ကောင်းစံနဲ့ ရုပ်ချင်းမတူလို့ ပရိသတ်တွေက သားအဖလို့မထင်ကြတဲ့အကြောင်း အရွှန်းဖောက်ပြီး ပြောပြခဲ့တဲ့ ဟာသအနုပညာရှင် ဦမိုးဒီ
unicode . . .
ကောင်းစံနဲ့ ရုပ်ချင်းမတူလို့ ပရိသတ်တွေက သားအဖလို့ မထင်ကြကြောင်း အရွှန်းဖောက်ပြီး ပြောပြခဲ့တဲ့ ဦမိုးဒီ
ဦးမိုးဒီဟာ ပရိသတ်တွေရဲ့ အချစ်တော် ဟာသအနုပညာရှင် တစ်ယောက်ဖြစ်ပြီး သူပါဝင်တဲ့ ရုပ်ရှင်တွေဟာဆိုရင် မရယ်ရတာမရှိရလောက်အောင် ရှားလွန်းပါတယ်။ဦးမိုးဒီဟာ အင်တာဗျူးမှာ သားဖြစ်သူ ကောင်းစံနဲ့ အကြောင်းတွေကို ပြောပြခဲ့ပါတယ်။
ပထမဆုံး အနေနဲ့ ကိုဗစ်ကာလ သက်ကြီး လူရွှင်တော်တွေအတွက် အလှူအတန်းလုပ်ပေးတဲ့အပေါ် ဘယ်လိုမြင်လဲလို့ ဦးမိုးဒီကို မေးခဲ့ပါတယ်။ဘဘတို့ သက်ကြီးလူရွှင်တော်တွေ အသက်(၆၅) နှစ်အ ထက်ဆိုရင် နဲနဲ အလုပ်ရှားသွားပြီ။ သိပ်မခေါ်ကြတော့ဘူး။
အဲ့အချိန်မှာ ငယ်ရွယ်သူ လူရွှင်တော်တွေက ကြာတော့ကြာခဲ့ပြီ ကျန်ရှိနေတဲ့ သက်တမ်းလေးကို ထောက်ပံ့ကြတာပေါ့။ တချို့တွေကလဲ လာကြပြီးတော့ ဆန်တစ်အိတ်ထောက်ပံ့တာတို့ (၈)ပြည်ထောက်ပံ့တာတို့ (၆)ပြည်ထောက်ပံ့တာတို့ ရှိတယ်။ ဒါလေးတွေက ဘဘတို့အတွက် ဒီအသက်ကလေးကို ကယ်နေရတာပေါ့လေ။
ကျေးဇူးရှင်တွေ အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်လို့ ဦးမိုးဒီက ဖြေကြားခဲ့ပါတယ်။ဦးမိုးဒီနဲ့ ဦးကောင်းစံကို သားအဖလို့ မသိကြတဲ့ အပေါ် ဦးကောင်းစံက သားအဖလို့ မသိတာကိုတော့ အပြစ်မယူပါဘူး။ ဘာလို့ဆိုတော့ ရုပ်ချင်းက မတူဘူးလေ။ အဲ့လိုဖြစ်နေတော့ ဖေဖေက ဥပတိရုပ် တအား ခန့်ညားသန့်ပြန့်နေတာ။
အဲ့တော့ ကိုယ့်ရုပ်နဲ့ကျတော့ တခြားစီလေ။ အဲ့လိုဖြစ်နေတော့ ဖအေနဲ့သားဆိုတာ သက်သက်ကြီးလိုဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။ဦးမိုဒီကဆက်လက်ပြီး ကျွန်တော်လဲ ခရီးသွားပြီးတော့ ပွဲကတာတွေ များတယ်လေ။ များတော့ ကျွန်တော်လဲ ကျွန်တော့သားဆိုတာ အတိအကျတော့ မသိဘူးပေါ့နော်။
ခရီးသွားပြီး ပြန်လာတော့ သူ့အမေက အဲ့တာ ရှင့်သားတဲ့။ အဲ့တော့ သူ့အမေပြောလို့ ကောင်းစံက သူ့သားမှန်းသိတာပါဆိုပြီး ရုပ်တည်ကြီးနဲ့ စနောက်ခဲ့ပါတယ်။ တစ်ခါက SSC မှာ ဆေးသွာဝယ်တော့ ဘဘ က စာအုပ်လေးကိုင်ပြီး ဆေးဝယ်နေတုန်း သားက ကားပါကင်ထိုးပြီး ရောက်လာတော့ အဖေပြီးပြီလားလို့ သားကမေးလိုက်တဲ့အခါမှာ ဆေးကောင်တာက ကောင်မလေးတွေက သားဖြစ်သူကို လှမ်းကြည့်တယ်။
ကြည့်ပြီးတော့ ဘဘကို ကြည့်တယ်။ ကြည့်ပြီးတော့ သူတို့က မေးတယ်။ ဘယ်လိုမေးလဲဆိုတော့ ဦးကောင်းစံက ဦးမိုးဒီသားလားတဲ့။ အဲ့တော့ ဘဘက အေးဗျာလို့ သူ့အမေကပြောတာပဲ ကျွန်တော့်သားလို့တော့ ကျွနါတော်ကလဲ ပွဲကတွေထွက် ဘာတွေထွက် အပြင်သွားနေရတော့ ပြန်လာတော့ ရှင့်ကလေး ရှင့်သားဆိုပြီးတော့ အခုထိ သူ့အမေပြောတာပဲဆိုပြီးတော့ ပြောလိုက်တယ်။
အဲ့တော့ ကောင်မလေးတွေက ရယ်ကြတယ်ဆိုပြီး ဦးမိုးဒီက အရင်တုန်းက အမှတ်တရလေးတွေ ပြောပြခဲ့ပါတယ်။ပျော်ပျော်နေ တက်တဲ့ ဖခင်က ဘယ်လို သွန်သင်ဆုံးမလဲ ဆိုတဲ့အပေါ်မှာ ဦးကောင်းစံက ယခုလို ဖြေကြားခဲ့ပါတယ်။ အဖေကမိသားစုတွေအပေါ်ကို ငါမိဘ မင်းတို့က သား သမီးရယ်လို့ ဒီလိုကြီး မအုပ် ချုပ်ပါဘူး။
ဘာလို့လဲဆိုတော့ တင်းသင့်တာတင်း လျော့သင့်တာ လျော့ပေါ့။ အဲ့လို လိုက်လျောညီတွေပြီး ဆက်ဆံပေးပါတယ်။ နောက်တစ်ခုက သားသမီးတွေကို သူငယ်ချင်းပေါင်း ပေါင်းတာ များတယ်ဆိုပြီး ဖခင်ဖြစ်သူက ငယ်စဉ်ထဲက သေချာပြုစု ပျိုးထောင်ခဲ့ကြေ ာင်း ပြောပြခဲ့ပါတယ်။မသိသေးတဲ့ ပရိသတ်ကြီးလဲ ဦးမိုးဒီနဲ့ ဦးကောင်းစံတို့ဟာ သားအဖတွေ ဖြစ်တာကို သိသွားကြပြီ ထင်ပါတယ်။
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဦးမိုးဒီနဲ့ ဦးကောင်းစံတို့ရဲ့ အကြိုက်ဆုံး ဟာသပြက်လုံးတွေရှိရင် ပြောပြခဲ့ပေးပါဦး ပ ရိသတ်ကြီးရေ။ Source : PM’s Facebook