မႏၲေလးတိုင္းေဒသႀကီး၊မိုးကုတ္ၿမိဳ့နယ္မွ အလွူရွင္တစ္ဦးတည္းက ေအာင္ခ်မ္းသာရပ္ကြက္ရွိ အိမ္ေထာင္စု ၅၃၀၀ ေက်ာ္ အတြက္ ဆန္၂၄ ျပည္ပါဆန္အိတ္ တစ္အိတ္ ႏွုန္းျဖင့္လွူဒါန္းေန

မႏၲေလးတိုင္းေဒသႀကီး၊မိုးကုတ္ၿမိဳ့နယ္မွ အလွူရွင္တစ္ဦးတည္းက ေအာင္ခ်မ္းသာရပ္ကြက္ရွိ အိမ္ေထာင္စု ၅၃၀၀ ေက်ာ္ အတြက္ ဆန္၂၄ ျပည္ပါဆန္အိတ္ တစ္အိတ္ ႏွုန္းျဖင့္လွူဒါန္းေန ေၾကာင္းသိရသည္။

“အလွူရွင္က မိုးကုတ္ၿမိဳ ့၊ေအာင္ခ်မ္းသာရပ္က ဦးတင့္ေဆြ၊ေဒၚအေလးမိသားစုကေနလွူဒါန္းတာပါ ၊ခုလိုကို ဗစ္ ကာလမွာမရွိဆင္းရဲသူေတြအတြက္ ဆန္တစ္အိတ္ကေတာ္ေတာ္ေလးအဆင္ေျပပါတယ္၊

လက္လုပ္လက္စားျဖစ္တဲ့အိမ္ေထာင္စုေတြကလဲခုခ်ိန္မွာဘာမွ မလုပ္နိုင္ေတာ့အမ်ားႀကီး အေထာက္ အကူရပါတယ္”ဟုမိုးကုတ္ၿမိဳ့နယ္မဲဆႏၵနယ္အမွတ္၂တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းတင္ကေျပာသည္။

မိုးကုတ္ၿမိဳ ့တြင္ ဆင္းရဲႏြမ္းပါးသည့္ ရပ္ကြက္ေနျပည္သူမ်ားအား ရန္ကုန္၊မႏၲေလးတို့တြင္ ေနထိုင္ သည့္ မိုးကုတ္သားကုန္သည္ႀကီးမ်ား က ေနရပ္မ်ားသို ့ျပန္လာၿပီး မိုးကုတ္၊က်ပ္ျပင္းရပ္ကြက္မ်ားႏွင့္ မိဘမဲ့ ေဂဟာ၊ ေက်ာင္းမ်ားသို ့ဆန္၊ဆီမ်ားမၾကာခဏလွူဒါန္းေပးေနျခင္းမ်ား လည္းရွိေၾကာင္း သိရသည္။source : Pyi Myanmar

unicode . . .

မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့နယ်မှ အလှူရှင်တစ်ဦးတည်းက အောင်ချမ်းသာရပ်ကွက်ရှိ အိမ်ထောင်စု ၅၃၀၀ ကျော် အ တွက် ဆန်၂၄ ပြည်ပါဆန်အိတ် တစ်အိတ် နှုန်းဖြင့် လှူဒါန်းနေ ကြောင်းသိရသည်။

“အလှူရှင်က မိုးကုတ်မြို့၊အောင်ချမ်းသာရပ်က ဦးတင့်ဆွေ၊ဒေါ်အလေးမိသားစုကနေ လှူဒါန်းတာပါ ၊ခုလိုကို ဗစ် ကာလမှာမရှိဆင်းရဲသူတွေ အတွက် ဆန်တစ်အိတ်က တော်တော်လေးအဆင် ပြေပါတယ်၊

လက်လုပ်လက်စား ဖြစ်တဲ့ အိမ်ထောင်စုတွေကလဲ ခုချိန်မှာဘာမှ မလုပ်နိုင်တော့ အများကြီး အထောက် အကူရပါတယ်”ဟုမိုးကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ်၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးသောင်းတင်က ပြောသည်။

မိုးကုတ်မြို့တွင် ဆင်းရဲနွမ်းပါးသည့် ရပ်ကွက်နေပြည်သူများအား ရန်ကုန်၊မန္တလေးတို့တွင် နေထိုင် သည့် မိုးကုတ်သားကုန်သည်ကြီးများ က နေရပ်များသို့ပြန်လာပြီး မိုးကုတ်၊ကျပ်ပြင်းရပ်ကွက်များနှင့် မိဘမဲ့ ဂေဟာ၊ ကျောင်းများသို့ဆန်၊ဆီများမကြာခဏလှူဒါန်းပေးနေခြင်းများ လည်းရှိကြောင်း သိရသည်။ source : Pyi Myanmar

Tags:

Add a Comment

Your email address will not be published. Required fields are marked *