ေရကူးကန္၊ နံရံေတြပါမက်န္ ဟိုတယ္တစ္ခုလံုး ေရႊခ်ထားတဲ့ ဗီယက္နမ္က ေရႊဟိုတယ္ႀကီး

ေရကူးကန္၊ နံရံေတြပါမက်န္ ဟိုတယ္တစ္ခုလံုး ေရႊခ်ထားတဲ့ ဗီယက္နမ္က ေရႊဟိုတယ္ႀကီး

ေရႊဆိုတာ ကမၻာေပၚမွာ တန္ဖိုးႀကီးၿပီး ျမတ္ႏိုးၾကရတဲ့ သတၱဳတစ္မ်ိဳးေပပဲမဟုတ္ဘူးလား။ ဒီလို တန္ဖိုးႀကီးလွတဲ့ ေရႊကို ဟိုတယ္တစ္ခုလံုးမွာ မ်က္စိတစ္ဆံုးေတြ႕ရမယ္ဆိုရင္ေရာ။လို ေရႊအတိျဖစ္ေနတဲ့ဟိုတယ္ႀကီးကိုေတာ့ ဗီယက္နမ္ႏုိင္ငံ၊ ဟန္ႏိြဳင္းၿမိဳ႕မွာ ဖြင့္လွစ္လိုက္ခဲ့ပါၿပီ။

ဟိုတယ္နာမည္ကေတာ့ Dolce Hanoi Golden Lake ဟိုတယ္ျဖစ္ၿပီး ၾကယ္ငါးပြင့္အဆင့္ရွိေနပါတယ္တဲ့။Dolce ဟိုတယ္မွာဆိုရင္ ဧည့္သည္ေတြအေနဲ႔ မ်က္စိအက်ဆံုးကေတာ့ ေရႊေရကူးကန္ႀကီးပါတဲ့။ ေရကူးကန္ရဲ႕ ေအာက္ေျခနဲ႔ နံရံေတြမွာ သံုးထားတဲ့ ေၾကြျပားေတြဟာ ေရႊျပားေတြနဲ႔ ျပဳလုပ္ထားခဲ့တာျဖစ္ပါတယ္။

ေနာက္ လူစိတ္ဝင္စားမႈအခံရဆံုး အျပင္အဆင္ကေတာ့ အိမ္သာကမုတ္ေတြပါပဲ။ အရင္တုန္းက ဒူဘုိင္းမွာ ေရႊအိမ္သာရွိတယ္ဆိုတုန္းက လူေတြ တအားစိတ္ဝင္စားခဲ့ၾကေပမယ့္ တကယ္တမ္း ကိုယ္တုိင္ကုိယ္က် မစမ္းသပ္ႏိုင္ခဲ့ေပမယ့္ ဒီ Dolce ဟိုတယ္မွာေတာ့ ေရႊအိမ္သာကို ဟိုတယ္မွာတည္းရင္း စမ္းသပ္ႏုိင္ပါတယ္။

ဒီအျပင္ Dolce ဟိုတယ္ရဲ႕အျပင္ဖက္ နံရံေတြဟာလည္း ေရႊေရာင္အတိျဖစ္ေနၿပီး အတြင္းပိုင္းမွာရွိေနတဲ့ တံခါးေတြနဲ႔ နံရံေတြမွာဆုိရင္လည္း ေရႊနဲ႔ျပဳလုပ္ထားတဲ့ ကႏုတ္လက္ရာေတြကို ရင္သပ္ရႈေမာဖြယ္ျမင္ေတြ႕ရမွာပါ။

ဒီဟိုတယ္တစ္ခုလံုးကို ေဆာက္ဖို႔အတြက္ ယူရိုေငြ သန္းေပါင္း ၁၆၀ ေတာင္ သံုးထားတယ္လို႔ သိထားရပါတယ္က္ေရႊေတြမ်ားၿပီး ေဆာက္လုပ္မႈတန္ဖိုးႀကီးတဲ့ ေရႊဟိုတယ္ဆိုလို႔ Dolce ပဲရွိပါတယ္လို႔ ယူေကသတင္းမီဒီယာ Daily Mail မွာေဖာ္ျပခဲ့ပါတယ္။ credit

unicode . . .

ရေကူးကန်၊ နံရံတွေပါမကျန် ဟိုတယ်တစ်ခုလုံး ရွှေချထားတဲ့ ဗီယက်နမ်က ရွှေဟိုတယ်ကြီး

ရွှေဆိုတာ ကမ္ဘာပေါ်မှာ တန်ဖိုးကြီးပြီး မြတ်နိုးကြရတဲ့ သတ္တုတစ်မျိုးပေပဲမဟုတ်ဘူးလား။ ဒီလို တန်ဖိုးကြီးလှတဲ့ ရွှေကို ဟိုတယ်တစ်ခုလုံးမှာ မျက်စိတစ်ဆုံးတွေ့ရမယ်ဆိုရင်ရော။လို ရွှေအတိဖြစ်နေတဲ့ဟိုတယ်ကြီးကိုတော့ ဗီယက်နမ်နိုင်ငံ၊ ဟန်နွိုင်းမြို့မှာ ဖွင့်လှစ်လိုက်ခဲ့ပါပြီ။

ဟိုတယ်နာမည်ကတော့ Dolce Hanoi Golden Lake ဟိုတယ်ဖြစ်ပြီး ကြယ်ငါးပွင့်အဆင့်ရှိနေပါတယ်တဲ့။Dolce ဟိုတယ်မှာဆိုရင် ဧည့်သည်တွေအနေဲ့ မျက်စိအကျဆုံးကတော့ ရွှေရေကူးကန်ကြီးပါတဲ့။ ရေကူးကန်ရဲ့ အောက်ခြေနဲ့ နံရံတွေမှာ သုံးထားတဲ့ ကြွေပြားတွေဟာ ရွှေပြားတွေနဲ့ ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။

နောက် လူစိတ်ဝင်စားမှုအခံရဆုံး အပြင်အဆင်ကတော့ အိမ်သာကမုတ်တွေပါပဲ။ အရင်တုန်းက ဒူဘိုင်းမှာ ရွှေအိမ်သာရှိတယ်ဆိုတုန်းက လူတွေ တအားစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်း ကိုယ်တိုင်ကိုယ်ကျ မစမ်းသပ်နိုင်ခဲ့ပေမယ့် ဒီ Dolce ဟိုတယ်မှာတော့ ရွှေအိမ်သာကို ဟိုတယ်မှာတည်းရင်း စမ်းသပ်နိုင်ပါတယ်။

ဒီအပြင် Dolce ဟိုတယ်ရဲ့အပြင်ဖက် နံရံတွေဟာလည်း ရွှေ ရောင်အတိဖြစ်နေပြီး အတွင်းပိုင်းမှာရှိနေတဲ့ တံခါးတွေနဲ့ နံရံတွေမှာဆိုရင်လည်း ရွှေနဲ့ပြုလုပ်ထားတဲ့ ကနုတ်လက်ရာတွေကို ရင် သပ်ရှုမောဖွယ်မြင်တွေ့ရမှာပါ။

ဒီဟိုတယ်တစ်ခုလုံးကို ဆောက်ဖို့အတွက် ယူရိုငွေ သန်းပေါင်း ၁၆၀ တောင် သုံးထားတယ်လို့ သိထားရပါတယ်က်ရွှေတွေများပြီး ဆောက်လုပ်မှုတန်ဖိုးကြီးတဲ့ ရွှေဟိုတယ်ဆိုလို့ Dolce ပဲရှိပါတယ်လို့ ယူကေသတင်းမီဒီယာ Daily Mail မှာဖော်ပြခဲ့ပါတယ်။ credit