ေဒၚေအာင္ဆန္းစုၾကည္ ကဗ်ာကို က်ပ္သိန္း ၂၄၀၀ ျဖင့္ ေလလံေအာင္သြားသူ

ေဒၚေအာင္ဆန္းစုၾကည္ ကဗ်ာကို က်ပ္သိန္း ၂၄၀၀ ျဖင့္ ေလလံေအာင္သြားသူ

ေဒၚေအာင္ဆန္းစုၾကည္ လက္ေရးမူကဗ်ာကို က်ပ္သိန္း ၂၄၀၀ ျဖင့္ ေလလံေအာင္သြားသူပုံကို ယင္း၏ ခြင့္ျပဳခ်က္ျဖင့္ လူမွုကြန္ရက္တြင္ေဖာ္ျပ ေသာ္လည္း အမည္၊ ေနရပ္လိပ္စာ ႏွင့္ လုပ္ငန္းမ်ားအေၾကာင္းကို ထုတ္ေဖာ္ေျပာၾကားရန္ ကာယကံရွင္အေနျဖင့္ ဆႏၵမရွိေသာေၾကာင့္ မေဖာ္ျပျခင္း ျဖစ္ေၾကာင္း ယင္းေလလံပြဲ စီစဥ္သူ ကိုေမာင္ေမာင္ေအးက ေျပာသည္။

“ေလလံေအာင္သူရဲ့အဖိုးအဖြားေခတ္ကတည္းက ေမြးဖြားႀကီးျပင္းေနထိုင္ခဲ့တဲ့ ဒီတိုင္းျပည္မွာ လုပ္ သင့္လုပ္ထိုက္ တာေတြကို လုပ္ခြင့္ရတဲ့အခ်ိန္မွာ မလုပ္လိုက္ရပါလားဆိုတဲ့ ေနာင္တ မရခ်င္ ဘူး ဆိုတဲ့ အေၾကာင္းနဲ႔ သူတို့ျဖတ္သန္း ခဲ့တဲ့ ေတြ႕ၾကဳံခဲ့ရတဲ့ေခတ္အဆက္ဆက္အစိုးရေတြမွာ ဘယ္ အစိုးရက ျပည္သူေတြ အတြက္ မရွိမျဖစ္လိုအပ္ေနလဲဆိုတာရယ္၊အဲဒီလိုမ်ိဳးအစိုးရကို ေနာက္ ကြယ္ ကေန တတ္နိုင္သေလာက္ပံ့ပိုးေပးရင္း ေနာက္မ်ိဳးဆက္ေတြအတြက္ အေျခခံေကာင္းေလးေတြရသြား ရင္ကို စိတ္ခ်မ္းသာပီတိျဖစ္ရမွာပါလို့ ေျပာပါတယ္”ဟု ေလလံေအာင္သူ၏ ေျပာစကားကို ကိုေမာင္ ေမာင္ေအးက ျပန္လည္ ေျပာျပသည္။

အဆိုပါ ေလလံေအာင္သူ၏ေနအိမ္ေတြ ေထာင္ႏွင့္ခ်ီေသာ ပန္းခ်ီကားမ်ားႏွင့္ စိတ္ဝင္စားစရာ ပစၥည္းမ်ားကို ၀ါသနာအရ စုေဆာင္းထားေၾကာင္းလည္း ကိုေမာင္ေမာင္ေအးက ေျပာျပသည္။“အခုလို တိုင္းျပည္အတြက္ တကယ္လိုအပ္မယ္ထင္လို့ လွူတာမွာ တျခားအခြင့္အေရးေတြျပန္လိုခ်င္ မွေတာ့ နာမည္ေဖာ္ၿပီးေတာင္ေနေတာ့မွာေပါ့၊အခုက ဘယ္သူမွကို မသိေစခ်င္တာေလ လို့လည္း ေျပာပါတယ္” ဟု ကိုေမာင္ေမာင္ေအးက ေလလံေအာင္သူေျပာျပသည့္ စကားကို ျပန္လည္ ေျပာျပခဲ့သည္။

ယင္းအျပင္ ေလလံဆြဲေသာ ေငြမ်ားႏွင့္ ပတ္သက္၍ ဝင္ေငြရလမ္းကို ျပနိုင္ေၾကာင္းႏွင့္ စိစစ္ရန္ ရိလာပါကလည္း ေငြျဖဴ ျပေပးမည္ဟု ေျပာေၾကာင္းလည္း သိရသည္။အဆိုပါ ေလလံေအာင္ေသာ ေငြကို NLD ဗဟို ေအာင္နိုင္ေရးေကာ္မတီသို့ စက္တင္ဘာလ ၉ ရက္က လွူဒါန္းခဲ့ၿပီး ျဖစ္ေၾကာင္း ၊ လွူဒါန္းေငြ ေပးအပ္ရာ တြင္ ကဗ်ာပိုင္ရွင္ ကဗ်ာဆရာ ဒါရိုက္တာ မင္းထင္ ကိုကိုႀကီး ၊ အစီအစဥ္တင္ဆက္သူ ကိုေမာင္ေမာင္ေအး၊ ေလလံေအာင္သူ၊ အလွူရန္ပုံေငြလက္ခံေပး ေသာ NLD အဖြဲ႕ခ်ဳပ္ဗဟိုေအာင္နိုင္ေရးေကာ္ မတီအဖြဲ႕ဝင္ ဦးဟံသာျမင့္ ၊ ဦးသိန္းဦးတို့ပါဝင္ခဲ့ၾက ေၾကာင္းသိရသည္။source:News House Media

unicode . . .

ဒေါ်အောင်ဆန်းစုကြည် ကဗျာကို ကျပ်သိန်း ၂၄၀၀ ဖြင့် လေလံအောင်သွားသူ

ဒေါ်အောင်ဆန်းစုကြည် လက်ရေးမူကဗျာကို ကျပ်သိန်း ၂၄၀၀ ဖြ င့် လေလံအောင်သွားသူပုံကို ယင်း၏ ခွင့်ပြုချက်ဖြင့် လူမှုကွန်ရ က်တွင်ဖော်ပြ သော်လည်း အမည်၊ နေရပ်လိပ်စာ နှင့် လုပ်ငန်းများအကြောင်းကို ထုတ်ဖော်ပြောကြားရန် ကာယကံရှင်အနေဖြင့် ဆန္ဒမရှိသောကြောင့် မဖော်ပြခြင်း ဖြစ်ကြောင်း ယင်းလေလံပွဲ စီ စဉ်သူ ကိုမောင်မောင်အေးက ပြောသည်။

“လေလံအောင်သူရဲ့အဖိုးအဖွားခေတ် ကတည်းက မွေးဖွားကြီး ပြင်းနေထိုင်ခဲ့တဲ့ ဒီတိုင်းပြည်မှာ လုပ် သင့်လုပ်ထိုက် တာတွေကို လုပ်ခွင့်ရတဲ့အချိန်မှာ မလုပ်လိုက်ရပါလားဆိုတဲ့ နောင်တ မရချင် ဘူး ဆိုတဲ့ အကြောင်းနဲ့ သူတို့ဖြတ်သန်း ခဲ့တဲ့ တွေ့ကြုံခဲ့ရတဲ့ခေတ်အဆက်ဆက်အစိုးရတွေမှာ ဘယ် အစိုးရက ပြည်သူတွေ အတွက် မရှိမဖြစ်လိုအပ်နေလဲဆိုတာရယ်၊အဲဒီလိုမျိုးအစိုးရကို နောက် ကွ ယ် ကနေ တတ်နိုင်သလောက် ပံ့ပိုးပေးရင်း နောက်မျိုးဆက်တွေအတွက် အခြေခံကောင်းလေးတွေရသွား ရင်ကို စိတ်ချမ်းသာပီတိဖြစ်ရမှာပါလို့ ပြောပါတယ်”ဟု လေလံအောင်သူ၏ ပြောစကားကို ကိုမောင်မောင်အေးက ပြန်လည် ပြောပြသည်။

အဆိုပါ လေလံအောင်သူ၏နေအိမ်တွေ ထောင်နှင့်ချီသော ပန်းချီကားများနှင့် စိတ်ဝင်စားစရာ ပစ္စည်းများကို ဝါသနာအရ စုဆော င်းထားကြောင်းလည်း ကိုမောင်မောင်အေးက ပြောပြသည်။“အခုလို တိုင်းပြည်အတွက် တကယ်လိုအပ်မယ်ထင်လို့ လှူတာမှာ တ ခြားအခွင့်အရေးတွေပြန်လိုချင် မှတော့ နာမည်ဖော်ပြီးတောင်နေတော့မှာပေါ့၊အခုက ဘယ်သူမှကို မသိစေချင်တာလေ လို့လည်း ပြောပါတယ်” ဟု ကိုမောင်မောင်အေးက လေလံအောင်သူပြောပြသည့် စကားကို ပြန်လည် ပြောပြခဲ့သည်။

ယင်းအပြင် လေလံဆွဲသော ငွေများနှင့် ပတ်သက်၍ ဝင်ငွေရလမ်းကို ပြနိုင်ကြောင်းနှင့် စိစစ်ရန် ရိလာပါကလည်း ငွေဖြူ ပြပေးမည်ဟု ပြောကြောင်းလည်း သိရသည်။အဆိုပါ လေလံအောင်သော ငွေကို NLD ဗဟို အောင်နိုင်ရေးကော်မတီသို့ စက်တင်ဘာလ ၉ ရက်က လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း ၊ လှူဒါန်းငွေ ပေးအပ်ရာ တွင် ကဗျာပိုင်ရှင် ကဗျာဆရာ ဒါရိုက်တာ မင်းထင် ကိုကိုကြီး ၊ အစီ အစဉ်တင်ဆက်သူ ကိုမောင်မောင်အေး၊ လေလံအောင်သူ၊ အလှူရန်ပုံငွေလက်ခံပေး သော NLD အဖွဲ့ချုပ်ဗဟိုအောင်နိုင်ရေးကော် မတီအဖွဲ့ဝင် ဦးဟံသာမြင့် ၊ ဦးသိန်းဦးတို့ ပါဝင်ခဲ့ကြ ကြော င်းသိရသည်။source:News House Media

Add a Comment

Your email address will not be published. Required fields are marked *