ျမန္မာျပည္ဘာျမဴဒါ သို႔ ျပန္လမ္းမဲ့ေရအိုင္ အေၾကာင္း

ျမန္မာျပည္ဘာျမဴဒါ (သို့) ျပန္လမ္းမဲ့ေရအိုင္ (LAKE OF NO RETURN) အေၾကာင္း

ျမန္မာျပည္ဘာျမဴဒါ (သို့ ) ျပန္လမ္းမဲ့ေရအိုင္(၁)ဒုတိယကမၻာစစ္အတြင္းက အဂၤလိပ္ မဟာမိတ္တပ္ေတြဟာ စစ္ရွုံးၿပီးထြက္ေျပးတဲ့ ဂ်ပန္တပ္ေတြကို ေလေၾကာင္းတိုက္ပြဲေတြ လိုက္လံဆင္ႏႊဲခဲ့ပါတယ္ ။အဲဒီစစ္ေလယာဥ္အေျမာက္အမ်ားဟာ ေနာင္ယန္းအင္းကို ျဖတ္ၿပီးပ်ံသန္းခ်ိန္မွာ ထူးဆန္းစြာေပ်ာက္ဆုံးသြားၾကပါတယ္ ။အင္းထဲပ်က္က်တာ ျဖစ္နိုင္တယ္လို့ သုံးသပ္ၿပီး စုံစမ္းရွာေဖြဖို့ တပ္ရင္းတစ္ခုကို ထပ္မံေစလႊတ္လိုက္ေပမယ့္ ၊ အဲဒီေစလႊတ္ခံရတဲ့ တပ္ရင္းတစ္ရင္းလုံးပါ ထူးဆန္းစြာ ေပ်ာက္ဆုံးသြားခဲ့ပါေတာ့တယ္ ။ဒါကေတာ့ အိႏၵိယျမန္မာနယ္စပ္ ၊ ပန္ေဆာင္ၿမိဳ့အနီးက ေနာင္ယန္းအင္းလို့ေခၚတဲ့အင္းတစ္ခုကို ျပန္လမ္းမဲ့အင္း ( The Lake Of No Return) လို့ နာမည္စတြင္ေစခဲ့တဲ့ အေၾကာင္းရင္းမ်ားစြာေတြထဲက တစ္ခုပဲျဖစ္ပါေတာ့တယ္။

(၂) စစ္ရွုံးၿပီး ျမန္မာနိုင္ငံကေန ျပန္လည္ဆုတ္ခြာသြားတဲ့ ဂ်ပန္စစ္တပ္ တပ္ခြဲတစ္ခြဲဟာ ေနာင္ယန္းအင္းအနီးမွာ ညအိပ္ စခန္းခ် ရပ္နားစဥ္မွာပဲ ထူးဆန္းစြာ ထပ္မံေပ်ာက္ဆုံးသြားျပန္ပါတယ္။ဂ်ပန္စစ္တပ္အႀကီးအကဲေတြကေတာ့ ခရီးပန္းတဲ့ဒဏ္၊ ရာသီဥတု ဒဏ္နဲ႔ငွက္ဖ်ား ေရာဂါေၾကာင့္ ေသဆုံးကုန္တာ ျဖစ္နိုင္တယ္လို့ သုံးသပ္ၾကေပမယ့္ ဒါဟာလည္း တိက်ေသခ်ာတဲ့အေျဖတစ္ခုေတာ့ မဟုတ္ခဲ့ျပန္ပါဘူး။

(၃) ကမၻာေက်ာ္ လီဒိုလမ္းမႀကီး၊ ေဖာက္လုပ္ရာမွာ အလုပ္လုပ္ေနတဲ့ အေမရိကန္စစ္သား အဖြဲ႕တစ္ဖြဲ႕ဟာ ေနာင္ယန္းအင္း အနီးမွာ ထူးဆန္းစြာနဲ႔ ထပ္မံေပ်ာက္ဆုံးခဲ့ျပန္ပါတယ္ ။ ထူထပ္တဲ့ ျခဳံႏြယ္ေတြေၾကာင့္ လမ္းေပ်ာက္သြားတာ ျဖစ္မယ္လို့ သုံးသပ္ခဲ့ၾကေပမယ့္ ၊ ဒီအျဖစ္အပ်က္ဟာ ေနာင္ယန္းအင္းကို ထပ္မံၿပီး ပေဟဠိဆန္ေစခဲ့ပါတယ္ ။

(၄) ၁၉၄၂ ခုႏွစ္မွာ အဂၤလိပ္စစ္တပ္တစ္တပ္ဟာလည္း ေနာင္ယန္းအင္းအနီးမွာ ေပ်ာက္ဆုံးသြားျပန္ပါတယ္။ သဲရွင္ (Quicksand) ထဲမွာ သဲကၽြံၿပီး ေပ်ာက္ဆုံးသြားတာ ျဖစ္နိုင္တယ္လို့ သုံးသပ္ခဲ့ၾကပါတယ္ ။အေျဖကိုေတာ့ေနာင္ယန္းအင္းကလြဲၿပီး ဘယ္သူမွ သိနိုင္မယ္ မထင္ပါဘူး။

(၅) Ten lost Tribes of Israel (အစၥေရးက ေပ်ာက္ဆုံးသြားတဲ့ မ်ိဳးႏြယ္စု ၁၀စု)ဆိုတဲ့ စာအုပ္ေရးခဲ့သူ စာေရးဆရာ တစ္ဦးဟာလဲ ဒီေရကန္အနီးမွာပဲ ေပ်ာက္ဆုံးသြားခဲ့ျပန္ပါတယ္ ။အေၾကာင္းရင္းကိုေတာ့ ထုံးစံအတိုင္း တိတိပပ အေျဖရွာ မရခဲ့ျပန္ပါဘူးဒီလို ျပန္လမ္းမဲ့အင္း ( The Lake Of No Return ) ဆိုၿပီး နာမည္ႀကီးလွတဲ့ ေနာင္ယန္းအင္းမွာ ဆြတ္ပ်ံ႕လွိုက္ေမာဖြယ္ရာ အခ်စ္ဇာတ္လမ္းေလးတစ္ခုလည္း ရွိေနခဲ့ျပန္ပါတယ္ ။

လီဒိုလမ္းမႀကီးေဖာက္လုပ္စဥ္က ပါဝင္ခဲ့တဲ့ Herman Perry ဟာ တန္ရွန္းနာဂမ်ိဳးႏြယ္စုဝင္ အမ်ိဳးသမီးတစ္ဦးနဲ႔ ေမတၱာသက္ဝင္ၿပီး ေပါင္းဖက္ဖို့ႀကိဳးစားေပမယ့္ မတူညီတဲ့ လူေနမွုစနစ္ၾကား ၾကဳံေတြ႕ရတဲ့ အခက္အခဲေတြမ်ားစြာ ၾကဳံေတြ႕ရတဲ့ ဇာတ္လမ္းေလးပဲ ျဖစ္ပါတယ္

ဒီဇာတ္လမ္းကို စာေရးဆရာ Brendan Koerner က Now the Hell Will Start ဆိုတဲ့စာအုပ္မွာ ဇာတ္လမ္းဆင္ ေရးဖြဲ႕ထားပါတယ္။ အခ်စ္ေၾကာင့္ အလြမ္းေတြ အေဆြးေတြေၾကာင့္ျပန္လမ္းမဲ့အင္း (Lake Of No Return ) ဟာ ပိုမိုေက်ာ္ၾကားလာခဲ့ပါေတာ့တယ္၂၀၀၇ ခုႏွစ္ အတြင္းမွာ အိႏၵိယနိုင္ငံကထုတ္ေဝတဲ့ The Telegraph သတင္းစာမွာ ကမၻာေက်ာ္ ဘာျမဴဒါႀတိဂံ (Burmuder Triangle) နဲ႔ တြဲဖက္ၿပီး ေနာင္ယန္းအင္းကို Local Bermuda Triangle လို့ တင္စားေရးသားခဲ့ေၾကာင္း သိရွိရပါတယ္ ။ မည္သို့ပင္ျဖစ္ပါေစ။

ေဒသခံေတြက နတ္ဘီလူးေတြ က်က္စားတယ္လို့ ယုံၾကည္ၾကတဲ့ ၊ အိႏၵိယ ျမန္မာ နယ္စပ္ကို ပိုင္းျခားသတ္မွတ္ထားတဲ့ ပတ္ကြိဳင္ေတာင္တန္းရဲ့ ေတာင္ေျခမွာရွိတဲ့ ၊ ေရအနည္းဆုံးအခ်ိန္မွာ အလ်ား ၁ မိုင္နီးပါး ( ၀.၈၇) မိုင္ ၊ အနံ ( ၀.၅ ) မိုင္ က်ယ္၀န္းတဲ့ နာမည္ေက်ာ္ ေနာင္ယန္းအင္းဟာ ပေဟဠိဆန္တဲ့ အလွတရားေတြနဲ႔ ယခုထက္တိုင္ နာမည္ေက်ာ္လ်က္ ရွိေနဆဲပါပဲ။ မူရင္းေရးသားသူအား ခရက္ဒစ္ေပးပါတယ္ဗ်ာ။

unicode . . .

မြန်မာပြည်ဘာမြူဒါ (သို့) ပြန်လမ်းမဲ့ရေအိုင် (LAKE OF NO RETURN) အကြောင်း

မြန်မာပြည်ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့ရေအိုင်(၁)ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ် မဟာမိတ်တပ်တွေဟာ စစ်ရှုံးပြီးထွက်ပြေးတဲ့ ဂျပန်တပ်တွေကို လေကြောင်းတိုက်ပွဲတွေ လိုက်လံဆင်နွှဲခဲ့ပါတယ် ။အဲဒီစစ်လေယာဉ်အမြောက်အများဟာ နောင်ယန်းအင်းကို ဖြတ်ပြီးပျံသန်းချိန်မှာ ထူးဆန်းစွာပျောက်ဆုံးသွားကြပါတယ် ။အင်းထဲပျက်ကျတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြီး စုံစမ်းရှာဖွေဖို့ တပ်ရင်းတစ်ခုကို ထပ်မံစေလွှတ်လိုက်ပေမယ့် ၊ အဲဒီစေလွှတ်ခံရတဲ့ တပ် ရင်းတစ်ရင်းလုံးပါ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတော့တယ်။ဒါကတော့ အိန္ဒိယမြန်မာနယ်စပ် ၊ ပန်ဆောင်မြို့အနီးက နောင်ယန်းအင်းလို့ခေါ်တဲ့အင်းတစ်ခုကို ပြန်လမ်းမဲ့အင်း ( The Lake Of No Return) လို့ နာမည်စတွင်စေခဲ့တဲ့ အကြောင်းရင်းများစွာ တွေထဲက တစ်ခုပဲဖြစ်ပါတော့တယ်။

(၂) စစ်ရှုံးပြီး မြန်မာနိုင်ငံကနေ ပြန်လည်ဆုတ်ခွာသွားတဲ့ ဂျပန်စစ်တပ် တပ်ခွဲတစ်ခွဲဟာ နောင်ယန်းအင်းအနီးမှာ ညအိပ် စခန်းချ ရပ်နားစဉ်မှာပဲ ထူးဆန်းစွာ ထပ်မံပျောက်ဆုံးသွားပြန်ပါတယ်။ဂျ ပန်စစ်တပ်အကြီးအကဲတွေကတော့ ခရီးပန်းတဲ့ဒဏ်၊ ရာသီဥတု ဒဏ်နဲ့ငှက်ဖျား ရောဂါကြောင့် သေဆုံးကုန်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပေမယ့် ဒါဟာလည်း တိကျသေချာတဲ့ အဖြေတစ်ခုတော့ မဟုတ်ခဲ့ပြန်ပါဘူး။

(၃) ကမ္ဘာကျော် လီဒိုလမ်းမကြီး၊ ဖောက်လုပ်ရာမှာ အလုပ်လုပ်နေတဲ့ အမေရိကန်စစ်သား အဖွဲ့တစ်ဖွဲ့ဟာ နောင်ယန်းအင်း အနီးမှာ ထူးဆန်းစွာနဲ့ ထပ်မံပျောက်ဆုံးခဲ့ပြန်ပါတယ် ။ ထူထပ်တဲ့ ခြုံနွယ်တွေကြောင့် လမ်းပျောက်သွားတာ ဖြစ်မယ်လို့ သုံးသပ်ခဲ့ကြပေမယ့် ၊ ဒီအဖြစ်အပျက်ဟာ နောင်ယန်းအင်းကို ထပ်မံပြီး ပဟေဠိဆန်စေခဲ့ပါတယ် ။

(၄) ၁၉၄၂ ခုနှစ်မှာ အင်္ဂလိပ်စစ်တပ်တစ်တပ်ဟာလည်း နောင်ယန်းအင်းအနီးမှာ ပျောက်ဆုံးသွားပြန်ပါတယ်။ သဲရှင် (Quicksand) ထဲမှာ သဲကျွံပြီး ပျောက်ဆုံးသွားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ် ။အဖြေကိုတော့နောင်ယန်းအင်းကလွဲပြီး ဘယ်သူမှ သိနိုင်မယ် မထင်ပါဘူး။

(၅) Ten lost Tribes of Israel (အစ္စရေးက ပျောက် ဆုံးသွားတဲ့ မျိုးနွယ်စု ၁၀စု)ဆိုတဲ့ စာအုပ်ရေးခဲ့သူ စာရေးဆရာ တစ်ဦးဟာလဲ ဒီရေကန်အနီးမှာပဲ ပျောက်ဆုံးသွားခဲ့ပြန်ပါတယ် ။အကြောင်းရင်းကိုတော့ ထုံးစံအတိုင်း တိတိပပ အဖြေရှာ မရခဲ့ပြန်ပါဘူးဒီလို ပြန်လမ်းမဲ့အင်း ( The Lake Of No Return ) ဆိုပြီး နာမည်ကြီးလှတဲ့ နောင်ယန်းအင်းမှာ ဆွတ်ပျံ့လှိုက်မောဖွယ်ရာ အချစ်ဇာတ်လမ်းလေးတစ်ခုလည်း ရှိနေခဲ့ပြန်ပါတယ် ။

လီဒိုလမ်းမကြီး ဖောက်လုပ်စဉ်က ပါဝင်ခဲ့တဲ့ Herman Perry ဟာ တန်ရှန်းနာဂမျိုးနွယ်စုဝင် အမျိုးသမီးတစ်ဦးနဲ့ မေတ္တာသက်ဝင်ပြီး ပေါင်းဖက်ဖို့ကြိုးစားပေမယ့် မတူညီတဲ့ လူနေမှုစနစ်ကြား ကြုံတွေ့ရတဲ့ အခက်အခဲတွေများစွာ ကြုံတွေ့ရတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်

ဒီဇာတ်လမ်းကို စာရေးဆရာ Brendan Koerner က Now the Hell Will Start ဆိုတဲ့စာအုပ်မှာ ဇာတ်လမ်းဆင် ရေးဖွဲ့ထားပါတယ်။ အချစ်ကြောင့် အလွမ်းတွေ အဆွေးတွေကြောင့်ပြန်လမ်းမဲ့အင်း (Lake Of No Return ) ဟာ ပိုမိုကျော်ကြားလာခဲ့ပါတော့တယ်၂၀၀၇ ခုနှစ် အတွင်းမှာ အိန္ဒိယနိုင်ငံကထုတ်ဝေတဲ့ The Telegraph သတင်းစာမှာ ကမ္ဘာကျော် ဘာမြူဒါတြိဂံ (Burmuder Triangle) နဲ့ တွဲဖက်ပြီး နောင်ယန်းအင်းကို Local Bermuda Triangle လို့ တင်စားရေးသားခဲ့ကြောင်း သိရှိရပါတယ် ။ မည်သို့ပင်ဖြစ်ပါစေ။

ဒေသခံတွေက နတ်ဘီလူးတွေ ကျက်စားတယ်လို့ ယုံကြည်ကြတဲ့ ၊ အိန္ဒိယ မြန်မာ နယ်စပ်ကို ပိုင်းခြားသတ်မှတ်ထားတဲ့ ပတ်ကွိုင်တောင်တန်းရဲ့ တောင်ခြေမှာရှိတဲ့ ၊ ရေအနည်းဆုံးအချိန်မှာ အ လျား ၁ မိုင်နီးပါး ( ဝ.၈၇) မိုင် ၊ အနံ ( ဝ.၅ ) မိုင် ကျယ်ဝန်းတဲ့ နာမည်ကျော် နောင်ယန်းအင်းဟာ ပဟေဠိဆန်တဲ့ အလှတရားတွေနဲ့ ယခုထက်တိုင် နာမည်ကျော်လျက် ရှိနေဆဲပါပဲ။ မူရင်းရေးသားသူအား ခရက်ဒစ်ပေးပါတယ်ဗျာ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *