အေနအထား ခိုင္မာေအာင္ ႀကိဳးပမ္းခ်က္အျဖစ္ ျမင္ၾကပါတယ္။ ေတာင္တ႐ုတ္ပင္လယ္ျပင္ ေရျပင္နယ္နိမိတ္ပိုင္ဆိုင္မႈ အျငင္းပြားေနၾကတဲ့ အေရွ႕ေတာင္အာရွနိုင္ငံ အမ်ားအျပားဟာ တ႐ုတ္ရဲ႕ “ကာကြယ္ေဆး သံခင္းတမန္ခင္း” မွာ အဓိက ဦးတည္ခ်က္ထားတဲ့နိုင္ငံေတြ ျဖစ္လာေနတာပါ။

ဇူလိုင္လထဲမွာ တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးက ဖိလစ္ပိုင္ကို ကာကြယ္ေဆးေပးမယ့္ အေၾကာင္း ကတိေပးခဲ့သလို ၾသဂုတ္လထဲမွာေတာ့ တ႐ုတ္ရဲ႕ ေဆးကုမၸဏီႀကီးတခုျဖစ္တဲ့ Sinovac ကလည္း အင္ဒိုနီးရွားအစိုးရပိုင္ ေဆးကုမၸဏီ PT Bio Farma ကို ႏွစ္စဥ္ ကာကြယ္ေဆး သန္း ၂၅၀ ေပးဖို႔ သေဘာတူခဲ့ပါတယ္။ စက္တင္ဘာလ အေစာပိုင္းမွာေတာ့ တ႐ုတ္ေပၚလစ္ဗ်ဴရိုအဖြဲ႕ဝင္ Yang Jiechi ဟာ ျမန္မာနိုင္ငံကို သြားေရာက္ခဲ့ၿပီး ကာကြယ္ေဆး ထုတ္လုပ္နိုင္ၿပီဆိုရင္ ျမန္မာနိုင္ငံကို အဓိကဦးစားေပး ျဖန႔္ခ်ိသြားမယ့္အေၾကာင္း ကတိေပးခဲ့တာပါ။  “ေဒသတြင္းအစိုးရ အမ်ားစုဟာ သူတို႔ ဘယ္လိုပဲ စိတ္ထဲရွိရွိ ေတာင္တ႐ုတ္ပင္လယ္အေရးပဲျဖစ္ျဖစ္၊ တျခားကိစၥေတြပဲျဖစ္ျဖစ္ ကပ္ေရာဂါအတြက္ ကာကြယ္ေဆးရဖို႔ကေတာ့ အရင္ေတြးၾကမွာပါပဲလို႔ ဝါရွင္တန္အေျခစိုက္ CSIS မဟာဗ်ဴဟာနဲ႕ နိုင္ငံတကာေလ့လာေရးအဖြဲ႕ အေရွ႕ေတာင္အာရွဆိုင္ရာ ကြၽမ္းက်င္သူ Gregory Poling က ေျပာပါတယ္။

အင္ဒိုနီးရွားနဲ႕ ဖိလစ္ပိုင္လို ကိုယ္ပိုင္ကာကြယ္ေဆး ထုတ္နိုင္စြမ္း နည္းပါးတဲ့ နိုင္ငံေတြဟာ ကာကြယ္ေဆးရဖို႔အတြက္ ျပည္ပကိုသာ ေမွ်ာ္လင့္ေနၾကရတာပါ။ အေမရိကန္၊ ဥေရာပသမဂၢ၊ ဂ်ပန္နဲ႕ ၿဗိတိန္နိုင္ငံေတြကလည္း ကာကြယ္ေဆး တကယ္ထြက္လာၿပီဆိုရင္ ကုေဋနဲ႕ခ်ီၿပီး ထုတ္လုပ္ၾကဖို႔ အာမခံထားပါတယ္။ ဒါေပမယ့္ အေမရိကန္ က်န္းမာေရးဝန္ႀကီး Alex Azar ကေတာ့ နိုင္ငံတြင္း ကာကြယ္ေဆးျဖန႔္ေဝလို႔ လုံေလာက္ၿပီဆိုေတာ့မွ တျခားနိုင္ငံေတြကို မွ်ေဝသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အစိုးရအဖြဲ႕က တ႐ုတ္နဲ႕ ဆက္ဆံေရး ေျပလည္တယ္၊ တ႐ုတ္ကလည္း လာမယ့္ေ႐ြးေကာက္ပြဲမွာ သူတို႔ ေနာက္တႀကိမ္ ျပန္အနိုင္ရေစခ်င္ပုံ ရတယ္လို႔ ရန္ကုန္အေျခစိုက္ တမၸဒီပအင္စတီက်ဳ သုေတသီအဖြဲ႕က အမႈေဆာင္ၫႊန္ၾကားေရးမႉး ဦးခင္ေဇာ္ဝင္းက ေျပာပါတယ္။source : ဗြီအိုေအ (ျမန္မာပိုင္း)

unicode . . .

တရုတ်ရဲ့ ကာကွယ်ဆေး သံခင်းတမန်ခင်း ကြိုးပမ်းမှုထဲ မြန်မာလည်းပါဝင်

တရုတ်နိုင်ငံက သူတို့စမ်းသပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ဆေးဟာ အောင်မြင်လုနီးပြီလို့ လူသိရှင်ကြား ပြောထားတာနဲ့အမျှ မဟာဗျူဟာမြောက် အကျိုးစီးပွား ဆက်နွှယ်နေတဲ့ နိုင်ငံတွေကို ဦးစားပေး ဖြန့်ချိပေးမယ်ဆိုပြီး ကတိပေးထားတဲ့အထဲမှာ မြန်မာ နိုင်ငံလည်း ပါဝင်ပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်စဖြစ်ပြီး တကမ္ဘာလုံးကို ပျံ့နှံ့ကူးစက်ခဲ့ပြီးတဲ့နောက် တရုတ်အနေနဲ့ ကာကွယ်ဆေးကို အသုံးချပြီး ကမ္ဘာပေါ်မှာ သူ့ရဲ့အနေအ ထား ခိုင်မာအောင် ကြိုးပမ်းချက်အဖြစ် မြင်ကြပါတယ်။ တောင်တရုတ်ပင်လယ်ပြင် ရေပြင်နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေကြတဲ့ အရှေ့တောင် အာရှနိုင်ငံ အများအပြားဟာ တရုတ်ရဲ့ “ကာကွယ်ဆေး သံခင်းတမန်ခင်း”မှာ အဓိက ဦးတည်ချက်ထားတဲ့နိုင်ငံတွေ ဖြစ်လာနေတာပါ။

ဇူလိုင်လထဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဖိလစ်ပိုင်ကို ကာ ကွယ်ဆေးပေးမယ့် အကြောင်း ကတိပေးခဲ့သလို သြဂုတ်လထဲမှာတော့ တရုတ်ရဲ့ ဆေးကုမ္ပဏီကြီးတခုဖြစ်တဲ့ Sinovac ကလ ည်း အင်ဒိုနီးရှားအစိုးရပိုင်ဆေးကုမ္ပဏီPT Bio Farma ကို နှစ်စဉ် ကာကွယ်ဆေး သန်း ၂၅၀ ပေးဖို့ သဘောတူခဲ့ပါတယ်။ စက်တင်ဘာလ အစောပိုင်းမှာတော့ တရုတ်ပေါ်လစ်ဗျူရိုအဖွဲ့ဝင် Yang Jiechi ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ကာကွယ် ဆေး ထုတ်လုပ်နိုင်ပြီဆိုရင် မြန်မာနိုင်ငံကို အဓိကဦးစားပေး ဖြန့် ချိသွားမယ့်အကြောင်း ကတိပေးခဲ့တာပါ။“ဒေသတွင်းအစိုးရ အ များစုဟာ သူတို့ ဘယ်လိုပဲ စိတ်ထဲရှိရှိ တောင်တရုတ်ပင်လယ်အ ရေးပဲဖြစ်ဖြစ်၊ တခြားကိစ္စတွေပဲဖြစ်ဖြစ် ကပ်ရောဂါအတွက် ကာ ကွယ်ဆေးရဖို့ကတော့ အရင်တွေးကြမှာပါပဲလို့ ဝါရှင်တန်အခြေ စိုက် CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့ အရှေ့ တောင်အာရှဆိုင်ရာ ကျွမ်းကျင်သူ Gregory Poling က ပြောပါတယ်။

အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်လို ကိုယ်ပိုင်ကာကွယ်ဆေး ထုတ်နိုင်စွမ်း နည်းပါးတဲ့ နိုင်ငံတွေဟာ ကာကွယ်ဆေးရဖို့အတွက် ပြည်ပကိုသာ မျှော်လင့်နေကြရတာပါ။ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်နဲ့ ဗြိတိန်နိုင်ငံတွေကလည်း ကာကွယ်ဆေး တကယ်ထွက်လာပြီဆိုရင် ကုဋေနဲ့ချီပြီး ထုတ်လုပ်ကြဖို့ အာမခံထားပါတယ်။ ဒါပေမယ့် အမေရိကန် ကျန်းမာရေးဝန်ကြီး Alex Azar ကတော့ နိုင်ငံတွင်း ကာကွယ်ဆေးဖြန့်ဝေလို့ လုံလောက်ပြီဆိုတော့မှ တခြားနိုင်ငံတွေကို မျှဝေသွားမှာဖြစ်ကြောင်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရအဖွဲ့က တရုတ်နဲ့ဆက်ဆံရေး ပြေလည်တယ်၊ တရုတ်ကလည်း လာမယ့်ရွေးကောက်ပွဲမှာ သူတို့ နောက်တကြိမ် ပြန်အ နိုင်ရစေချင်ပုံ ရတယ်လို့ ရန်ကုန်အခြေစိုက် တမ္ပဒီပအင်စတီကျု သုတေသီအဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ဦးခင်ဇော်ဝင်းက ပြောပါတယ်။source : ဗွီအိုအေ (မြန်မာပိုင်း)

Tags: