ကမၻာႀကီးေပၚက တန္ဖိုးအႀကီးဆုံး စာရင္းထဲမွာ ရွိေနတဲ့ အဖိုးတန္ အရာဝတၳဳမ်ာအေျကာင္း

ကမၻာႀကီးေပၚက တန္ဖိုးအႀကီးဆုံး စာရင္းထဲမွာ ရွိေနတဲ့ အဖိုးတန္ အရာဝတၳဳမ်ား

ကမၻာႀကီးေပၚမွာ တန္ဖိုးအႀကီးဆုံး အျဖစ္ သတ္မွတ္ခံထားရတဲ့ အရာဝတၳဳေတြအေၾကာင္းကို ေျပာျပေပးမွာပဲ ျဖစ္ပါတယ္။ အရင္က ေရႊကို ေဈးအႀကီးဆုံးလို့ ထင္ရေပမယ့္ ေရႊထက္တန္ဖိုးႀကီးတာေတြလည္း ရွိေနလို့ ဗဟုသုတရေစရန္ မ်ွေဝေပးလိုက္ပါတယ္။

ပလူတိုနီယမ္ ( ၁ ဂရမ္ = ေဒၚလာ ၄၀၀၀ )ေလးလံတဲ့ အျပင္ က်ိဳးပဲ့လြယ္တဲ့ ပလူနီယမ္ကေတာ့ ေရဒီယိုသတၱိႂကြ သတၳဳတစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ပလူတိုနီယမ္ကို အမ်ားဆုံးသုံးျပဳၾကတာက နယူးကလီးယား ထုတ္လုပ္ေရးနဲ႔ အာကာသယာဥ္ေတြ ေမာင္းႏွင္တဲ့အခါ လိုအပ္အတြက္ ေလာင္စာဆီအတြက္ အသုံးျပဳၾကတာပဲ ျဖစ္ပါတယ္။

Painite ( ၁ ဂရမ္ = ေဒၚလာ ၉၀၀၀ )အလြန္ရွားပါးၿပီး ေတြ႕ရခဲတဲ့ ေက်ာက္တုံး အမ်ိဳးစား ျဖစ္ၿပီး အေစာပိုင္းေတြတုန္းက လူအနည္းငယ္ေလာက္သာ ဒီေက်ာက္တုံးေတြ တစ္ကယ္ရွိမွန္း သိခဲ့ၾကတာပါ။ သူ႔ရဲ့ အေရာင္ဟာ လိေမၼာ္ေရာင္ ဒါမွမဟုတ္ အနီညိဳ အရင့္ေရာင္ ရွိၿပီး အခုျမင္ေနရတဲ့ ေက်ာက္တုံးကေတာ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၆၅ ႏွစ္ေလာက္တုန္းက ရွာေဖြ ေတြ႕ရွိခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ယခုအခ်ိန္မွာေတာ့ ဒီလိုေက်ာက္အမ်ိဳးအစား ၂၀၀ ေလာက္ ရွိေနပါၿပီ။

Taaffeite ( ၁ ဂရမ္ = ေဒၚလာ ၂၀၀၀၀ (သို့) ၁ ကာရက္ = ေဒၚလာ ၄၀၀၀ )ဒီေက်ာက္အမ်ိဳးစားဟာလည္း ရွားပါးေက်ာက္အမ်ိဳးအစားျဖစ္ၿပီး အေရာင္ကေတာ့ ခရမ္းေရာင္ ၊ အနီေရာင္ (သို့ ) အျဖဴေရာင္တို့ပဲ ျဖစ္ပါတယ္။ စိန္ထက္ အဆသန္းေပါင္းမ်ားစြာ ရွားပါးၿပီး ေတြ႕ရဖို့လည္း အလြန္ခဲယဥ္းပါတယ္။ ေက်ာက္အရိုင္းပုံစံကိုက ထူးျခားလြန္းၿပီး လတ္ဝတ္ရတနာအျဖစ္ ပုံေဖာ္လိုက္ၿပီဆိုရင္ ပိုၿပီး ၾကည္လို့ေကာင္းသြားတာေၾကာင့္ အခုလိုမ်ိဳးေဈးႀကီးေနရတာလည္း ျဖစ္ပါတယ္။

စိန္ ( ၁ ဂရမ္ = ၅၅၀၀၀ ေဒၚလာ )ကမၻာေပၚမွာ တန္ဖိုးအရွိဆုံး ေက်ာက္မ်က္ရတနာ ကေတာ့ စိန္ပဲ ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြ အႀကိဳက္ဆုံး ေက်ာက္ရတနာျဖစ္တယ္လို့ စစ္တမ္းေတြက ေဖာ္ျပထားႀကီး တန္ဖိုးကလည္း ႀကီးလြန္းလွပါတယ္။

Californium ( ၁ ဂရမ္ = ေဒၚလာ ၂၇သိန္း )ကမၻာေပၚမွာ တန္ဖိုးအႀကီးမားဆုံး ဓာတု ျဒပ္စင္ကေတာ့ Californium ပဲ ျဖစ္ပါတယ္။ ဓာတ္စုေပါင္းမွုေတြကေန ျဖစ္ေပၚလာတဲ့ ျဒပ္စင္ျဖစ္ၿပီး ၁၉၅၀ ကေန ယေန႔အခ်ိန္အထိ တစ္ႀကိမ္သာ ရွာေဖြ ေတြ႕ရွိခဲ့တာလည္း ျဖစ္ပါတယ္။

Antimatter ( ေဒၚလာ သိန္း ၆၂၀၀ )ေနာက္ဆုံးတစ္ခုကေတာ့ ကမၻာေပၚမွာ တန္ဖိုးအႀကီးမားဆုံး အရာဝတၳဳျဖစ္ၿပီး Antimatter လို့လည္း ေခၚၾကပါတယ္။ Antimatter ဆိုတာ အလြန္အားေကာင္းတဲ့ ဓာတ္စင္တစ္ခုျဖစ္ၿပီး အနာဂတ္ကာလေတြမွာ အာကာသယာဥ္ေတြ အတြက္ လိုအပ္တဲ့ စြမ္းအင္ေလာင္စာ အျဖစ္ အသုံးျပဳဖို့ ေရြးခ်ယ္ထားၾကတာလည္း ျဖစ္ပါတယ္။ ပမာဏ အနည္းငယ္ဆိုရင္ေတာ့ အႏၲရာယ္မရွိေပမယ့္ ပမာဏမ်ားမယ္ဆိုရင္ေတာ့ ဂမ္မာေရာင္ျခည္လိုမ်ိဳး လူေတြ အတြက္ ေဘးထြက္ဆိုးက်ိဳး အေတာ္ေလးကို ျဖစ္ေစနိုင္ပါတယ္။

ေဒၚလာ သိန္း ၁၇၀ တန္တဲ့ ေက်ာက္စိမ္းျမန္မာနိုင္ငံ ကခ်င္ျပည္နယ္မွာ တူးေဖာ္ေတြ႕ရွိခဲ့တဲ့ ေက်ာက္စိမ္းတုံးႀကီးဟာဆိုရင္ ကမၻာ့အႀကီးဆုံး ေက်ာက္စိမ္းတုံးႀကီး အျဖစ္ စာရင္းဝင္ထားတာလည္း ျဖစ္ပါတယ္။ ေက်ာက္စိမ္းတုံးႀကီးရဲ့ အရြယ္အစားဟာ အျမင့္ ၁၄ေပ နဲ႔ အရွည္ ၁၉ ေပ ရွိၿပီး အေလးခ်ိန္ကေတာ့ တန္ ၂၀၀ ေက်ာ္ပါတယ္။ ဒီေက်ာက္စိမ္းတုံးႀကီးကိုေတာ့ တ႐ုတ္နိုင္ငံက ဝယ္ယူသြားခဲ့တာျဖစ္ၿပီး တူးေဖာ္ေတြ႕ရွိတဲ့ ေက်ာက္မ်က္ရတနာေတြထဲမွာ တန္ဖိုးအႀကီးဆုံး ေက်ာက္မ်က္ရတနာ အျဖစ္ စာရင္းဝင္သြားပါတယ္။အခုေဖာ္ျပေပးထားတာေတြကေတာ့ ကမၻာႀကီးေပၚက တန္ဖိုးႀကီးမားတဲ့ အရာဝတၳဳေတြကို စုစည္းေဖာ္ျပေပးထားတာပဲ ျဖစ္ပါတယ္။source :Shwe Khit Online TV

unicode . . .

ကမ္ဘာကြီးပေါ်က တန်ဖိုးအကြီးဆုံး စာရင်းထဲမှာ ရှိနေတဲ့ အဖိုးတန် အရာဝတ္ထုများ

ကမ္ဘာကြီးပေါ်မှာ တန်ဖိုးအကြီးဆုံး အဖြစ် သတ်မှတ်ခံထားရတဲ့ အရာဝတ္ထုတွေအကြောင်းကို ပြောပြပေးမှာပဲ ဖြစ်ပါတယ်။ အရင်က ရွှေကို ဈေးအကြီးဆုံးလို့ ထင်ရပေမယ့် ရွှေထက်တန်ဖိုးကြီးတာတွေလည်း ရှိနေလို့ ဗဟုသုတရစေရန် မျှဝေပေးလိုက်ပါတယ်။

ပလူတိုနီယမ် ( ၁ ဂရမ် = ဒေါ်လာ ၄၀၀၀ )လေးလံတဲ့ အပြင် ကျိုးပဲ့လွယ်တဲ့ ပလူနီယမ်ကတော့ ရေဒီယိုသတ္တိကြွ သတ္ထုတစ်မျိုးပဲ ဖြစ်ပါတယ်။ ပလူတိုနီယမ်ကို အများဆုံးသုံးပြုကြတာက နယူးကလီးယား ထုတ်လုပ်ရေးနဲ့ အာကာသယာဉ်တွေ မောင်းနှင်တဲ့အခါ လိုအပ်အတွက် လောင်စာဆီအတွက် အသုံးပြုကြတာပဲ ဖြစ်ပါတယ်။

Painite ( ၁ ဂရမ် = ဒေါ်လာ ၉၀၀၀ )အလွန်ရှားပါးပြီး တွေ့ရခဲတဲ့ ကျောက်တုံး အမျိုးစား ဖြစ်ပြီး အစောပိုင်းတွေတုန်းက လူအနည်းငယ်လောက်သာ ဒီကျောက်တုံးတွေ တစ်ကယ်ရှိမှန်း သိခဲ့ကြတာပါ။ သူ့ရဲ့ အရောင်ဟာ လိမ္မော်ရောင် ဒါမှမဟုတ် အနီညို အရင့်ရောင် ရှိပြီး အခုမြင်နေရတဲ့ ကျောက်တုံးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ နှစ်လောက်တုန်းက ရှာဖွေ တွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ဒီလိုကျောက်အမျိုးအစား ၂၀၀ လောက် ရှိနေပါပြီ။

Taaffeite ( ၁ ဂရမ် = ဒေါ်လာ ၂၀၀၀၀ (သို့) ၁ ကာရက် = ဒေါ်လာ ၄၀၀၀ )ဒီကျောက်အမျိုးစားဟာလည်း ရှားပါးကျောက်အမျိုးအစားဖြစ်ပြီး အရောင်ကတော့ ခရမ်းရောင် ၊ အနီရောင် (သို့ ) အဖြူရောင်တို့ပဲ ဖြစ်ပါတယ်။ စိန်ထက် အဆသန်းပေါင်းများစွာ ရှားပါးပြီး တွေ့ရဖို့လည်း အလွန်ခဲယဉ်းပါတယ်။ ကျောက်အရိုင်းပုံစံကိုက ထူးခြားလွန်းပြီး လတ်ဝတ်ရတနာအဖြစ် ပုံဖော်လိုက်ပြီဆိုရင် ပိုပြီး ကြည်လို့ကောင်းသွားတာကြောင့် အခုလိုမျိုးဈေးကြီးနေရတာလည်း ဖြစ်ပါတယ်။

စိန် ( ၁ ဂရမ် = ၅၅၀၀၀ ဒေါ်လာ )ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ကျောက်မျက်ရတနာ ကတော့ စိန်ပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ အကြိုက်ဆုံး ကျောက်ရတနာဖြစ်တယ်လို့ စစ်တမ်းတွေက ဖော်ပြထားကြီး တန်ဖိုးကလည်း ကြီးလွန်းလှပါတယ်။

Californium ( ၁ ဂရမ် = ဒေါ်လာ ၂၇သိန်း )ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးမားဆုံး ဓာတု ဒြပ်စင်ကတော့ Californium ပဲ ဖြစ်ပါတယ်။ ဓာတ်စုပေါင်းမှုတွေကနေ ဖြစ်ပေါ်လာတဲ့ ဒြပ်စင်ဖြစ်ပြီး ၁၉၅၀ ကနေ ယနေ့အချိန်အထိ တစ်ကြိမ်သာ ရှာဖွေ တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

Antimatter ( ဒေါ်လာ သိန်း ၆၂၀၀ )နောက်ဆုံးတစ်ခုက တော့ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးမားဆုံး အရာဝတ္ထုဖြစ်ပြီး Antimatter လို့လည်း ခေါ်ကြပါတယ်။ Antimatter ဆိုတာ အလွန်အားကောင်းတဲ့ ဓာတ်စင်တစ်ခုဖြစ်ပြီး အနာဂတ် ကာလတွေမှာ အာကာသယာဉ်တွေ အတွက် လိုအပ်တဲ့ စွမ်းအင်လောင်စာ အဖြစ် အသုံးပြုဖို့ ရွေးချယ်ထားကြတာလည်း ဖြစ်ပါတယ်။ ပမာဏ အနည်းငယ်ဆိုရင်တော့ အန္တရာယ်မရှိပေမယ့် ပ မာဏများမယ်ဆိုရင်တော့ ဂမ်မာရောင်ခြည်လိုမျိုး လူတွေ အတွ က် ဘေးထွက်ဆိုးကျိုး အတော်လေးကို ဖြစ်စေနိုင်ပါတယ်။

ဒေါ်လာ သိန်း ၁၇၀ တန်တဲ့ ကျောက်စိမ်းမြန်မာနိုင်ငံ ကချင်ပြည် နယ်မှာ တူးဖော်တွေ့ရှိခဲ့တဲ့ ကျောက်စိမ်းတုံးကြီးဟာဆိုရင် ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီး အဖြစ် စာရင်းဝင်ထားတာလည်း ဖြစ်ပါတယ်။ ကျောက်စိမ်းတုံးကြီးရဲ့ အရွယ်အစားဟာ အမြင့် ၁၄ပေ နဲ့ အရှည် ၁၉ ပေ ရှိပြီး အလေးချိန်ကတော့ တန် ၂၀၀ ကျော်ပါတယ်။ ဒီကျောက်စိမ်းတုံးကြီးကိုတော့ တရုတ်နိုင်ငံက ဝယ်ယူသွားခဲ့တာဖြစ်ပြီး တူးဖော်တွေ့ရှိတဲ့ ကျောက်မျက်ရတ နာတွေထဲမှာ တန်ဖိုးအကြီးဆုံး ကျောက်မျက်ရတနာ အဖြစ် စာ ရင်းဝင်သွားပါတယ်။အခုဖော်ပြပေးထားတာတွေကတော့ ကမ္ဘာကြီးပေါ်က တန်ဖိုးကြီးမားတဲ့ အရာဝတ္ထုတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ source :Shwe Khit Online TV