စားသောက်ရေးပိုင်းမှာ အခက်ခဲတွေ့နေတဲ့ သက်ကြီးရွယ်အို ဘိုးဘွားတွေအတွက် တတ်နိုင်သလောက်သွားရောက်လှူဒါန်းမယ်ဆိုတဲ့ မင်းသား နေဒွေး







unicode . . .

“စားသောက်ရေးပိုင်းမှာ ခက်ခဲတွေ့နေတဲ့သက်ကြီးရွယ်အို ဘိုး ဘွားတွေအတွက် တတ်နိုင်သလောက်လေးသွားရောက်လှူဒါန်းတော့မယ်ဆိုတဲ့ မင်းသား နေဒွေး”

ယောကျာ်းပီသတဲ့ရုပ်ရည်မျိုးရှိတဲ့ မင်းသားချော နေဒွေးကို ပရိ သတ်တွေက ချစ်ခင်ရင်းနှီးပြီးသားပါတယ်။ နေဒွေးကတော့ ဗီဒီ ယိုခေတ်ကတည်းက ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့် အနုပညာလောကမှာ အခုချိန်ထိကို အောင်မြင်လျက် ရှိနေပါတယ်။

နေဒွေးက သူရဲ့ချွေးနှဲစာလေး ထဲကနေ လိုအပ်နေတဲ့ သူတွေအ တွက် တတ်နိုင်သလောက်အလှူငွေလေးကို ထည့်သွင်း လှူဒါန်းပေးတာကိုလည်း တွေ့ရမှာပါပဲနော်။သူကိုအားပေးနေတဲ့ ပရိသတ်တွေနဲ့အတူ ကိုယ်တိုင်သွားရောက် လှူဒါန်းပေးခဲ့တဲ့မှတ်တမ်းပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။

နေဒွေးက ဒီလ 18 ရက်နေ့ကျွန်တော်ရဲ့ ဘိုးဘွားများကို စောင့် ရှောက်ကြပါစို့ မျှဝေကြပါစို့ အစီအစဉ်ရဲ့ တတိယအကြိမ်မြောက်လှုမည့် အဖွားပဲဖြစ်ပါတယ် ခင်ဗျ။

ခုလိုရောဂါတွေပြန့်ပွါးနေချိန်မှာ အဖိုးအဖွားတွေ စားရေးသောက်ရေးပိုမိုခက်ခဲနေမှာမို့ အလှုကိုတတ် နိုင်သလောက် နိုင်ငံတော်ကချမှတ်ထားတဲ့ စည်းကမ်းနဲ့အညီ သွားပြီး လှုဒါန်းပါ့မယ်လို့ ဆိုပြီး စားရေးသောက်ရေး ခက်ခဲနေတဲ့ သက်ကြီးရွယ်အို အဖိုးအဖွားတွေအတွက် သွားရောက်ပြီး လှူဒါန်းတော့မယ့် အကြောင်းလေးကို လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားခဲ့ တာပဲဖြစ်ပါတယ်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေ အားလုံးသာယာပျော်ရွှင်တဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Source:Nay Dway’s Facebook