က်ိဳက္ထီးရိုးဆံေတာ္ရွင္ ေစတီေတာ္ရဲ့ ၾကည္ညိုဖြယ္ရာသမိုင္း အေၾကာင္း

က်ိဳက္ထီးရိုးဆံေတာ္ရွင္ေစတီေတာ္ရဲ့ ထီးေတာ္ပုံပါ အမ်ားဖူးေျမွာ္နုိင္ေအာင္ မွ်ေ၀ေပးလိုက္ဦးေနာ္

ျမတ္စြာဘုရားသခင္သည္ မဟာသကၠရာဇ္ ၁⁠၁၁ ခုႏွစ္ ေဆာင္းဥတုတြင္ သုဝဏၰဘုမၼိသထုံျပည္သို႔ ႂကြခ်ီေတာ္မူခဲ့ရာ၊ သထုံဘုရင္ တိႆဓမၼ သီဟရာဇာမင္းႏွင့္ မႉးမတ္ျပည္သူအေပါင္းတို႔က စံေက်ာင္းေတာ္မ႑ပ္ႀကီးကို ေဆာက္လုပ္လႉဒါန္းၾကသည္။

ဘုရားသခင္သည္ ထိုမဂၤလာမ႑ပ္ေတာ္၌ ၇ ရက္တိုင္တိုင္ စံေနေတာ္မူစဥ္ မ်ားစြာေသာ ေဝေနယ်သတၱဝါတို႔အား တရားေတာ္ အၿမိဳက္ေဆး တိုက္ေကြၽးေတာ္မူသည္။ထိုအခါ ဂစၦဂိရိ ေတာင္က တိႆကုမာရ ရေသ့၊ ဗႏၶဝဂိရိ ေတာင္က သီဟကုမာရ ရေသ့၊ ကုသိနာ႐ုံေတာင္က ရေသ့၊ ဒိုးကေမာ့ခတြံဂလိုင္းေတာင္က ဗုဒၶဏရေသ့၊ ဒိုးခလြန္ေတာင္က ရေသ့၊မဲလံေတာင္က ရေသ့၊ ေပါင္း ရေသ့ ၆ ပါးတို႔သည္ ျမတ္စြာဘုရားအား ဖူးေျမာ္ကန္ေတာ့ၾကေလသည္။

ထို႔ေနာက္ ဓာတ္ေတာ္ ေမြေတာ္မ်ား ခ်ီးျမႇင့္မစရန္၊ ေလွ်ာက္ထားေတာင္းပန္ၾကသျဖင့္ ရေသ့တစ္ပါးလွ်င္ ဆံေတာ္တစ္ဆူစီ ေပးသနားေတာ္မူခဲ့ေလသည္။ေနာက္ေန႔ရက္မ်ားမၾကာမီ မြတ္လအိေတာင္က ကပၸရေသ့၊ မြတ္လအပ္ေတာင္က နာဒရ ရေသ့၊ ဝါဂ႐ုနယ္ လမိုင္း ေကလာသ ေတာင္က ရေသ့၊ က်ိဳကၠမီေတာင္က ရေသ့၊ ေကာ့ယကၡဇုပ္သြတ္ ကြၽန္းက ဘီလူးညီေနာင္ ၂ ေယာက္၊ဒိုးယြန္းေတာင္က ရေသ့၊ ေဆာင္ခဲေတာင္က အလႅကပၸရေသ့၊ ေပါင္းပုဂၢိဳလ္ ၇ ဦးတို႔ အဖူးအေျမာ္ေရာက္ၾကသျဖင့္အထက္ကနည္းတူ ဆံေတာ္တစ္ဆူစီ ေပးသနားေတာ္မူခဲ့သည္။

တိႆဓမၼသီဟရာဇာမင္းအားလည္း ဆံေတာ္ ၂ ဆူ ခ်ီးျမႇင့္ ေပးသနားေတာ္မူခဲ့ေလသည္။ဒိုးကေမာ့ခလြံဂလိုင္းေတာင္က ဗုဒၶဉာဏရေသ့၊ ဒိုးခလြန္ေတာင္က ရေသ့ႏွင့္ ကုသိနာ႐ုံေတာင္က ရေသ့တို႔သည္ မိမိတို႔ရရွိထားေသာ ဆံေတာ္ဓာတ္မ်ားကို ဌာပနာျခင္းမျပဳၾကပဲ သိမ္းဆည္းထားၾကသည္။ကာလ အတန္ၾကာလတ္ေသာ္ ဒိုးခလြန္ရေသ့ႏွင့္ ကုသိနာ႐ုံရေသ့တို႔မွာ အိုမင္းမစြမ္းရွိၾကသည့္အျပင္ အာနေရာဂါစြဲကပ္လာသည္ႏွင့္ မကြယ္လြန္မီ မိမိတို႔ရရွိထားေသာ ဆံေတာ္မ်ားကို ဗုဒၶါဏရေသ့အား ေပးအပ္ခဲ့ေလသည္။

ဗုဒၶါဏရေသ့သည္ ဆံေတာ္ဓာတ္ ၃ ဆူကို မေပ်ာက္မပ်က္ရေအာင္ မိမိ၏ ဆံက်စ္အတြင္း၌ စည္းေႏွာင္ထားေလ၏။ေနာင္ႏွစ္ကာလ အတန္ၾကာလတ္ေသာ္ အနာေရာဂါႏွိပ္စက္သျဖင့္ ရေသ့ႀကီးသည္ အကယ္၍ မိမိကြယ္လြန္သြားခဲ့ေသာ္ ဆံေတာ္ဓာတ္ ၃ ဆူကို မည္သို႔ မည္ပုံထားခဲ့ရမည္နည္းဟု ေတြးေတာပူပန္ျခင္း ျဖစ္မိေလသည္ထိုအခါ သိၾကားမင္းသည္ လူ႔ျပည္ဆင္း၍ ရေသ့ႀကီး၏ ဆႏၵအတိုင္း ရေသ့ႀကီးဦးေခါင္းႏွင့္ တူေသာ ေက်ာက္တုံးကို ရွာေဖြကာ ေက်ာက္တုံးထဲကို သန္လ်က္ႏွင့္ ထြင္း၍ ဆံေတာ္တစ္ဆူကို ဌာပနာခဲ့သည္။

မြန္လူမ်ိဳးတို႔ တည္ထားကိုယ္ကြယ္ခဲ့သည္ ထိုသို႔ ေက်ာက္တုံးေပၚတြင္ တည္ထားခဲ့ေသာ ေစတီေတာ္ကို မြန္ဘာသာျဖင့္ က်ိဳက္ဣသိယို၊ ျမန္မာဘာသာျဖင့္ ရေသ့႐ြက္ေသာ ဘုရားဟုေခၚ၏။ေနာင္ကာလၾကာလတ္ေသာ္ က်ိဳက္ဣသိ႐ိုးမွ က်ိဳက္ထီး႐ိုးဟု စကားေ႐ြ႕ေလ်ာလာေလသည္။ က်န္ဆံေတာ္ ၂ ဆူကိုလည္း သိၾကားမင္းက ဒိုးခလြန္ေတာင္ႏွင့္ ကုသိနာ႐ုံေတာင္မ်ားတြင္ အသီးသီးဌာပနာေပးခဲ့ေၾကာင္းကို သမိုင္းမ်ားတြင္ ဆိုသည္။ထိုေစတီေတာ္မ်ားမွာ ေကလာသႏွင့္ ကုသိနာ႐ုံဟု ထင္ရွားသည္။

unicode . . .

ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်ရဲ့ ထီးတော်ပုံပါ အများဖူးမြှော်နိုင်အောင် မျှဝေပေးလိုက်ဦးနော်

မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် ၁⁠၁၁ ခုနှစ် ဆောင်းဥ တုတွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွချီတော်မူခဲ့ရာ၊ သထုံဘုရင် တိဿဓမ္မ သီဟရာဇာမင်းနှင့် မှူးမတ် ပြည်သူ အပေါင်းတို့က စံ ကျောင်းတော် မဏ္ဍပ်ကြီးကို ဆောက်လုပ်လှူဒါန်းကြသည်။

ဘုရားသခင်သည် ထိုမင်္ဂလာမဏ္ဍပ်တော်၌ ၇ ရက်တိုင်တိုင် စံနေတော်မူစဉ် များစွာသော ဝေနေယျသတ္တဝါတို့အား တရားတော် အ မြိုက်ဆေး တိုက်ကျွေးတော် မူသည်။ ထိုအခါ ဂစ္ဆဂိရိတောင်က တိဿကုမာရ ရသေ့၊ဗန္ဓဝဂိရိတောင်က သီဟကုမာရ ရသေ့၊ ကု သိနာရုံတောင်က ရသေ့၊ ဒိုးကမော့ခတွံဂလိုင်းတောင်က ဗုဒ္ဓဏရ သေ့၊ ဒိုးခလွန်တောင်ကရသေ့၊မဲလံတောင်ကရသေ့၊ ပေါင်း ရသေ့ ၆ ပါးတို့သည် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ကြလေသည်။

ထို့နောက် ဓာတ်တော် မွေတော်များ ချီးမြှင့်မစရန်၊ လျှောက်ထားတောင်းပန်ကြသဖြင့် ရသေ့တစ်ပါးလျှင် ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့လေသည်။နောက်နေ့ရက်များမကြာမီ မွတ်လအိတောင်က ကပ္ပရသေ့၊ မွတ်လအပ်တောင်က နာဒရ ရသေ့၊ ဝါဂရုနယ် လမိုင်း ကေလာသ တောင်က ရသေ့၊ ကျိုက္ကမီတောင်က ရ သေ့၊ ကော့ယက္ခဇုပ်သွတ် ကျွန်းက ဘီလူးညီနောင် ၂ ယောက်၊ဒိုးယွန်းတောင် ကရသေ့၊ ဆောင်ခဲတောင်က အလ္လကပ္ပရသေ့၊ ပေါင်းပုဂ္ဂိုလ် ၇ ဦးတို့ အဖူးအမြော်ရောက်ကြ သဖြင့် အထက်ကနည်းတူ ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့သည်။

တိဿဓမ္မသီဟရာဇာမင်းအားလည်း ဆံတော် ၂ ဆူ ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။ဒိုးကမော့ခလွံဂလိုင်းတောင်က ဗုဒ္ဓဉာဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့နှင့် ကုသိနာရုံတောင်က ရသေ့တို့ သည် မိမိတို့ရရှိထားသော ဆံတော်ဓာတ်များကို ဌာပနာခြင်းမပြုကြပဲ သိမ်းဆည်းထားကြသည်။ကာလ အတန်ကြာလတ်သော် ဒိုးခလွန်ရသေ့နှင့် ကုသိနာရုံရသေ့တို့မှာ အိုမင်းမစွမ်းရှိကြသည့်အပြ င် အာနရောဂါစွဲကပ်လာသည်နှင့် မကွယ်လွန်မီမိမိတို့ရရှိထားသော ဆံတော်များကို ဗုဒ္ဓါဏရသေ့အား ပေးအပ်ခဲ့လေသည်။

ဗုဒ္ဓါဏရသေ့သည် ဆံတော်ဓာတ် ၃ ဆူကို မပျောက်မပျက်ရအော င် မိမိ၏ ဆံကျစ်အတွင်း၌ စည်းနှောင်ထားလေ၏။နောင်နှစ်ကာ လ အတန်ကြာလတ်သော် အနာရောဂါ နှိပ်စက်သဖြင့် ရသေ့ကြီးသည် အကယ်၍ မိမိကွယ်လွန်သွားခဲ့သော် ဆံတော်ဓာတ် ၃ ဆူကို မည်သို့ မည်ပုံထားခဲ့ရမည်နည်းဟု တွေးတောပူပန်ခြင်း ဖြစ်မိလေသည်ထိုအခါ သိကြားမင်းသည် လူ့ပြည်ဆင်း၍ ရသေ့ကြီး၏ ဆ န္ဒအတိုင်း ရသေ့ကြီးဦးခေါင်းနှင့် တူသော ကျောက်တုံးကို ရှာဖွေကာ ကျောက်တုံးထဲကို သန်လျက်နှင့် ထွင်း၍ ဆံတော်တစ်ဆူကို ဌာပနာခဲ့သည်။

မွန်လူမျိုးတို့ တည်ထားကိုယ်ကွယ်ခဲ့သည် ထိုသို့ ကျောက်တုံးပေါ်တွင် တည်ထားခဲ့သော စေတီတော်ကို မွန်ဘာသာဖြင့် ကျိုက်ဣသိယို၊ မြန်မာဘာသာဖြင့် ရသေ့ရွက်သော ဘုရားဟု ခေါ်၏။ နောင်ကာလကြာလတ်သော် ကျိုက်ဣသိရိုးမှ ကျိုက်ထီးရိုးဟု စကားရွေ့လျောလာလေသည်။ ကျန်ဆံတော် ၂ ဆူကိုလည်း သိကြားမ င်းက ဒိုးခလွန်တောင်နှင့် ကုသိနာရုံတောင်များတွင် အသီးသီးဌာ ပနာပေးခဲ့ကြောင်းကို သမိုင်းများတွင် ဆိုသည်။ထိုစေတီတော်များမှာ ကေလာသနှင့် ကုသိနာရုံဟု ထင်ရှားသည်။

Add a Comment

Your email address will not be published. Required fields are marked *