အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက်ဆီက စပွန်ဆာယူတယ်လို့ ပြောဆိုမှုတွေအပေါ် တုံ့ပြန်ပြောဆိုလာတဲ့ မင်းသား တိုင်ရွန်
unicode . . .
အိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်ရဲ့ စပွန်ဆာယူတယ်ဆိုပြီး ကော လဟာလပြောဆိုမှုတွေအပေါ် တုံ့ပြန်ပြောဆိုလာတဲ့ တိုင်ရွန်
မင်းသားချော တိုင်ရွန်ကတော့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်၊ စတိုင်လ်ကျကျ ဝတ်ပုံစားပုံတို့ကြောင့် မိန်းကလေး ပရိသတ်တွေ ကြားမှာ ရေပန်းစား အောင်မြင်နေသူ တစ်ယောက်လဲ ဖြစ်ပါတယ်။
အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နေတဲ့ မင်းသားတစ်လက်ပီပီ ဝေဖန်တိုက်ခိုက်မှုတွေများစွာကို ခံရလေ့ရှိတဲ့ တိုင်ရွန်က ဒီနေ့မှာလည်း အိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်ရဲ့ စပွန်ဆာယူတယ်ဆိုပြီး သွားပုပ်လေလွင့်ပြောဆိုခံနေရပါတယ်။
ထိုကိစ္စနဲ့ ပက်သတ်ပြီး တိုင်ရွန်ကတော့ မဟုတ်တာတွေ မပြောကြဖို့ အနူးအညွတ်တောင်းပန်လာတာကို တွေ့ရပါတယ်။ မဟုတ်ပဲမတင်ပါနဲ့ဗျာ။ မိသားစုတွေပျက်စီးမယ်ဗျ။ ကျွန်တော့်ကိုပဲပြောပါ။မသေချာပဲပြောတာမကောင်းပါဘူး။
ကျွန်တော် ဘယ်တော့မှ သူများ မိသားစုပြိုကွဲအောင်၊ သူများ သားမ ယားစိတ်နဲ့တောင်မပြစ်မှားဖူးပါဘူး။ အားလုံး အေးချမ်းနိုင်ကြပါစေ။ဝဋ်ကြွေးတွေရှိလဲ ကျေပါစေတော့ တောင်းပန်ပါတယ်။
တိုင်ရွန်ကတော့ ပြီးခဲ့တဲ့လကလည်း ယုန်လေးရဲ့ ကိစ္စနဲ့ ပက်သတ်ပြီး ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရသလို လက်ရှိမှာလည်း အိမ်ထောင်ရှိအမျိုးသမီးနဲ့ ဇာတ်လမ်းတွေရှိတယ်ဆိုပြီး လူမှုကွန်ယက်ကနေ တိုက်ခိုက်ခံနေရတာပဲ ဖြစ်ပါတယ်။
တိုင်ရွန်ကတော့ သူ့ဘက်က အမှန်တရားကို အရိုးသားဆုံး ပြောခဲ့ပြီးပြီမို့ ပရိသတ်ကြီးလည်း စိတ်ရှင်းသွားလောက်ပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။source:San Kyi Par