ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရှားပါးကျောက်ကို ၂ ကြိမ်တိုင်တိုင်တူးဖော် ရရှိခဲ့တဲ့ ကျောက်တူးသမား











unicode . . .

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရှားပါးကျောက်ကို ၂ ကြိမ်တိုင်တိုင် ထူးထူးခြားခြား တူးဖော် ရရှိခဲ့တဲ့ ကျောက်တူးသမား

ပရိတ်သက်ကြီးရေ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရှားပါးကျောက်ကို ၂ ကြိမ်တိုင်တိုင် ထူးထူးခြားခြား တူးဖော် ရရှိခဲ့တဲ့ ကျောက်တူးသမားကတော့တန်ဇန်နီးယားက ကျပန်း ကျောက်တူးသမားပါ။သူဟာ ကျောက်အောင်ပြီး နေ့ချင်းညချင်း သန်းကြွယ်သူဌေး ဖြစ်သွားပါတယ်။

နောက်သုံးလအတွင်းမှာပဲ ကျောက်ထပ်အောင်ပြီး စည်းစိမ်ထပ်တိုးခဲ့ပြန်ပါတယ်။ ဆန်နီနူးလိုင်ဇာဆိုတဲ့ ကျောက်တူးသမားဟာ ဇွန်လအတွင်းက တန်ဇန်နိုက်ကျောက် အရိုင်းတုံး နှစ်လုံး တူးဖော်ရရှိပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ သန်း ရရှိလို့ တမုဟုတ်ချ င်း သန်းကြွယ်သူဌေးဖြစ်လာခဲ့သူပါ။

သူဟာ နောက်ထပ် ကျောက်တစ်လုံး ထပ်အောင်ပြီး ဒေါ်လာနှစ်သန်းနဲ့ ရောင်းချနိုင်ခဲ့ပြန်တာ ဖြစ်ပါတယ်။တတိယမြောက်အောင်တဲ့ တန်ဇန်နိုက်ကျောက်ဟာ အလေးချိန်အားဖြင့် ၁၄ ပေါင် ရှိတာပါ။ တန်ဇန်နိုက်ကျောက်တွေဟာ တန်ဇန်နီးယားနိုင်ငံ မြောက်ပိုင်းဒေသတွေမှာပဲ ရှိတဲ့ ကျောက်တွေပဲ ဖြစ်ပါတယ်။

တောက်ပသန့်ရှင်းတဲ့ အရောင်အသွေးကြောင့် လက်ဝတ်ရတနာတွေ ပြုလုပ်ကြပြီး အဖိုးတန်ကျောက်အဖြစ် တန်ဖိုးထားကြတာ ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ အရှားပါးဆုံး ကျောက်မျက်တွေထဲက တစ်ခုအပါအဝင် ဖြစ်တဲ့ တန်ဇန်နိုက်ကျောက် တွေကို ဈေးကွက်တင်နိုင်မှုဟာ လာမယ့် နှစ်၂၀ အတွင်းမှာ လျော့နည်းကုန်ခန်းသွားမယ်လို့ ဌာနေဘူမိဗေဒပညာရှင်တစ်ဦးက ခန့်မှန်းထားပါတယ်။

အဖိုးတန်တဲ့ ဒီကျောက်မျက်ဟာ အစိမ်း၊ အနီ၊ ခရမ်းနဲ့ အပြာတို့အပါအဝင် အရောင်အသွေးစုံလင်စွာ ထွက်ရှိပါတယ်။ အရောင်အသွေးကိုလိုက်ပြီး တန်ဖိုးတွက်ချက်လို့ အရောင်အသွေး ကောင်းလေ တန်ဖိုးကြီးလေလည်း ဖြစ်ပါတယ်။ ခုလို ကျောက်အောင်တဲ့ ကျောက်တူးသမား လိုင်ဇာက သူနဲ့ ဘဝတူတွေကို အစိုးရနဲ့ အတူ အလုပ်လုပ်ဖို့ တိုက်တွန်းနေပြီး သူရဲ့ ဖြစ်စဉ်က ဥပမာကောင်းလဲ ဖြစ်တယ်လို့ ပြောပါတယ်။

“အစိုးရဆီ အောင်တဲ့ ကျောက်တွေကို ရောင်းတာဟာ ဈေးကွက် မပြတ်စေတာပဲ ဖြစ်ပါတယ်။ ပြီးတော့ ပွင့်လင်းမြင်သာမှုလည်း ရှိတယ်” လို့ လဲမြောက်ပိုင်း မီရီရာနီမိုင်းတွင်းက အခမ်းအနားတစ်ခုမှာ လိုင်ဇာက မှတ်ချက်ပြု ပြောပါတယ်။

အခစား ကျောက်တူးသမားတွေဟာ သူတို့ရဲ့ သစ္စာရှိရှိ အလုပ်လုပ်ကိုင်တာကို မိုင်းပိုင်ရှင်တွေက လစာပေး နောက်ကျတာနဲ့ ပ တ်သက်ပြီး မကျေမချမ်းတွေ ဖြစ်နေတာမျိုးလည်း ရှိပါတယ်။ဇွန်လကကျောက်နှစ်လုံး အောင်ခဲ့တဲ့ ကလေး အယောက်၃၀ဖခင်လိုင်ဇာက ပါတီပွဲ ကျင်းပမယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ သူမွေးရပ်မြေမှာ စာသင်ကျောင်းနဲ့ ကျန်း မာရေးစင်တာတစ်ခုစီ တည်ဆောက်ရာမှာ ကျောက်ရောင်းရတဲ့ ပို က်ဆံတွေကို သုံးသွားမယ်လို့ ဆိုပါတယ်။

လိုင်ဇာကတော့ သူ အောင်တဲ့ ကျောက်တွေကို အစိုးရဆီမှာပဲ ရောင်းချလို့ ပေးအပ်ချီးမြှင့်ခံရတဲ့ ငွေကြေးပမာဏာ ဈေးကွက်ပေါက်ဈေးနဲ့ ယှဉ်ရင် အဆနှစ်ဆယ်လောက်ကို နည်းပါးတယ်လို့ ကျောက်လုပ်ငန်းရှင်တွေက ပြောဆိုနေကြပါတယ်။ credit:original writer

Tags: