သူမ်ားေျမကို ခိုးမိလို႔ ဝဋ္ေႂကြးဆပ္ရတဲ့ ေက်ာင္းကုန္းၿမိဳ႕က ေဒၚသိန္း

သူမ်ားေျမကို ခိုးမိလို႔ သရဲဘဝနဲ႕ ဝဋ္ေႂကြးဆပ္ရတဲ့ ေက်ာင္းကုန္းၿမိဳ႕က ေဒၚသိန္း

ေက်ာင္းကုန္းၿမိဳ႕နယ္ ေဒါင့္ႀကီး ေက်း႐ြာ သည္ စည္ကားေသာ႐ြာႀကီးတ႐ြာ ျဖစ္ပါသည္။ တိုက္နယ္ ေဆး႐ုံ၊ အ-ထ-က ေက်ာင္း၊ စည္ကားစြာ ေရာင္းဝယ္ေဖာက္ကားေနေသာ ကုန္စုံဆိုင္၊ အထည္ဆိုင္၊ တိုက္တာေပါမ်ားၿပီး အိမ္ႀကီး အိမ္ေကာင္းမ်ားႏွင့္ စည္ကားစြာ ရွိပါသည္။ ေဒါင့္ႀကီး႐ြာတြင္ ေမာင္ကံညိမ္းသည္ ဇနီးႏွင့္ သားသမီး သုံးေယာက္ႏွင့္ ေနထိုင္သည္။

သူ၏ အေမ ေဒၚသိန္းသည္ လြန္ခဲ့ေသာ ၆-ႏွစ္ခန့္ေလာက္က ကြယ္လြန္ ခဲ့ပါသည္။တေန႕ ညဘက္ ေမာင္ကံညိမ္း အိပ္ေပ်ာ္ေနစဥ္ ထူးဆန္းေသာ အိပ္မက္ ကို မက္သည္။ အိပ္မက္ထဲတြင္ အေမ ျဖစ္သူ ေဒၚသိန္း ေမာႀကီးပန္းႀကီး ေရာက္လာပါသည္။ သူ႕ မ်က္ႏွာ မွာ ပင္ပန္းေနပုံရသည္။ ေခါင္းေပါင္း ေပါင္းထားၿပီး ေျမသယ္ျခင္းတခုလည္း ကိုင္ထားပါသည္။သူမေခါင္းေပါင္းေပါင္းထားေသာ တဘက္က သူမ ေသဆုံးစဥ္က မ်က္ႏွာ အုပ္ထည့္ထားေသာ တဘက္ျဖစ္ပါသည္။

သား ထပါဦး၊ သားကို ေျပာစရာရွိတယ္။ အေမ ေလ အေမ ေသတဲ့အခ်ိန္ကစၿပီး အခုအခ်ိန္အထိ ေျမေတြ႐ြက္သယ္ေနတာ တခါမွ မနားရပါဘူးသားရယ္။ ပင္ပန္းလွပါၿပီ။ အေမ ေလ သားတို႔ ငယ္ငယ္ကတည္းက အေမတို႔ေျခရင္းဘက္က ဆရာ ဦးေမာင္ျမတို႔ ေျမကို အေမ့ေျမဆိုၿပီး ျငင္းယူခဲ့ပါတယ္။

ေျမအက်ယ္ တေတာင္ေလာက္ရွိပါတယ္။ ဆရာက ပထမေတာ့ သူ႕ေျမႀကီး၊ ဒီမအူပင္ေလးနဲ႕ အမွတ္အသားလုပ္ထား တယ္လို႔ ေျပာေသးတယ္။ ေနာက္ေတာ့လည္း မသိန္း စိတ္ခ်မ္းသာမယ္ဆို ယူပါလို႔ေျပာခဲ့တယ္။ အေမ ေျမယူထားတာ အခု အႏွစ္ ၃၅-ႏွစ္ေလာက္ရွိၿပီ။ အဲဒါေၾကာင့္ သားက ဆရာတို႔ေျမကို ဆရာ တို႔ ျပန္ယူပါလို႔ေျပာၿပီး အေမ့ကို အလႉတခု လုပ္ၿပီး အမွ်အတန္းေပးေဝပါ သားရယ္။

အိပ္မက္ကိုလည္း မယုံမၾကည္မရွိပါနဲ႕။ အေမ မွာတဲ့အတိုင္း ဆက္ဆက္လုပ္ေပး ပါ။ အေမ ေတာင္းပန္ပါတယ္။ အေမ ေလ သားကို အိပ္မက္ေပးခ်င္လို႔ အိမ္တြင္းနတ္ေတြေတာင္းပန္ၿပီး အိပ္မက္ ေပးရတာပါ။ အေမ သြားေတာ့မယ္ေနာ္ သားဟု ေျပာၿပီး ထြက္သြားပါသည္။ ထြက္သြားေသာ အေမ့ကို ေငးၾကည့္ရင္း လန့္နိုးသြားပါသည္။

ေမာင္ကံညိမ္းလည္း အိပ္မက္ အရ အေမေျပာေသာ ဆရာတို႔လင္မ ယားထံသြားၿပီး ဆရာရယ္-မအူပင္ေဘးက ေျမက ဆရာတို႔ေျမဆို။ ကြၽန္ေတာ္တို႔ဘက္ တေတာင္ေလာက္ပါတယ္ မဟုတ္လား။ ဆရာတို႔ျပန္ယူပါဟု ေျပာပါသည္။ ဆရာက-ဆရာ မယူပါဘူး သားရယ္။ မဟုတ္တာ ဆရာရယ္၊ ျပန္ယူပါ။

ဆရာ မယူလည္း ကြၽန္ေတာ္ ျပန္ေပးရမွာပဲဟုေျပာၿပီး ဆရာ့ၿခံစည္းရိုးကိုဖ်က္၍ သူတို႔ဘက္ပါသည့္ မအူပင္မွစ၍ ေမာင္ကံညိမ္းကိုယ္တိုင္ အတင္းကာေပး လိုက္ပါ သည္။ထို႔ေနာက္ အိမ္တြင္ ဘုန္းႀကီး သုံးပါးပင့္ သကၤန္းကပ္၊ ဆြမ္းဆက္ကပ္၍ အေမအား အမွ်အတန္း ေပးေဝလိုက္ပါသည္။ ထိုေန႕ည၌ ေမာင္ကံညိမ္း အိပ္မက္ တြင္ အေမ ႏွင့္ေတြ႕ရသည္။ အေမသည္ ပထမအိပ္မက္ထဲတြင္ ေတြ႕ရသည့္ ေျမသယ္ျခင္းေတာင္းႏွင့္ မဟုတ္ေတာ့။

ေမာေမာပန္းပန္းလည္း မဟုတ္ေတာ့။ ဝတ္ေကာင္းစားလွႏွင့္ ႐ႊင္ပ်ေသာမ်က္ႏွာ ႏွင့္ ျဖစ္သည္။သူ႕သားျဖစ္သူ၏ လက္ကေလးကိုကိုင္ကာ ေက်းဇူးတင္လိုက္တာ သားရယ္၊ အခု အေမ ေျမမသယ္ရေတာ့ဘူး။ လြတ္လြတ္လပ္လပ္ သြားလို႔လာလို႔ရေနၿပီ သား။ ဒါေၾကာင့္ အေမ သြားေတာ့မယ္ေနာ္ဟု ေျပာဆိုကာ ႏႈတ္ဆက္၍ ထြက္ခြါသြားပါေတာ့သတည္း။source: ၾကည္႐ႊင္ေအး (ေက်ာင္းကုန္း)

unicode . . .

သူများမြေကို ခိုးမိလို့ သရဲဘဝနဲ့ ဝဋ်ကြွေးဆပ်ရတဲ့ ကျောင်းကုန်းမြို့က ဒေါ်သိန်း

ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီး ကျေးရွာ သည် စည်ကားသောရွာကြီးတရွာ ဖြစ်ပါသည်။ တိုက်နယ် ဆေးရုံ၊ အ-ထ-က ကျောင်း၊ စည်ကားစွာ ရောင်းဝယ်ဖောက်ကားနေသော ကုန်စုံဆိုင်၊ အထည်ဆိုင်၊ တိုက်တာပေါများပြီး အိမ်ကြီး အိမ်ကောင်းများနှင့် စည်ကားစွာ ရှိပါသည်။ ဒေါင့်ကြီးရွာတွင် မောင်ကံညိမ်းသည် ဇနီးနှင့် သား သမီး သုံးယောက်နှင့် နေထိုင်သည်။

သူ၏ အမေ ဒေါ်သိန်းသည် လွန်ခဲ့သော ၆-နှစ်ခန့်လောက်က ကွ ယ်လွန် ခဲ့ပါသည်။တနေ့ ညဘက် မောင်ကံညိမ်း အိပ်ပျော်နေစဉ် ထူးဆန်းသော အိပ်မက် ကို မက်သည်။ အိပ်မက်ထဲတွင် အမေ ဖြ စ်သူ ဒေါ်သိန်း မောကြီးပန်းကြီး ရောက်လာပါသည်။ သူ့ မျက်နှာ မှာ ပင်ပန်းနေပုံရသည်။ ခေါင်းပေါင်း ပေါင်းထားပြီး မြေသယ်ခြ င်းတခုလည်း ကိုင်ထားပါသည်။သူမခေါင်းပေါင်းပေါင်းထားသော တဘက်က သူမ သေဆုံးစဉ်က မျက်နှာ အုပ်ထည့်ထားသော တ ဘက်ဖြစ်ပါသည်။

သား ထပါဦး၊ သားကို ပြောစရာရှိတယ်။ အမေ လေ အမေ သေတဲ့အချိန်ကစပြီး အခုအချိန်အထိ မြေတွေရွက်သယ်နေတာ တခါမှ မနားရပါဘူးသားရယ်။ ပင်ပန်းလှပါပြီ။ အမေ လေ သားတို့ င ယ်ငယ်ကတည်းက အမေတို့ခြေရင်းဘက်က ဆရာ ဦးမောင်မြတို့ မြေကို အမေ့မြေဆိုပြီး ငြင်းယူခဲ့ပါတယ်။

မြေအကျယ် တတောင်လောက်ရှိပါတယ်။ ဆရာက ပထမတော့ သူ့မြေကြီး၊ ဒီမအူပင်လေးနဲ့ အမှတ်အသားလုပ်ထား တယ်လို့ ပြောသေးတယ်။ နောက်တော့လည်း မသိန်း စိတ်ချမ်းသာမယ်ဆို ယူပါလို့ပြောခဲ့တယ်။ အမေ မြေယူထားတာ အခု အနှစ် ၃၅-နှစ်လောက်ရှိပြီ။ အဲဒါကြောင့် သားက ဆရာတို့မြေကို ဆရာ တို့ ပြန် ယူပါလို့ပြောပြီး အမေ့ကို အလှူတခု လုပ်ပြီး အမျှအတန်းပေးဝေပါ သားရယ်။

အိပ်မက်ကိုလည်း မယုံမကြည်မရှိပါနဲ့။ အမေ မှာတဲ့အတိုင်း ဆက် ဆက်လုပ်ပေး ပါ။ အမေ တောင်းပန်ပါတယ်။ အမေ လေ သားကို အိပ်မက်ပေးချင်လို့ အိမ်တွင်းနတ်တွေတောင်းပန်ပြီး အိပ်မက် ပေးရတာပါ။ အမေ သွားတော့မယ်နော် သားဟု ပြောပြီး ထွက်သွားပါ သည်။ ထွက်သွားသော အမေ့ကို ငေးကြည့်ရင်း လန့်နိုးသွားပါသ ည်။

မောင်ကံညိမ်းလည်း အိပ်မက် အရ အမေပြောသော ဆရာတို့လင်မ ယားထံသွားပြီး ဆရာရယ်-မအူပင်ဘေးက မြေက ဆရာတို့မြေဆို။ ကျွန်တော်တို့ဘက် တတောင်လောက်ပါတယ် မဟုတ်လား။ ဆရာတို့ပြန်ယူပါဟု ပြောပါသည်။ ဆရာကဆရာ မယူပါဘူး သားရယ်။ မဟုတ်တာ ဆရာရယ်၊ ပြန်ယူပါ။

ဆရာ မယူလည်း ကျွန်တော် ပြန်ပေးရမှာပဲဟုပြောပြီး ဆရာ့ခြံ စ ည်းရိုးကိုဖျက်၍ သူတို့ဘက်ပါသည့် မအူပင်မှစ၍ မောင်ကံညိမ်းကိုယ်တိုင် အတင်းကာပေး လိုက်ပါ သည်။ထို့နောက် အိမ်တွင် ဘု န်းကြီး သုံးပါးပင့် သင်္ကန်းကပ်၊ ဆွမ်းဆက်ကပ်၍ အမေအား အမျှအတန်း ပေးဝေလိုက်ပါသည်။ ထိုနေ့ည၌ မောင်ကံညိမ်း အိပ်မက် တွင် အမေ နှင့်တွေ့ရသည်။ အမေသည် ပထမအိပ်မက် ထဲတွင် တွေ့ရသည့် မြေသယ်ခြင်းတောင်းနှင့် မဟုတ်တော့။

မောမောပန်းပန်းလည်း မဟုတ်တော့။ ဝတ်ကောင်းစားလှနှင့် ရွှင် ပျသောမျက်နှာ နှင့် ဖြစ်သည်။သူ့သားဖြစ်သူ၏ လက်ကလေးကိုကိုင်ကာ ကျေးဇူးတင်လိုက်တာ သားရယ်၊ အခု အမေ မြေမသယ်ရတော့ဘူး။ လွတ်လွတ်လပ်လပ် သွားလို့လာလို့ရနေပြီ သား။ ဒါကြောင့် အမေ သွားတော့မယ်နော်ဟု ပြောဆိုကာ နှုတ် ဆက်၍ ထွက်ခွါ သွားပါတော့သတည်း။ source: ကြည်ရွှင်အေး (ကျောင်းကုန်း)

Tags:

Add a Comment

Your email address will not be published. Required fields are marked *