ကိုရိုနာဗိုင္းရပ္စ္က ဦးေႏွာက္ထဲကို ဝင္ေရာက္နိုင္စြမ္းရွိေၾကာင္း ေလ့လာမွုတစ္ရပ္ကဆို

ကိုရိုနာဗိုင္းရပ္စ္က ဦးေႏွာက္ထဲကို ဝင္ေရာက္နိုင္စြမ္းရွိေၾကာင္း ေလ့လာမွုတစ္ရပ္ကဆို

COVID-19 လူနာအခ်ိဳ့မွာ ေခါင္းကိုက္ျခင္း၊ ထိတ္လန႔္တၾကားျဖစ္ျခင္းနဲ႔ ကေယာင္ကတမ္းျဖစ္ျခင္းတို့ ေတြ႕ရၿပီး ထိုအေျခအေနဟာ ကိုရိုနာဗိုင္းရပ္စ္က ဦးေႏွာက္ထဲကို တိုက္ရိုက္ဝင္ေရာက္သြားျခင္းေၾကာင့္ ျဖစ္နိုင္တယ္လို့ စက္တင္ဘာ ၉ ရက္ေန႔မွာ ထုတ္ျပန္ေဖာ္ျပတဲ့ ေလ့လာမွုတစ္ရပ္ကေန ေျပာပါတယ္။

ထိုသုေတသနျပဳ ေလ့လာမွုဟာ ပဏာမအဆင့္သာျဖစ္ေသးေပမဲ့ ယခင္က က်ယ္က်ယ္ျပန႔္ျပန႔္ စစ္ေဆးခဲ့ျခင္းမရွိတဲ့ အယူအဆတစ္ရပ္ကို ေထာက္ခံရန္ အေထာက္အထားေတြ ေတြ႕ရွိရတယ္လို့ ဆိုပါတယ္။ အေမရိကန္နိုင္ငံရွိ Yale တကၠသိုလ္မွ ကိုယ္ခံအားစနစ္ဆိုင္ရာ ကၽြမ္းက်င္သူ အကီကိုအိုင္ဝါဆာကီ ဦးေဆာင္တဲ့ ယခု ေလ့လာမွုစာတမ္းအရ ကိုရိုနာဗိုင္းရပ္စ္ဟာ ဦးေႏွာက္ထဲမွာ ပြားမ်ားလာနိုင္ၿပီး ဦးေႏွာက္ဆဲလ္မ်ား အနီးအနားမွာ ရွိေနနိုင္တယ္လို့ သိရပါတယ္။

သို့ေသာ္ ဦးေႏွာက္အတြင္း ကိုရိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ့မွုအေျခအေနကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ကယ္လီဖိုးနီးယားတကၠသိုလ္မွ အာ႐ုံေၾကာဌာန အႀကီးအကဲ ေဒါက္အက္စ္အင္ဒ႐ူးဂ်ိဳးဇက္ပ္ဆန္က ယခု သုေတသနျပဳ ေလ့လာမွုမွာ အသုံးျပဳခဲ့တဲ့ နည္းပညာကို ခ်ီးက်ဴးခဲ့ၿပီး ဗိုင္းရပ္စ္ဟာ ဦးေႏွာက္ကို တိုက္ရိုက္ ကူးစက္ေရာက္ရွိနိုင္ျခင္းရွိ မရွိအေပၚ သိနားလည္ျခင္းက အထူးအေရးႀကီးတယ္လို့ ေျပာခဲ့ပါတယ္။

သို့ေသာ္ ေလ့လာမွုရလဒ္စာတမ္းကို အျပန္အလွန္ သုံးသပ္မွုျပဳလုပ္ၿပီးခ်ိန္အထိ ၎အေနနဲ႔ သတိထားေနေၾကာင္း ၎ကဆိုပါတယ္။COVID-19 ေရာဂါျဖစ္ေစတဲ့ ကိုရိုနာဗိုင္းရပ္စ္ (SARS-CoV-2) ဟာ ျပင္ပမွ အရာေတြကို တားဆီးေပးတဲ့ ဦးေႏွာက္ရဲ့ေသြးေၾကာမ်ားပတ္လည္ရွိ blood-brain-barrier ေခၚ အတားအဆီးကို ထိုးေဖာက္နိုင္စြမ္းရွိျခင္းဟာ လုံးဝ အံ့ဩတုန္လွုပ္စရာ ျဖစ္လိမ့္မွာမဟုတ္ဘဲ ဇီကာဗိုင္းရပ္စ္ (Zika virus) ဟာလည္း သေႏၶသားရဲ့ ဦးေႏွာက္ကို ထိခိုက္ပ်က္စီးေစေၾကာင္း သိရပါတယ္။

သို့ေသာ္ အာ႐ုံေၾကာပိုင္းဆိုင္ရာ သက္ေရာက္မွုေတြ႕ရတဲ့ COVID-19 လူနာအားလုံးရဲ့ ထက္ဝက္ခန႔္မွာ ဦးေႏွာက္အတြင္း ကိုရိုနာဗိုင္းရပ္စ္ တိုက္ရိုက္ ဝင္ေရာက္သြားတာေၾကာင့္ထက္ cytokine storm ေခၚ ကိုယ္ခံအားစနစ္က ဗိုင္းရပ္စ္ကို အလြန္အကၽြံတုံ႔ျပန္ရာမွာ ဦးေႏွာက္ေရာင္ရမ္းျခင္းေၾကာင့္ ျဖစ္တယ္လို့ ဆရာဝန္ေတြက ယခုအခ်ိန္အထိ ယုံၾကည္ထားေၾကာင္း Reuters သတင္းမွာ ေဖာ္ျပထားပါတယ္။source: Duwun

unicode . . .

ကိုရိုနာဗိုင်းရပ်စ်က ဦးနှောက်ထဲကို ဝင်ရောက်နိုင်စွမ်းရှိကြောင်း လေ့လာမှုတစ်ရပ်ကဆို

COVID-19 လူနာအချို့မှာ ခေါင်းကိုက်ခြင်း၊ ထိတ်လန့်တကြားဖြစ်ခြင်းနဲ့ ကယောင်ကတမ်းဖြစ်ခြင်းတို့ တွေ့ရပြီး ထိုအခြေ အနေဟာ ကိုရိုနာဗိုင်းရပ်စ်က ဦးနှောက်ထဲကို တိုက်ရိုက်ဝင်ရောက်သွားခြင်းကြောင့် ဖြစ်နိုင်တယ်လို့ စက်တင်ဘာ ၉ ရက်နေ့မှာ ထု တ်ပြန်ဖော်ပြတဲ့ လေ့လာမှုတစ်ရပ်ကနေ ပြောပါတယ်။

ထိုသုတေသနပြု လေ့လာမှုဟာ ပဏာမအဆင့်သာဖြစ်သေးပေမဲ့ ယခင်က ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးခဲ့ခြင်းမရှိတဲ့ အယူအဆတစ်ရပ်ကို ထောက်ခံရန် အထောက်အထားတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံရှိ Yale တက္ကသိုလ်မှ ကိုယ်ခံအားစ နစ်ဆိုင်ရာ ကျွမ်းကျင်သူ အကီကိုအိုင်ဝါဆာကီ ဦးဆောင်တဲ့ ယခု လေ့လာမှုစာတမ်းအရ ကိုရိုနာဗိုင်းရပ်စ်ဟာ ဦးနှောက်ထဲမှာ ပွား များလာနိုင်ပြီး ဦးနှောက်ဆဲလ်များ အနီးအနားမှာ ရှိနေနိုင်တယ်လို့ သိရပါတယ်။

သို့သော် ဦးနှောက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုအခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ အာရုံကြောဌာန အကြီးအကဲ ဒေါက်အက်စ်အင်ဒရူးဂျိုးဇက်ပ်ဆန်က ယခု သုတေသနပြု လေ့လာမှုမှာ အသုံးပြုခဲ့တဲ့ နည်းပညာကို ချီးကျူးခဲ့ပြီး ဗိုင်းရပ်စ်ဟာ ဦးနှောက်ကို တိုက်ရိုက် ကူးစက်ရောက်ရှိနိုင်ခြင်းရှိ မရှိအပေါ် သိနားလည်ခြင်းက အထူးအရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။

သို့သော် လေ့လာမှု ရလဒ်စာတမ်းကို အပြန်အလှန် သုံးသပ်မှုပြု လုပ်ပြီးချိန်အထိ ၎င်းအနေနဲ့ သတိထားနေကြောင်း ၎င်းကဆိုပါတယ်။COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ဟာ ပြင်ပမှ အရာတွေကို တားဆီးပေးတဲ့ ဦးနှောက်ရဲ့ သွေးကြောများပတ်လည်ရှိ blood-brain-barrier ခေါ် အတားအဆီးကို ထိုးဖောက်နိုင်စွမ်းရှိခြင်းဟာ လုံးဝ အံ့ဩတုန်လှုပ်စရာ ဖြစ်လိမ့်မှာမဟုတ်ဘဲ ဇီကာဗိုင်းရပ်စ် (Zika virus) ဟာလည်း သန္ဓေသားရဲ့ ဦးနှောက်ကို ထိခိုက်ပျက်စီးစေကြောင်း သိရပါတယ်။

သို့သော်အာရုံကြောပိုင်းဆိုင်ရာ သက်ရောက်မှုတွေ့ရတဲ့ COVID -19 လူနာအားလုံးရဲ့ ထက်ဝက်ခန့်မှာ ဦးနှောက်အတွင်း ကိုရိုနာဗိုင်းရပ်စ် တိုက်ရိုက် ဝင်ရောက် သွားတာကြောင့်ထက် cytokine storm ခေါ် ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကို အလွန်အကျွံတုံ့ပြန်ရာမှာ ဦးနှောက်ရောင်ရမ်းခြင်းကြောင့် ဖြစ်တယ်လို့ ဆရာဝန်တွေက ယခုအချိန်အထိ ယုံကြည်ထားကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။source: Duwun

Tags: