သင္မသိေသးတဲ့ အိမ္သံုးဆားရဲ႕ အျခားအသံုး၀င္ပံုမ်ား

ခ်က္ျပဳတ္ဖို႕တင္မဟုတ္ဘဲ သင္မသိေသးတဲ့ ဆားရဲ႕ အျခားအသံုး၀င္မႈေတြလူေတြသတိမထားမိတဲ့ နည္းလမ္းျဖင့္ ဆားရဲ႕ အသုံးဝင္ပုံမ်ား

ဆားကို ႏွစ္ေပါင္း ၆၀၀၀ေက်ာ္ေလာက္ထဲက ေကာင္းစြာအသုံးျပဳခဲ့ၾကပါတယ္။ အစားအစာေတြ ခ်က္ျပဳတ္ဖို႔အတြက္ အစားအစာအမ်ိဳးမ်ိဳးကို ထိန္းသိမ္းဖို႔အတြက္၊ မီးေလာင္မႈကို ထိန္းခ်ဳပ္ဖို႔နဲ႔ ေလ်ာ့ခ်ဖို႔အတြက္ စတဲ့အေျခအေန အမ်ိဳးမ်ိဳးအတြက္ က်ယ္ျပန႔္စြာ အသုံးျပဳခဲ့ၾကပါတယ္။

ကမာၻတစ္ဝွမ္းက အစားအစာေတြကို ဘာ့ေၾကာင့္ သယ္ယူပို႔ေဆာင္ႏိုင္သလဲဆိုတဲ့ အဓိကအေၾကာင္းရင္းမ်ားထဲက တစ္ခုလည္းျဖစ္ပါတယ္။ ဆားက ေနရာတိုင္းနီးပါးရႏိုင္ၿပီး ေဈးေပါပါတယ္။ဆားကို ဒီထက္ပိုၿပီး ဘယ္လိုနည္းလမ္းေတြနဲ႔ အသုံးျပဳလို႔ရေသးသလဲဆိုတာ ၾကည့္လိုက္ရေအာင္။

၁။ အဝတ္ေဟာင္းေတြကို အေရာင္ျပန္တင္တဲ့အခါအေရာင္လႊင့္ေနတဲ့ အဝတ္ေဟာင္းေတြကို အသစ္လိုေတာက္ပသြားေအာင္ ဆားနဲ႔ စမ္းၾကည့္ႏိုင္ပါတယ္။ ဆား ၄ပုံ၁ပုံထည့္ထားတဲ့ ဆားရည္တစ္ခြက္ထဲမွာ သင္အဝတ္ေတြကို စိမ္ပါ။ ေလွ်ာ္ၿပီးသြားရင္ ရလဒ္ေတြက အံၾသစရာျဖစ္လာမွာပါ။

၂။ ပန္းတုေတြကို သန႔္ရွင္းေရးလုပ္တဲ့အခါ ပလတ္စတစ္အလွပန္းေတြက ၾကာၾကာထားရင္ ဖုန္ေတြတတ္လာတတ္ပါတယ္။ ဒီပန္းအတုေတြကို သန႔္ရွင္းဖို႔အတြက္ အလြယ္နည္းကေတာ့ ပလတ္စတစ္အိတ္ထဲကို ပန္းစြပ္ၿပီး ဆားရည္ထည့္ပါ။ လႈပ္ေပးပါ အဆိုပါဆားက ဖုန္နင့္ ဖုန္မႈန႔္ေတြကို မက်န္ေအာင္ရွင္းလင္းဖယ္ရွားေပးပါလိမ့္မယ္။

၃။ ႏႈတ္ခမ္းနီရာမ်ားကို ဖယ္ရွားဖို႔ long-lasting လိုႏႈတ္ခမ္းနီမ်ားက ေရျဖင့္ေဆးလို႔ မပ်က္ႏိုင္ပါဘူး။ ဖန္ခြက္ေတြ၊ ဖန္ထည္ေတြမွာ ႏႈတ္ခမ္းနီစြန္းေပခဲ့ရင္ ဆားျဖင့္ႏႈတ္ခမ္းနီကို ပြတ္တိုက္ေပးၿပီး ေရျဖင့္ေဆးပါ။ အစြန္းေတြ ပ်က္သြားပါလိမ့္မယ္။

၄။ ေဈးေပါၿပီး ထိေရာက္တဲ့ skin exfoliant ဆားက ေျခာက္ေသြ႕တဲ့အသားအေရကို ဂ႐ုစိုက္ဖို႔ ေ႐ြးခ်ယ္စရာေကာင္းတစ္ခုလည္း ျဖစ္ႏိုင္ပါတယ္။ အေရျပားဆဲလ္ေသေတြကို ဖယ္ရွားၿပီး သင့္ေသြးလည္ပတ္မႈကို ပိုေကာင္းေစပါတယ္။အထူးသျဖင့္ ေရေႏြးျဖင့္ ေရခ်ိဳးၿပီးတဲ့အခ်ိန္မွာ လိမ္းရင္ ပိုထိေရာက္ပါတယ္။ သင့္အသားအေရစိုစြက္ေနတဲ့အခ်ိန္မွာ လိမ္းၿပီး စက္ဝိုင္းပုံေ႐ြ႕လ်ားမႈျဖင့္ ႏွိပ္ေပးရပါမယ္၊ ရလဒ္ပိုေကာင္းခ်င္ရင္ေတာ့ ပင္လယ္ဆားကို အသုံးျပဳပါ။

၅။ သြားတိုက္ေဆးထဲထည့္သုံးလို႔ရပါတယ္ဆားမွာ ဘက္တီးရီးယားဆန႔္က်င္ ဂုဏ္သတၱိမ်ား ရွိတာေၾကာင့္ သြားပိုးေတြကို ကင္းေစပါတယ္။ အစြန္းအထင္းေတြကို ဖယ္ရွားေပးၿပီး သြားေတြကို ျဖဴဝင္းေစပါတယ္။ေန႔ခ်င္းညခ်င္းေတာ့ သင့္သြားျဖဴမွာ မဟုတ္ပါဘူး။ ေရစိုေနတဲ့ သြားတိုက္တံေပၚမွာ ဆားထည့္ၿပီး သင့္သြားေတြကို ညင္သာစြာ တိုက္ေပးလို႔ရသလို သြားတိုက္ေဆးေပၚမွာ ဆားအနည္းငယ္ျဖဴးၿပီး တိုက္ေပးလို႔လည္း ရပါတယ္။

၆။ ၾကက္ဥေကာင္း/မေကာင္း စမ္းသပ္ဖို႔ၾကက္ဥေတြကို ေရခဲေသတၱာထဲ ဝယ္ထည့္ထားၿပီးရင္ ေမ့ေနတတ္ပါတယ္။ ၾကာလာတဲ့အခါ ၾကက္ဥေတြ ေကာင္းမေကာင္းဆိုတာ မသိႏိုင္ပါဘူး။ ၾကက္ဥေတြကို လတ္/မလတ္ ဆားျဖင့္ စမ္းသပ္ၾကည့္ႏိုင္ပါတယ္။ အိမ္သုံးဆား ၂ဇြန္းကို ေရတစ္ခြက္ထဲထည့္ၿပီး ၾကက္ဉကို ထည့္ၾကည့္ပါ။ ခြက္ေအာက္ေျခကို က်သြားရင္ စားလို႔ရပါေသးတယ္၊ ေပါေလာေပၚေနရင္ မစားပါနဲ႔ေတာ့။

၇။ သြားတိုက္တံ ၾကာရွည္ခံေအာင္သြားတိုက္တံအသစ္ကို ၾကာရွည္ခံေအာင္ အသုံးမျပဳခင္ ဆားရည္ထဲမွာ စိမ္ေပးထားပါ။ ၾကာရွည္ခံေစဖို႔ ကူညီေပးပါလိမ့္မယ္။ ဘရပ္ေပၚမွာ ဆားျဖဴးၿပီး ေရထဲမွာ ျမႇဳပ္ထားေပးႏိုင္ပါတယ္။

၈။ ႏႈတ္ခမ္းေတြကို ႏူးညံ့ေခ်ာေမြ႕လာေအာင္ဆားျဖင့္ သင့္အသားအေရႏွင့္ ႏႈတ္ခမ္းကို exfoliatingလုပ္ေပးလို႔ရပါတယ္။ ႏႈတ္ခမ္းေတြ ေျခာက္သြ႕ ၾကမ္းတမ္းတဲ့အခါ ဆားျဖင့္ ညင္သာစြာ ပြတ္တိုက္ေပးပါ။ ၿပီးမွေရျဖင့္ေဆးပါ။

၉။ ပိုက္လိုင္း ပိတ္ေနတဲ့အခါသင့္အိမ္မွာ ေဘစင္ပိုက္ ပိတ္ေနလွ်င္ ဆားခြက္တစ္ဝက္ကို ေလာင္းထည့္ၿပီး ေရေႏြးပူျဖင့္ ေလာင္းခ်ပါ။ ပိုက္ထဲမွာပိတ္ေနတဲ့အရာေတြ က်သြားပါလိမ့္မယ္။

၁၀။ ဝိုင္အစြန္းအထင္းေတြကို ဖယ္ရွားတဲ့အခါအက်ႌ၊ ေကာ္ေဇာေတြပၚမွာ ဝိုင္ေတြဖိတ္က်ရင္ အစြန္းအထင္းေတြ ေမွးမွိန္သြားေအာင္ ပထမဦးဆုံး ေရေလာင္းခ်လိုက္ပါ။ အစြန္းအထင္းေနရာကို ဆားျဖင့္ ဖုံးအုပ္ထားၿပီး ၁၀မိနစ္ ၁၅မိနစ္ေလာက္ေနရင္ ပြတ္တိုက္ေပးပါ။

၁၁။ လည္ေခ်ာင္းနာကို သက္သာေစပါတယ္ ဆားရည္က လည္ေခ်ာင္းနာတာကို သက္သာေစႏိုင္ပါတယ္။ ခြၽဲေတြကို က်ေစၿပီး ေရာင္ရမ္းမႈကို ေလ်ာ့နည္းေစပါတယ္၊ ေရတစ္ဖန္ခြက္ထဲကို ဆားအနည္းငယ္ထည့္ၿပီး ၁မိနစ္ေလာက္ ပလုပ္က်င္းေပးပါ။ဘက္တီးရီးယားဆန႔္က်င္ ဂုဏ္သတၱိမ်ားရွိတာေၾကာင့္ ခံတြင္းက်န္းမာေရးကို ထိန္းသိမ္းေပးႏိုင္ပါတယ္။

၁၂။ ပရိေဘာဂေတြေပၚက watermarks ေတြကို ဖယ္ရွားဖို႔ သစ္သား၊ ႀကိတ္သားနဲ႔ျပဳလုပ္ထားတဲ့ ပရိေဘာဂေတြေပၚမွာ ေကာ္ဖီခြက္ေတြတင္တာ၊ ေရက်တာေတြက အစြန္းအကြက္ေတြကို ျဖစ္ေစပါတယ္။ဒီအစြန္းေတြကို ဖယ္ရွားဖို႔ ခက္ေနရင္ ဆားနည္းနည္းျဖဴးၿပီး ေရျမဳပ္စိုတစ္ခုႏွင့္ ညင္သာစြာ ပြတ္ၾကည့္ပါ။ အစြန္းအကြက္ေတြကို ဖယ္ရွားပစ္ႏိုင္ပါလိမ့္မယ္။ခရက္ဒစ

unicode . . .

ချက်ပြုတ်ဖို့တင်မဟုတ်ဘဲ သင်မသိသေးတဲ့ ဆားရဲ့ အခြားအသုံးဝင်မှုတွေလူတွေသတိမထားမိတဲ့ နည်းလမ်းဖြင့် ဆားရဲ့ အသုံးဝင်ပုံများ

ဆားကို နှစ်ပေါင်း ၆၀၀၀ကျော်လောက်ထဲက ကောင်းစွာအသုံးပြုခဲ့ကြပါတယ်။ အစားအစာတွေ ချက်ပြုတ်ဖို့အတွက် အစားအစာအမျိုးမျိုးကို ထိန်းသိမ်းဖို့အတွက်၊ မီးလောင်မှုကို ထိန်းချုပ်ဖို့နဲ့ လျော့ချဖို့အတွက် စတဲ့အခြေအနေ အမျိုးမျိုးအတွက် ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြပါတယ်။

ကမ္ဘာတစ်ဝှမ်းက အစားအစာတွေကို ဘာ့ကြောင့် သယ်ယူပို့ ဆေ င်နိုင်သလဲဆိုတဲ့ အဓိကအကြောင်းရင်းများထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဆားက နေရာတိုင်းနီးပါးရနိုင်ပြီး ဈေးပေါပါတယ်။ဆားကို ဒီထက်ပိုပြီး ဘယ်လိုနည်းလမ်းတွေနဲ့ အသုံးပြုလို့ရသေးသလဲဆိုတာ ကြည့်လိုက်ရအောင်။

၁။ အဝတ်ဟောင်းတွေကို အရောင်ပြန်တင်တဲ့အခါအရောင်လွှင့်နေတဲ့ အဝတ်ဟောင်းတွေကို အသစ်လိုတောက်ပသွားအောင် ဆားနဲ့ စမ်းကြည့်နိုင်ပါတယ်။ ဆား ၄ပုံ၁ပုံထည့်ထားတဲ့ ဆားရည်တစ်ခွ က်ထဲမှာ သင်အဝတ်တွေကို စိမ်ပါ။ လျှော်ပြီးသွားရင် ရလဒ်တွေက အံသြစရာဖြစ်လာမှာပါ။

၂။ ပန်းတုတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ ပလတ်စတစ်အလှပန်းတွေက ကြာကြာထားရင် ဖုန်တွေတတ်လာတတ်ပါတယ်။ ဒီပန်းအတုတွေကို သန့်ရှင်းဖို့အတွက် အလွယ်နည်းကတော့ ပလတ်စ တစ်အိတ်ထဲကို ပန်းစွပ်ပြီး ဆားရည်ထည့်ပါ။ လှုပ်ပေးပါ အဆိုပါဆားက ဖုန်နင့် ဖုန်မှုန့်တွေကို မကျန်အောင်ရှင်းလင်းဖယ်ရှားပေးပါလိမ့်မယ်။

၃။ နှုတ်ခမ်းနီရာများကို ဖယ်ရှားဖို့ long-lasting လိုနှုတ်ခမ်းနီများက ရေဖြင့်ဆေးလို့ မပျက်နိုင်ပါဘူး။ ဖန်ခွက်တွေ၊ ဖန်ထည်တွေမှာ နှုတ်ခမ်းနီစွန်းပေခဲ့ရင် ဆားဖြင့်နှုတ်ခမ်းနီကို ပွတ်တိုက်ပေ ပြီး ရေဖြင့်ဆေးပါ။ အစွန်းတွေ ပျက်သွားပါလိမ့်မယ်။

၄။ ဈေးပေါပြီး ထိရောက်တဲ့ skin exfoliant ဆားက ခြောက်သွေ့တဲ့အသားအရေကို ဂရုစိုက်ဖို့ ရွေးချယ်စရာကောင်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပြီး သင့်သွေးလည်ပတ်မှုကို ပိုကောင်းစေပါတယ်။အထူးသဖြင့် ရေနွေးဖြင့် ရေချိုးပြီးတဲ့အချိန်မှာ လိမ်းရင် ပိုထိရောက်ပါတယ်။ သင့်အသားအရေ စိုစွက်နေတဲ့အချိန်မှာ လိမ်းပြီး စက်ဝိုင်းပုံရွေ့ လျားမှုဖြင့် နှိပ်ပေးရပါမယ်၊ ရလဒ် ပိုကောင်းချင်ရင်တော့ ပင်လ ယ်ဆားကို အသုံးပြုပါ။

၅။ သွားတိုက်ဆေးထဲထည့်သုံးလို့ရပါတယ်ဆားမှာ ဘက်တီးရီးယားဆန့်ကျင် ဂုဏ်သတ္တိများ ရှိတာကြောင့် သွားပိုးတွေကို ကင်းစေပါတယ်။ အစွန်းအထင်းတွေကို ဖယ်ရှားပေးပြီး သွားတွေကို ဖြူဝင်းစေပါတယ်။နေ့ချင်းညချင်းတော့ သင့်သွားဖြူမှာ မဟုတ်ပါဘူး။ ရေစိုနေတဲ့ သွားတိုက်တံပေါ်မှာ ဆားထည့်ပြီး သင့်သွားတွေကို ညင်သာစွာ တိုက်ပေးလို့ရသလို သွားတိုက်ဆေးပေါ်မှာ ဆားအနည်းငယ်ဖြူးပြီး တိုက်ပေးလို့လည်း ရပါတယ်။

၆။ ကြက်ဥကောင်း/မကောင်း စမ်းသပ်ဖို့ ကြက်ဥတွေကို ရေခဲ သေတ္တာထဲ ဝယ်ထည့်ထားပြီးရင် မေ့နေတတ်ပါတယ်။ ကြာလာတဲ့အခါ ကြက်ဥတွေ ကောင်းမကောင်းဆိုတာ မသိနိုင်ပါဘူး။ ကြက် ဥတွေကို လတ်/မလတ် ဆားဖြင့် စမ်းသပ်ကြည့်နိုင်ပါတယ်။ အိမ်သုံးဆား ၂ဇွန်းကို ရေတစ်ခွက်ထဲထည့်ပြီး ကြက်ဉကို ထည့်ကြည့် ပါ။ ခွက်အောက်ခြေကို ကျသွားရင် စားလို့ရပါသေးတယ်၊ ပေါ လောပေါ်နေရင် မစားပါနဲ့တော့။

၇။ သွားတိုက်တံ ကြာရှည်ခံအောင် သွားတိုက်တံ အသစ်ကို ကြာ ရှည်ခံအောင် အသုံးမပြုခင် ဆားရည်ထဲမှာ စိမ်ပေးထားပါ။ ကြ ရှည်ခံစေဖို့ ကူညီပေးပါလိမ့်မယ်။ ဘရပ်ပေါ်မှာ ဆားဖြူးပြီး ရေထဲမှာ မြှုပ်ထားပေးနိုင်ပါတယ်။

၈။ နှုတ်ခမ်းတွေကို နူးညံ့ချောမွေ့လာအောင် ဆားဖြင့် သင့်အသားအရေနှင့် နှုတ်ခမ်းကို exfoliatingလုပ်ပေးလို့ရပါတယ်။ နှုတ်ခမ်းတွေ ခြောက်သွ့ ကြမ်းတမ်းတဲ့အခါ ဆားဖြင့် ညင်သာစွာ ပွတ်တိုက်ပေးပါ။ ပြီးမှရေဖြင့်ဆေးပါ။

၉။ ပိုက်လိုင်း ပိတ်နေတဲ့ အခါသင့်အိမ်မှာ ဘေစင်ပိုက် ပိတ်နေလျှင် ဆားခွက်တစ်ဝက်ကို လောင်းထည့်ပြီး ရေနွေးပူဖြင့်လောင်းချပါ။ ပိုက်ထဲမှာပိတ်နေတဲ့အရာတွေ ကျသွားပါလိမ့်မယ်။

၁၀။ ဝိုင်အစွန်းအထင်းတွေကို ဖယ်ရှားတဲ့အခါအကျႌ၊ ကော်ဇောတွေပါ်မှာ ဝိုင်တွေဖိတ်ကျရင် အစွန်းအထင်းတွေ မှေးမှိန်သွားအေ င် ပထမဦးဆုံး ရေလောင်းချလိုက်ပါ။ အစွန်းအထင်း နေရာကို ဆားဖြင့် ဖုံးအုပ်ထားပြီး ၁၀မိနစ် ၁၅မိနစ်လောက်နေရင် ပွတ်တို က်ပေးပါ။

၁၁။ လည်ချောင်းနာကို သက်သာစေပါတယ် ဆားရည်က လည် ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ချွဲတွေကို ကျစေပြီး ရောင်ရမ်းမှုကို လျော့နည်းစေပါတယ်၊ ရေတစ်ဖန်ခွက်ထဲကို ဆားအနည်းငယ်ထည့်ပြီး ၁မိနစ်လောက် ပလုပ်ကျင်းပေးပါ။ဘက်တီးရီးယားဆန့်ကျင် ဂုဏ်သတ္တိများရှိတာကြောင့် ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။

၁၂။ ပရိဘောဂတွေပေါ်က watermarks တွေကို ဖယ်ရှားဖို့ သစ်သား၊ ကြိတ်သားနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂတွေပေါ်မှာ ကော်ဖီခွက်တွေတင်တာ၊ ရေကျတာတွေက အစွန်းအကွက်တွေကို ဖြစ်စေပါတယ်။ဒီအစွန်းတွေကို ဖယ်ရှားဖို့ ခက်နေရင် ဆားနည်းနည်းဖြူးပြီး ရေမြုပ်စိုတစ်ခုနှင့် ညင်သာစွာ ပွတ်ကြည့်ပါ။ အစွန်းအကွက်တွေကို ဖယ်ရှားပစ်နိုင်ပါလိမ့်မယ်။ခရက်ဒစ်