(၃၉)နွစ္ျပည့္ စက္တင္ဘာလ (၉) ရက္ေန႔ရဲ႕ ေမြးေန႔ပိုင္ရွင္ ထပ္ဆင့္အကယ္ဒမီ ေနတိုး

စက္တင္ဘာလ (၉) ရက္ေန႔ရဲ႕ ေမြးေန႔ပိုင္ရွင္ ထပ္ဆင့္အကယ္ဒမီ ေနတိုးရဲ႕ (၃၉) ႏွစ္ျပည့္ ေမြးေန႔မဂၤလာ

ေနတိုးလို႔ ဆိုလိုက္တာနဲ႔ အသက္အ႐ြယ္မေ႐ြး၊ က်ား၊မ မေ႐ြး၊ ၿမိဳ႕နယ္မေ႐ြးက ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္အားေပးၿပီးသား မင္းသားတစ္လက္ ျဖစ္ပါတယ္။ မင္းသားေခ်ာ ေနတိုးက အႏုပညာအေပၚ အေသြးထဲအသားထဲက ဝါသနာပါသူတစ္ေယာက္ျဖစ္ၿပီး ၁၉၉၉ ခုႏွစ္ကစၿပီး “ဇင္မင္း”ဆိုတဲ့ နာမည္နဲ႔ အႏုပညာေလာက ထဲကို ဝင္ေရာက္လာခဲ့ၿပီး သူ႔ရဲ႕ ပထမဦးဆုံးေၾကာ္ျငာ “မီကိုေကာ္ဖီမစ္” နဲ႔ လူသိမ်ားခဲ့တာပဲ ျဖစ္ပါတယ္။

ေနတိုးကေတာ့ သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္သာမက သီခ်င္းဆိုလည္း ဝါသနာပါသူ တစ္ေယာက္ျဖစ္ၿပီး“ညီတိုး”ဆိုတဲ့ နာမည္နဲ႔လည္း သီခ်င္းေတြလည္း သီဆိုခဲ့ပါေသးတယ္။ေနတိုးကေတာ့ အႏုပညာအေပၚမွာ သူ႔ရဲ႕တစ္ဘဝလုံးစာကို ျမႇဳပ္ႏွံထားတာပါ။

“မိုးညအိပ္မက္ျမဴ”၊ “နကၡတ္မွားတဲ့တိုက္ပြဲ”၊ “တာေတႀကီး” စတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ အကယ္ဒမီဆုေတြမ်ားစြာကို ရရွိပိုင္ဆိုင္ထားတဲ့အျပင္ (၂၀၁၈) ခုႏွစ္မွာ “တိမ္တိုက္တံတား” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ Best Actor In Leading Role Award, Star Award ကို ရရွိခဲ့ပါတယ္။

(၂၀၁၈) ခုႏွစ္မွာပဲ “မဟူရာ႐ုပ္ရွင္႐ုံ” ႐ုပ္ရွင္ဇာတ္ကားနဲ႔ City Critic Movie Award, Best Actor ဆု၊ (၂၀၂၀) ခုႏွစ္မွာ Myanmar Pride Award ,Best Actor ဆု စတာေတြကိုလည္း လက္ဝယ္ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

ဂီတနဲ႔ ပက္သတ္ၿပီးလည္း (၂၀၁၈) ခုႏွစ္က “လေရာင္ေခ်ာ့ေတး” သီခ်င္းနဲ႔ Shwe FM 9th Anniversary ,The Best Theme Song In Film ဆုကို ရရွိပိုင္ဆိုင္ႏိုင္ခဲ့ပါေသးတယ္။ဒီကေန႔ စက္တင္ဘာလ (၉) ရက္ေန႔ကေတာ့ ေနတိုးရဲ႕ ေမြးေန႔ေလးပဲျဖစ္ၿပီး ရခိုင္ျပည္နယ္ ၊ မာန္ေအာင္ၿမိဳ႕ ၊ ေတာထူ႐ြာေလးကေန (၁၉၈၁) ခုနွစ္မွာ ေမြးဖြားခဲ့ပါတယ္။

ေနတိုးဟာ ဒီေန့မွာေတာ့ သူ့ရဲ့ အသက္ (၃၉) နွစ္ျပည့္ ေမြးေန့ကို က်ေရာက္တာပဲ ျဖစ္ပါတယ္။ ေနတိုးကေတာ့ သူျဖတ္သန္းခဲ့ရတဲ့ဘဝရဲ့ ေလးပံုသံုးပံုစာခန့္ကို အနုပညာနဲ့သာ ျဖတ္သန္းရင္း သူ့ရဲ့ အိမ္ေထာင္ဘက္ကို ဒီေန့ဒီအခ်ိန္ထိ ရွာမေတြ့နိုင္ေသးတဲ့ မင္းသားတစ္လက္ပဲ ျဖစ္ပါတယ္။

ေနတိုးကေတာ့ (၃၉) နွစ္ဆိုတဲ့ အရြယ္ကို ေရာက္ရိွလာေပမယ့္ ရုပ္ရွင္ဇာတ္ကားၾကီးေတြရဲ့ အေရးပါတဲ့ ေခါင္းေဆာင္မင္းသားေနရာမွာေတာ့ ဒီေန့ဒီအခ်ိန္ထိ သူတစ္ဦးတည္းသာ လႊမ္းမိုးထားနိုင္ဆဲပဲ ျဖစ္ပါတယ္။

ေနတိုးတစ္ေယာက္ ေမြးေန့ကစ ပရိသတ္ခ်စ္တဲ့ အနုပညာအလုပ္ေတြကိုအၾကာၾကီး ဆက္လက္လုပ္ကိုင္ရင္း ဖူးစာရွင္ေလးနဲ့လည္း အျမန္ဆံုး ေရႊလက္တြဲနိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္း ေပးလိုက္ရပါတယ္။ခရက္စဒစ္

unicode . . .

စက်တင်ဘာလ (၉) ရက်နေ့ရဲ့ မွေးနေ့ပိုင်ရှင် ထပ်ဆင့်အကယ်ဒမီ နေတိုးရဲ့ (၃၉) နှစ်ပြည့် မွေးနေ့မင်္ဂလာ

နေတိုးလို့ ဆိုလိုက်တာနဲ့ အသက်အရွယ်မရွေး၊ ကျား၊မ မရွေး၊ မြို့နယ်မရွေးက ပရိသတ်တွေ ကြိုက်နှစ်သက်အားပေးပြီးသား မင်းသားတစ်လက် ဖြစ်ပါတယ်။ မင်းသားချော နေတိုးက အနုပ ညာအပေါ် အသွေးထဲအသားထဲက ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး ၁၉၉၉ ခုနှစ်ကစပြီး “ဇင်မင်း”ဆိုတဲ့ နာမည်နဲ့ အနုပညာလော က ထဲကို ဝင်ရောက်လာခဲ့ပြီး သူ့ရဲ့ ပထမဦးဆုံးကြော်ငြာ“မီကိုကော်ဖီမစ်” နဲ့ လူသိများခဲ့တာပဲ ဖြစ်ပါတယ်။

နေတိုးကတော့ သရုပ်ဆောင် တစ်ယောက်အဖြစ်သာမက သီချင် ဆိုလည်း ဝါသနာပါသူ တစ်ယောက်ဖြစ်ပြီး“ညီတိုး”ဆိုတဲ့ နာ မ ည်နဲ့လည်း သီချင်းတွေလည်း သီဆိုခဲ့ပါသေးတယ်။ နေတိုးက တော့ အနုပညာအပေါ်မှာ သူ့ရဲ့တစ်ဘဝလုံးစာကို မြှုပ်နှံထားတာပါ။

“မိုးညအိပ်မက်မြူ”၊ “နက္ခတ်မှားတဲ့တိုက်ပွဲ”၊ “တာတေကြီး” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေများစွာကို ရရှိပိုင်ဆို င်ထားတဲ့အပြင် (၂၀၁၈) ခုနှစ်မှာ “တိမ်တိုက်တံတား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Best Actor In Leading Role Award, Star Award ကို ရရှိခဲ့ပါတယ်။

(၂၀၁၈) ခုနှစ်မှာပဲ “မဟူရာရုပ်ရှင်ရုံ” ရုပ်ရှင်ဇာတ်ကားနဲ့ City Critic Movie Award, Best Actor ဆု၊ (၂၀၂၀) ခုနှစ်မှာ Myanmar Pride Award ,Best Actor ဆု စတာတွေကိုလည်း လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဂီတနဲ့ ပက်သတ်ပြီးလည်း (၂၀၁၈) ခုနှစ်က “လရောင်ချော့တေး ” သီချင်းနဲ့ Shwe FM 9th Anniversary ,The Best Theme Song In Film ဆုကို ရရှိပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ဒီကနေ့ စက်တင်ဘာလ (၉) ရက်နေ့ကတော့ နေတိုးရဲ့ မွေးနေ့လေးပဲဖြစ်ပြီး ရခိုင်ပြည်နယ် ၊ မာန်အောင်မြို့ ၊ တောထူရွာလေးကနေ (၁၉၈၁) ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။

နေတိုးဟာ ဒီနေ့မှာတော့ သူ့ရဲ့ အသက် (၃၉) နှစ်ပြည့် မွေးနေ့ကို ကျရောက်တာပဲ ဖြစ်ပါတယ်။ နေတိုးကတော့ သူဖြတ်သန်းခဲ့ရတဲ့ဘဝရဲ့ လေးပုံသုံးပုံစာခန့်ကို အနုပညာနဲ့သာ ဖြတ်သန်းရင်း သူ့ရဲ့ အိမ်ထောင်ဘက်ကို ဒီနေ့ဒီအချိန်ထိ ရှာမတွေ့နိုင်သေးတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။

နေတိုးကတော့ (၃၉) နှစ်ဆိုတဲ့ အရွယ်ကို ရောက်ရှိလာပေမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေရဲ့ အရေးပါတဲ့ ခေါင်းဆောင်မင်းသားနေရာမှာတော့ ဒီနေ့ဒီအချိန်ထိ သူတစ်ဦးတည်းသာ လွှမ်းမိုးထားနိုင်ဆဲပဲ ဖြစ်ပါတယ်။

နေတိုးတစ်ယောက် မွေးနေ့ကစ ပရိသတ်ချစ်တဲ့ အနုပညာအလုပ်တွေကိုအကြာကြီး ဆက်လက်လုပ်ကိုင်ရင်း ဖူးစာရှင်လေးနဲ့လည်း အမြန်ဆုံး ရွှေလက်တွဲနိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း ပေး လိုက်ရပါတယ်။ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *